Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အနောက်ဘက်တံခါးကို ဖျက်းဆီးရန် ကြိုးပမ်းနေသူ ဘင်္ဂါလီတို့အကြောင်း”

$
0
0
၁။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဟိုဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကျယ်အဝန်းဟာ ၅၇၂၉၅ စတုရန်းမိုင်သာရှိပေမယ့် အဲဒီမှာနေတဲ့ လူဦးရေက(၁၆၁၀၈၃၈၀၄)ဦး အထိရှိနေတယ်။ နိုင်ငံနဲ့ လူဦးရေမျှတမှုမရှိလို့ လူဦးရေ ပေါက်ကွဲနေတဲ့ နိုင်ငံပါ။ သူတို့နိုင်ငံမှာ လူဦးရေရဲ့(၉၈%)ဟာ ဘင်္ဂါလီလူများဖြစ်နေပြီး (၈၉.၅%)ဟာ အစ္စလာမ်ဘာသာဝင်တွေပါ။
၂။ နောက်ခံသမိုင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရှေးအခါက အိန္ဒိယနိုင်ငံရဲ့ ပိုင်နက်အစိတ်အပိုင်းဒေသတစ်ခုပါ။ ၁၉၄၇ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်တွင် အင်္ဂလိပ်ထံမှ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရယူတုန်းက အိန္ဒိယနိုင်ငံနှင့်အတူ မယူပဲ ခွဲထွက်သွားခြင်းဖြစ်တယ်။ အဲဒီတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံအမည်နဲ့ မဟုတ်ပါဘူး။ အိန္ဒိယအနောက်မြောက် ဘက်အရပ်က မွတ်ဆလင်တွေနဲ့ သူတို့ ပူးပေါင်းလိုက်လို့ သူတို့ပူးပေါင်းတဲ့ဒေသကို အနောက်ပါကစ္စတန် ခေါ်သလို၊ သူတို့ကိုတော့ အရှေ့ပါကစ္စတန်လို့ ခေါ်ခဲ့တယ်။
အဲဒီအရှေ့ပါကစ္စတန်ရဲ့ နိုင်ငံရေးခေါင်းဆောင်ရှိတ်မမူဂျစ်ဆိုသူက ၁၉၇၁ ခုနှစ်မှာ အနောက်ပါကစ္စတန်မှ ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ်ဆိုတဲ့ ယခုအမည်ကိုပြောင်းလိုက်ခြင်းဖြစ်တယ်။ ခွဲထွက်ရေး ခေါင်းဆောင်ရှိတ်မူဂျစ် တည်ထောင်တဲ့ အဝါမီလ်ဂ်ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရပြီး သူကပထမဆုံး ဝန်ကြီးချုပ်အဖြစ် အုပ်ချုပ်ခဲ့ တယ်။ သူ့ထံမှအာဏာကိုကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇီယာရာမန်က သိမ်းယူခြင်းခံလိုက်ရတယ်။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဇီးယာရာမန်က ဘီအင်န်ပီပါတီတည်ထောင်ပြီး သူကလဲ ဝန်ကြီးချုပ် အဖြစ် အုပ်ချုပ်ခဲ့ပြန်တယ်။
