Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“သမိုင်း၏ တရားခံ (အပိုင်း-၆)” ဝီရသူ(မစိုးရိမ်)

$
0
0
အိုးဘိုထောင်ထဲမှာ ရေးခဲ့တဲ့ စာလေးပါ။
၂၀၁၂ လွတ်လာတော့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ၄င်းမှ တစ်ဆင့် တောရောမြို့ပါ သူ့နည်းသူ့ဟန်နှင့် ပျံ့နှံ့ခဲ့ပါတယ်။
မိုးမခ ဝက်ဘ်ဆိုဒ်မှာ E-Book အဖြစ် အမြဲတင်ထားပြီး ၂၀၁၃ ဖေဖဝါရီလမှာ ပုံနှိပ်ထုတ်ဝေ ခဲ့ပါတယ်။
၂၀၁၄ မှာတော့ နိုင်ငံတော်သံဃမဟာနာယက၏ ညွှန်ကြားချက်ကြောင့် တိုက်တာအကြီးအကဲ ဆရာတော်ကြီးများက ခေါ်ယူ သတိပေးခံရတဲ့ လက်ရာလေးပါ။
၂၀၀၃ ခုနှစ်အထိသာ သုံးသပ် ရေးသားနိုင်ခဲ့သေးတာပါ။ ဒီနာမည်ကြောင့် နိုင်ငံရေးမှာလည်း သမိုင်းရဲ့ တရားခံ အဖြစ် စစ်အစိုးရကို ဝေဖန်ရေးသားဖို့ တိုက်တွန်းသူများတောင် ရှိပါတယ်။
အရှုပ်တွေလုပ်နေလို့ အလုပ်တွေရှုပ်နေတာကြောင့် ဝါသနာပါတဲ့ စာရေးခြင်းကို မသက်မသာဖြင့် အောင့်အီးနေရတာကြောင့် စာရေးဖို့နေနေသာသာ ထောင်ထဲမှာရေးခဲ့တဲ့ စာတွေတောင် ကုန်အောင် ထုတ်ချိန် မရခဲ့ပါဘူး။
အမျိုးစောင့်ဥပဒေပေါ်ပေါက်လာရင်တော့ ဝီရသူ ကုလားတရားဟောစရာမလိုတော့ဘူးလေ။ အဲဒီကျမှပဲ အတိုးချ ရေးသားရပါတော့မယ်။
ယခု သန္တိသုခအရေးတော်ပုံကြောင့် လူ့အဖွဲ့အစည်းကိုသာမက သံဃာ့အဖွဲ့အစည်းကိုပါ ပြုပြင် ပြောင်းလဲရတော့မယ်ဆိုတာ တတစ်ကမ္ဘာလုံးက သိလာကြပါပြီ။
နည်းနည်းလေး အထောက်အကူဖြစ်ဖြစ် ဒါလေးကို ပြန်ဖတ်ကြည့်စေချင်ပါတယ်။ သမိုင်းမှာ တရားခံ မဖြစ်စေချင်ပါဘူး။
ဝီရသူ(မစိုးရိမ်)
17.6.2014
PM 6:12





“အချင်းချင်းအပေါ် အဆိပ်ပြင်းသူ”
ထိုသို့သာသနာတော်မှာ အငြင်းပွားစေမည့် သာသနာတော်အတွက် အကျိုးမများသည့် အဓမ္မဝါဒ သမားများကို ပြတ်ပြတ်သားသား ဆုံးမအရေးယူရာ၌ အစွယ်မထက်ကြသော်လည်း ကိုယ့်အချင်းချင်းအပေါ် တော့ အဆိပ်ပြင်းတတ်ကြလေသည်။ ကျွန်ုပ်သည် ကမ္ဘာအေးသာသနာရေးဌာနသို့ သွားရောက်၍ ဝန်ခံကတိ လက်မှတ်ရေးထိုးခဲ့ဖူးလေသည်။ “နောက်နောင် သာသနာရေးဌာန၏ ခွင့်ပြုချက်မရဘဲ စာအုပ်ရေးသားခြင်း ထုတ်ဝေခြင်းမပြုလုပ်ပါ” ဟု ဝန်ခံလက်မှတ် ရေးထိုးခဲ့ရခြင်းဖြစ်၏။ လက်မှတ်မထိုးမီ ကျွန်ုပ်က “ဒုတိယ စာအုပ်ကို ကျောက်သင်္ဘောဝါဒ ဝိနိစ္ဆယစာအုပ်အတိုင်း ရေးသားပါမည်၊ ဒုတိယစာအုပ်ကို ခွင့်ပြုချက်ပေးမည့် အကြောင်း ဆရာတော်က ကတိပြုပါမှ လက်မှတ်ရေးထိုးနိုင်ပါမည်ဘုရား” ဟု လျှောက်လေသည်။ ထိုအခါ ဆရာတော်တစ်ပါးက “မူဝါဒ စည်းကမ်းနှင့်အညီရေးသားက ခွင့်ပြုမည်” ဟု မိန့်ပါသည်။
