ရက်စွဲ-၁၃၇၆ ခု၊ နယုန်လ္ဆုတ်(၁၀)ရက်(22.6.2014)
10.6.2014 ရက်နေ့ အကာလအချိန်မဲ့ကြီး၌ ဖမ်းဆီးခံရပြီး င်္ကန်းချွတ် လူဝတ်လဲအကျဉ်းချခံရသည့် လန်ဒန် ဆရာတော်ဦးဥတ္တရအပါအဝင် သံဃာငါးပါး လွတ်မြောက်ရေး အားထုတ်ကြိုးပမ်းနေသော “အပြစ်မဲ့ သံဃာတော်များ လွတ်မြောက်ရေးကော်မတီ” ၏ သဘောထားကြေညာချက်ကို ထုတ်ပြန်ကြေညာအပ်ပါသည်။
၁။ 20.6.2014 ရက်နေ့၌ အပြစ်မဲ့ သံဃာတော်များ ပြန်လည်လွတ်မြောက်ရေး အားပေးဆောင်ရွက်တော်မူကြ သော ရဟန်းရှင်လူ ပြည်သူအပေါင်းနှင့် ဆိုင်ရာအာဏာပိုင်များ၏ ကျေးဇူးများကို မှတ်တမ်းတင် ဂုဏ်ပြုအပ် သည်။
၂။ အပြစ်မဲ့သံဃာတော်များ အရှင်းလွတ်မြောက်ရေး ဆက်လက်ဆောင်ရွက်ပေးရန် တိုက်တွန်းအပ်သည်။
၃။ သန္တိသုခအရေးတော်ပုံနှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းတစ်ဦး ဆုံးရှုံးခဲ့ရသည့်အပေါ် စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ခဲ့ရကြောင်း သင်္ခန်းစာယူအပ်သည်။
၎။ သန္တိသုခအရေးတော်ပုံ၏ အဓိက သမိုင်းတရားခံကို ဖော်ထုတ်၍ ထိရောက်စွာ အရေးယူပေးရန် တောင်းဆို အပ်သည်။
၅။ နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်စနစ်နှင့် မကိုက်ညီတော့သော မတရားသော ညွှန်ကြားလွှာများကို အပြီးသတ် မပြင်ဆင်ရသေးမီကာလအတွင်းမှာ ဆိုင်ငံ့ရပ်တန့်ထားရန် အလေးအနက် တိုက်တွန်းအပ်သည်။
ဦးဝီရသူ မစိုးရိမ်တိုက်သစ်၊ မန္တလေး
ဦးပညာသီဟ ရွှေညဝါဆရာတော် ရန်ကုန်
ဦးပါမောက္ခ မကွေးကျောင်းဆရာတော်ရန်ကုန်