အဝါ့မီလ်ဂ်ပါတီက ဘာသာရေးနဲ့နိုင်ငံရေးကို စည်းခြားတဲ့ လက်ဝဲယိမ်းလစ်ဘရယ်ဝါဒကို ကျင့်သုံးသလို၊ ဘီအင်န်ပါတီက အစ္စလာမ်မစ်အမျိုးသားရေးအစွန်းရောက် အယူဝါဒကိုကျင့်သုံးခဲ့တယ်။ အဲဒီပုဂ္ဂိုလ် နှစ်ဦး မရှိတော့တဲ့နောက်ပိုင်း သူတို့သမီးတွေက ပါတီကိုဦးဆောင်ပြီး အနိုင်ရတဲ့သူက ဝန်ကြီးချုပ်အဖြစ် အုပ်ချုပ် လာခဲ့ခြင်းဖြစ်တယ်။ ယခု အုပ်ချုပ်နေသူ ဝန်ကြီးချုပ်က ရှိတ်မူဂျစ်ရဲ့သမီးပါ။
၃။ ဘင်္ဂါလီနှင့်ရိုဟင်ဂျာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကျယ်အဝန်းဟာ မြန်မာနိုင်ငံအောက် ငါးဆခန့်သေးငယ်ပေမယ့် လူဦးရေကျတော့ မြန်မာနိုင်ငံထက် သုံးဆခန့်ပိုများနေတာတွေ့ရတယ်။ သူ့နိုင်ငံလူဦးရေအတွက်လိုအပ်တဲ့ စားရေရိက္ခာ လုံလောက်စွာ ထုတ်လုပ်နိုင်စွမ်းမရှိပါဘူး။ အဲဒါကြောင့် လူထုမှာ ဆင်းရဲကြပ်တည်းမှုဒဏ်ကို ခံနိုင်ရည်မရှိလို့ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းရန် ကြိုးပမ်းလာတဲ့အခါ ဒီဘက်က ရခိုင်ပြည်နယ်ထဲ ဝင်ရောက်လာခဲ့ခြင်း ဖြစ်တယ်။
ကာလရှည်ကြာခိုးဝင်လာတဲ့ ဘင်္ဂါလီလူမျိုးတွေဟာ သူတို့နဲ့နီးကပ်နေတဲ့ မောင်တောနဲ့ဘူးသီးတောင်မြို့နယ်မှာ ဆိုရင် အဆမတန်များပြားနေပါပြီ။ အဲဒီမြို့နယ်နှစ်မြို့နယ်မှာ ရပ်ကွက်ကျေးရွာအုပ်စုပေါင်း (၁၉၄) အုပ်စုရှိတဲ့ အနက် ခိုးဝင်လာသူ ဘင်္ဂါလီတို့သာနေထိုင်တဲ့ ရပ်ကွက်ကျေးရွာအုပ်စု(၇၂)အုပ်စု၊ ဒေသခံရခိုင်နဲ့ ခိုးဝင်လာသူ ဘင်္ဂါလီတို့ရောထွေးနေထိုင်တဲ့ ရပ်ကွက်ကျေးရွာအုပ်စုက (၁၀၀) အုပ်စုနှင့် ဒေသခံရခိုင်တို့သာ သီးသန့် နေထိုင်တဲ့ ရပ်ကွက်ကျေးရွာအုပ်စုဟာ(၂၂) အုပ်စုသာ ကျန်တော့တယ်။ လူဦးရေအရဆိုရင် ဘင်္ဂါလီက ၉၇ ရာခိုင်နှုန်းနေထိုင်ပြီး ဒေသခံရခိုင်က ၃ ရာခိုင်နှုန်းခန့်သာနေထိုင်လျက်ရှိကြောင်း တွေ့ရတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသူ ကွန်မြူနစ် ရခိုင်တပ်ဖွဲ့ဆိုတာ ရှိခဲ့ဖူးတယ်။ အဲဒီတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ဘင်္ဂါလီတို့က မူဂျာဟစ်ဆိုတဲ့အမည်နဲ့ အဖွဲ့တစ်ခုဖွဲ့စည်းခဲ့တယ်။ အဲဒီအဖွဲ့ဟာ မောင်တောနဲ့ ဘူးသီးတောင်ကို သိမ်းယူပြီး ဟိုဘက်က စစ်တကောင်းနယ်ထဲမှာ ထည့်သွင်းဖို့ လှုပ်ရှားလာခဲ့တယ်။ သူတို့ဟာ မူဂျာဟစ်အမည်မှ ရိုဟင်ဂျာအမည်ကိုပြောင်းပြီး ဆက်လက်လှုပ်ရှားနေလို့ တပ်မတော်က ရှင်းထုတ်လိုက်တော့ ဟိုဘက်ကမ်းကူးသွားကြတယ်။ ယနေ့ ဘင်္ဂါလီတွေပြောတဲ့ ရိုဟင်၈ျာဆို တာ အဲဒီအဖွဲ့ရဲ့ အမည်သာဖြစ်ပြီး လူမျိုးအမည်မဟုတ်ပါဘူး။