ကျွန်ုပ်က ဆရာတော်တို့မူဝါဒ၌ (တန့်ကြည့်တောင်) နာမည် တိုက်ရိုက်သုံးခွင့်မပြုပါ။ တပည့်တော် စာအုပ်က နာမည်တိုက်ရိုက်သုံးမှ အဓမ္မဝါဒမှန်း သိနိုင်မည့်နေရာ၌ နာမည်တိုက်ရိုက်သုံးစွဲထားသည့် စာအုပ် ဖြစ်ပါသည်။ ထိုအခါ ဆရာတော်တစ်ပါးက “သုံးလျှင်လည်း သိမ်သိမ်မွေ့မွေ့သုံး” ဟု မိန့်ပါသည်။ ကျွန်ုပ်လည်း ဆရာတော်ကြီးများ ကတိတည်လိမ့်မည်ဟု ယုံကြည်ကာ လက်မှတ်ရေးထိုးခဲ့ပေသည်။
ဒုတိယစာအုပ် ပရိယတ္တိရွှေချိန်ခွင် စာမူတင်သည့်အခါ ဆရာတော်ကြီးများက ချမပေးဘဲ ကြေး(ဂျီး) များနေပေသည်။ မူဘောင်အတိုင်းကိုင်ထားကြလေသည်။ ၄င်းတို့ ခွင့်ပြုချက်အတိုင်း ညင်သာစွာ သုံးစွဲထား ပါလျက် “နာမည်တွေပါလို့ မူဝါဒနှင့်မညီ” ဟု ဆိုကာ ပယ်ချလိုက်ကြလေသည်။ သို့ဖြင့် ကျွန်ုပ်လည်း ကျွန်ုပ် ဘက်က အမှားအယွင်းမရှိရလေအောင် နာမည်များကို ဖျက်၍ နာမည်များနေရာ၌ ကွက်လပ်ချန်ကာ ဒုတိယအကြိမ် ပြန်လည် တင်လျှောက်ရလေသည်။ ဒုတိယအကြိမ်၌လည်း စာမူချမပေးပေ။ ထိုအခါ သူဋ္ဌေးတန်းဆရာတော်နှင့် ကသာဆရာတော်တို့က ကျမ်းစာဌာနရှိ အရာရှိများထံသွားကာ အဆိုပြုကြ လေသည်။ ကျမ်းစာဌာနရှိ လူပုဂ္ဂိုလ်များသည် ဆရာတော်နှစ်ပါးကို မလွန်ဆန်လို၍ တာဝန်ကျ အဓိပတိ ဆရာတော်ကြီးများထံ စာမူတင်လိုက်လေသည်။ ထိုဆရာတော်ကြီးသည် သာသနာသန့်ရှင်းရေး ပြဿနာ၌ ကျွန်ုပ်အား တစ်ဖက်သက်အထင်လွကြာ အမျက်တော်ထားသူဖြစ်သည့်အလျောက် စာမူကို ပယ်ချပြန်လေ သည်။ သူဋ္ဌေးတန်းဆရာတော်နှင့် ကသာဆရာတော်နှစ်ပါးလည်း ထိုဆရာတော်ကြီးထံ ဦးညွှတ်ကြပြန် လေသည်။ သို့သော် ထိုဆရာတော်ကြီးကာ သာသနာကို ချစ်မြတ်နိုးသည်ထက် ဂိုဏ်းဂဏကို ပို၍ ချစ်မြတ် နိုးသူဖြစ်သည့်အလျောက် ပုဂ္ဂိုလ်ရေးရာ အာဏာတများကို စာပွဲဝိုင်းလုပ်ငန်းခွင်အတွင်းသို့ ယူခဲ့ရှာလေသည်။ ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင်ကို အာဂုံဆောင်ထားသော်လည်း ဦးနှောက်ထဲမှာသာ သိမ်းဆည်းထားရ ပေသည်။ နှလုံးအိမ် နှလုံးသွေးထဲသို့ ရောက်ပုံမပေါ်ပေ။ ထို့ကြောင့် ဂုဏ်ကြီးသည့်အလျောက် အတ္တလည်းကြီး၊ မာနလည်းကြီးရှာလေသည်။ သာသနာမျက်နှာ ဘုရားမျက်နှာကို ကြည့်ပြီးဆုံးဖြတ်ရမည့်စာမူကို ဘုရားမျက်နှာ သာသနာမျက်နှာကိုမကြည့်တောဘဲ ပုဂ္ဂိုလ်ရေးကိုကြည့်ကာ ပစ်ပစ်ခါခါ ပယ်ချလေသည်။
ဘုရားသားတော် အာဏာရှိဆရာတော်ကြီးက ဆရာဝန်လိုတောင် မကျင့်နိုင်ရှာပေ။ ဆရာဝန်၏ အလုပ်သည် ဆေးကုခြင်းပင်ဖြစ်သည်။ ချစ်သူပင်ဖြစ်စေ မုန်းသူပင်ဖြစ်စေ၊ မိတ်ဆွေပင်ဖြစ်စေ၊ ရန်သူပင် ဖြစ်စေ၊ အကျိုးပြုသူပင်ဖြစ်စေ၊ အကျိုးဖျက်သူပင်ဖြစ်စေ၊ မည်သူပင်လာလာ ရောဂါပျောက်အောင် ဆေးကု ရမည့်တာဝန်မှာ ဆရာဝန်၏ တာဝန်ပင်ဖြစ်လေသည်။ မုန်းသူဖြစ်၍ ရန်သူဖြစ်၍ အကျိုးဖျက်သူဖြစ်၍ ဆိုပြီး ဆန့်ကျင်ဘက်ပြုမူခွင့် မရှိပေ။ ထို့အတူပင် ဘုရားသားတော်များသည် ဘုရားမျက်နှာသာ ကြည့်၍ ဘုရား သာသနာအကျိုးသာ ရွက်ဆောင်ရမည်ဖြစ်သည်ကို ထိုဆရာတော်ကြီး လျစ်လျူရှုခဲ့ပေသည်။ အချင်းချင်း အပေါ်တော့ အဆိပ်ပြင်းလှသော ဆရာတော်ကြီးပါတကာ၊ (ထိုဆရာတော်ကြီးတင် မဟုတ်ပါ၊ ညွှန်ချုပ် ဒေါက်တာမျိုးမြင့်ကလည်း ပယ်ခဲ့ပေသည်) ထိုဆရာတော်ကြီးသည် သူ၏ တပည့်ပင်ဖြစ်ပါစေ၊ သူ့အလိုမကျ က ဤသို့ပြုမူလေ့ရှိသည်ဟု ကျွန်ုပ်နှင့်ဘဝတူ ကျမ်းပြုဆရာတော်တစ်ပါးက ပြောလေသည်။ ၄င်းက သူ့ဆရာတော်၏ ဘက်လိုက်ဆုံးမမှုများ၊ တရားမဲ့ ပြုကျင့်မှုများကို မှတ်တမ်းလုပ်ထားသည်။ အသုံးလိုက ယူပါဟု ပေးလေသည်။ ကျွန်ုပ်သည် ထိုအချက်အလက်များကို ကိုင်၍ပင် မကြည့်ခဲ့ပေ။ ဓမ္မအတွက် သာသနာ အတွက် မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးရာတိုက်ခိုက်ဖို့အတွက် ကျွန်ုပ်မှာ အစွမ်းမရှိ၊ အဆိပ်မရှိပေ။ ပုဂ္ဂိုလ်ရေးရာ၌ ကျွန်ုပ်ကား အစွယ်မထက်၊ အဆိပ်မပြင်း၊ အဆိပ်မရှိသည့် ရေမြွေတစ်ကောင်သာ ဖြစ်လေသည်။ ထို့ကြောင့် လည်း ကျွန်ုပ်အား လက်မှတ်ထိုးခိုင်းရာ အကြောင်းမသိဘဲ လှိမ့်ငေါက်နေသော အာဏာရှိ ဆရာတော်ကြီးများ အပေါ် အပြစ်မယူနိုင်ခဲ့ခြင်းဖြစ်ပါ၏။
ဤကား မဟနအဖွဲ့၏ တစ်လွဆြံပင်ကောင်းပုံ ဖြစ်ပါသည်။
(နေ့စဉ် တင်ပြသွားပါမည်။)


Viewing all articles
Browse latest Browse all 2129

Trending Articles