၎။ R.S.O အဖွဲ့
ဟိုဘက်ရောက်သွားတဲ့ ဘင်္ဂါလီတွေဟာ သူတို့ရည်မှန်းချက်ဖြစ်တဲ့ မောင်တော ဘူးသီးတောင်နယ်မြေတို့ကို သိမ်းပိုက်နိုင်ရေး ဆက်လက်လှုပ်ရှားလာနိုင်ဖို့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့(Rohingya Solidarity Organization) ကို ထပ်မံဖွဲ့စည်းခဲ့ပြန်တယ်။
ဟိုဘက်နိုင်ငံမှာ အင်အားကြီးပါတီနှစ်ခုရှိတယ်ဆိုတာ အထက်မှာ ဖော်ပြခဲ့ပါပြီ။ အဲဒီပါတီကြီးနှစ်ခုအနက် ဘီအင်န်ပီပါတီကြီးက R.S.O အဖွဲ့ကို ကျားကန်ပေးထားတယ်။ အဲဒီလိုပါတီကြီးရဲ့ အားပေးမှုကို ရရှိတဲ့အတွက် R.S.O အဖွဲ့ဟာ ဒီဘက်မှာ အကြမ်းဖက်လုပ်ငန်းတွေလာရောက်လုပ်သလို၊ ဒေသခံထဲက သူတို့လူတွေကို လည်း သွေးထိုးလှုံ့ဆော်ပေးနေပြန်တယ်။ အဲဒီအကြမ်းဖက်လုပ်ငန်းရဲ့နောက်ကွယ်မှာ ဟိုဘက်ကလူတွေကို ဒီဘက်ခိုးသွင်းတဲ့ လူကုန်ကူးလုပ်ငန်းကိုလည်း ပူးတွဲလုပ်ကိုင်တယ်။ သူတို့ခိုးသွင်းလို့ မောင်တော၊ ဘူးသီးတောင်ဒေသ ရောက်ရှိလာတဲ့ မွတ်ဆလင်လူငယ်တွေကို ရမ်းဗြဲကျွန်း ကျောက်နီမော်ကို စက်လှေနဲ့ ခေါ်ဆောင်လာတယ်။ အဲဒီကျောက်နီမော်မှ သံတွဲကို ခေါ်ဆောင်ကာ ဗလီမှာ ကန့်သွင်းတယ်။ သူတို့ကို မြန်မာစကားသင်ပေးပြီး အနည်းငယ်ပြောတတ်သွားသူတွေကို အနယ်နယ်အရပ်ရပ်မှာရှိတဲ့ သူတို့လူတွေထံ ဖြန့်ခွဲပို့ပေးတယ်။ အဲဒီလူငယ်တွေရောက်နေတဲ့ ဒေသကို အနယ်နယ်အရပ်ရပ်က ဗလီဆရာတွေ သွားရောက်ပြီး သင်တန်းပေးနေကြောင်းလဲသိရတယ်။
၅။ ဒါကာထရီးဗျူးသတင်းစာမှ သူတို့အာဘော်
လွန်ခဲ့တဲ့ ဧပြီလလောက်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာထရီးဗျူး နေ့စဉ်ထုတ်သတင်းစာမှတဆင့် လှုံ့ဆော် ရေးသတင်းတစ်ပုဒ်ရေးသားလာတယ်။ ယူကရိမ်းနိုင်ငံထဲက ရုရှားစကားပြောသူ ကရိုင်းမီးယားနယ်သားတွေကို ဆန္ဒခံယူတဲ့အခါ ယူကရိမ်းမှ ခွဲထွက်ပြီး ရှရှားနဲ့ပူးပေါင်းလိုကြောင်း ဆန္ဒပေးသလို၊ မောင်တော ဘူးသီးတောင် မှာလဲ လူထုဆန္ဒခံယူပွဲလုပ်ပေးဖို့တောင်းဆိုလာတယ်။ သူတို့လူတွေများနေတဲ့ မောင်တော ဘူးသီးတောင်ကို မြန်မာနိုင်ငံမှခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖို့လှုံ့ဆော်ရေးသားလာတယ်။ အဲဒီသတင်းစာကို နိုင်ငံတော် အစိုးရနှင့်တကွ ပြည်သူတစ်ရပ်လုံးက ဒေါသတကြီးဆန့်ကျင်ကန့်ကွက်ခဲ့တာ မှတ်မိအုံးမယ်လို့ ထင်ပါတယ်။
၆။ ရခိုင်ကို ကိုဆိုဖိုလို လုပ်ဖို့ကြံစည်သူများ
ဒုတိယကမ္ဘာစစ်ပွဲကြီး ပြီးဆုံးသွားတုန်းက ဗိုလ်ချုပ်ကြီးတီးတိုးက ယူဂိုဆလားဗီးယားအမည်နဲ့ နိုင်ငံတည် ထောင်ပြီး ကွန်မြူနစ်စနစ်နဲ့ အုပ်ချုပ်ခဲ့ဖူးတယ်။ အဲဒီနိုင်ငံမှာ ဆာတ်လူမျိုး ခရစ်ယာန်ဘာသာဝင်တွေနေတယ်။ အိမ်နီးချင်းဖြစ်တဲ့ အယ်လ်ဘေးနီးယားနိုင်ငံဘက်က အစ္စလာမ်ဘာသာဝင်တွေ သူတို့နိုင်ငံထဲ ခိုးခိုးဝင်လာခဲ့ တယ်။ ကာလရှည်ကြာခိုးဝင်လာတော့ ယူဂိုဆလားဗီးယားနိုင်ငံထဲမှာ အယ်လ်ဘေးနီးယား မွတ်ဆလင်တွေ များလာတယ်။ အဲဒီဒေသမှာအိမ်ရှင်ဆာတ်လူမျိုးနဲ့ အယ်လ်ဘေးနီးယားလူမျိုးတို့ လူမျိုးရေး ပဋိပက္ခဖြစ်သလို၊ အိမ်ရှင်ခရစ်ယာန်နဲ့ အစ္စလာမ်တို့ ဘာသာရေးပဋိပက္ခလဲဖြစ်လာတယ်။
အယ်လ်ဘေးနီးယားမွတ်ဆလင်တွေက ကိုဆိုဗိုလ်လွတ်မြောက်ရေး အစ္စလာမ်တပ်မတော်ဖွဲ့စည်းပြီး ဒေသခံ လူနည်းစုဖြစ်သွားတဲ့ ခရစ်ယာန်ဘာသာဝင်ဆာတ်လူမျိုးတွေကို မောင်းထုတ်လိုက်တယ်။ အဲဒီနေရာမှာပဲ အစ္စလာမ်မစ်နိုင်ငံတည်ထောင်လိုက်တယ်။ အဲဒီတုန်းက မွတ်စလင်ညီအစစ်ကိုတော်များအဖွဲ့နဲ့ ကွန်မြူနစ်ဆန့် ကျင်တဲ့ အမေရိကန်တို့က သူတို့ကိုအားပေးထောက်ခံခဲ့ဖူးတယ်။ အခုလဲ ရခိုင်ထဲခိုးဝင်လာတဲ့ ဘင်္ဂါလီတွေက ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(R.S.O)ဆိုတဲ့အမည်နဲ့ မောင်တော ဘူးသီးတောင်ကို သိမ်းပိုက်နိုင်ဖို့ ကြံရွယ်နေတာကို အိုအိုင်စီအဖွဲ့ကြီးက ထောက်ခံနေပြန်တယ်။
၇။ အမျိုးသားကာကွယ်ဖို့ အချိန်တန်ပြီ
ကမ္ဘာဦးခေတ်လူ့ယဉ်ကျေးမှုထွန်းကားချိန်နှင့်အတူ မြန်မာလူမျိုးတို့နေထိုင်လာခဲ့တဲ့မေကြို လွန်ခဲ့တဲ့ ၁၉၇၁ ခုနှစ်တုန်းက ပေါ်ထွန်းလာတဲ့ စစ်တကောင်းသားဘင်္ဂါလီတို့က သိမ်းပိုက်ဖို့ကြံရွယ်နေတာကို ကာကွယ်ဖို့ မြန်မာတစ်မျိုးသားလုံးမှာ တာဝန်ရှိလာပြီဖြစ်ပါကြောင်း။

မင်းရန်အောင်။


Viewing all articles
Browse latest Browse all 2129

Trending Articles