Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဦးအံ့မောင်၊ မဟနနှင့် သာသနာရေးဌာနတို့ကို သာသနာဖျက်များအဖြစ် ဦးဝီရသူ ထုတ်ပြန်”

$
0
0

တာမွေမြို့နယ်မှ မဟာသန္တိသုခကျောင်းတိုက်ကိစ္စဋ္ဌနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး၊ အကြံပေးပုဂ္ဂိုလ် ဆိုသူ ဦးအံ့မောင်နှင့် မဟန၊ သာသနာရေးဌာနတို့ကို သာသနာဖျက်များအဖြစ် ဦးဝီရသူက ကြေညာချက်ထုတ်ပြန်လိုက်သည်။ ဆရာတော်ဦးဝီရသူ၏ ဇွန်လ ၁၅-ရက်က ကြေညာချက်တွင် ပီနန်ဆရာတော်၏ ကျောင်းတိုက်အား ဝင်စီးခြင်းသည် သာသနာကိုဖျက်ဆီးခြင်းဖြစ်ပြီး ဆရာတော်ဦးဥတ္တရ တို့အား ကျူးကျော်သူဟုစွပ်စွဲခြင်းသည် သူခိုးက လူဟစ်ခြင်းဟု အစချီ ရေးသားဖော်ပြထားသည်ကို ဦးဝီရသူ၏ တရားဝင် Blog တွင် ၁၅-၆-၂၀၁၄ ရက်က တွေ့ရသည်။
သာသနာရေးဝန်ကြီးဌာန၏သတင်းစာရှင်းလင်းပွဲတွင် သုံးသည့် သံဃာငါးသိန်းအတွက် ကိုယ်စားပြု ဆောင်ရွက်ခြင်းဆိုသည်မှာ အရူးချီးပန်းစကားသာဖြစ်ပြီး မဟာသန္တိသုခကို ဝင်စီးခြင်းကိစ္စနှင့်ပတ်သက်ပြီး မစီးခင်ကတည်းက သံဃာများ၏ သဘောတူညီမှု ရှိမရှိကို ဆန္ဒခံယူဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ လက်ရှိ သံဃမဟာနာယကဆရာတော်များသည် သံဃာတော်များက ရွေးကောက်တင်မြောက်ထားခြင်း မဟုတ်ကြောင်းလည်း  ဦးဝီရသူ၏ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ မြန်မာနိုင်ငံတွင် သံဃာငါးသိန်းနီးပါး ရှိသည်ဟု ဖော်ပြချက်မျိုးစုံတွင်တွေ့ရပြီး ယင်းသံဃာများ၏ဆန္ဒကို တောင်းခံခြင်းမရှိဘဲ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ဆရာတော်ဦးဥတ္တရတို့အား သာသနာတော် ညှိုးနွမ်းမှုပုဒ်မ ၂၉၅ ဖြင့် အရေးယူစရာအပြစ် မတွေ့ရကြောင်း ကျောင်းတိုက်တွင် ရှုတင်များ၊ မင်္ဂလာပွဲများ၊ နိုက်ကလပ်များ ခွင့်ပြုထားသော ဦးအံ့မောင်နှင့် သာသနာရေးဌာန၊ ကမ္ဘာအေး မဟနအဖွဲ့သည်သာ သာသနာတော်ကို ညှိုးနွမ်းအောင် လုပ်နေခြင်းဖြစ်ကြောင်း ဆရာတော်ဦးဥတ္တရတို့အား အစိုးရအပါအဝင် မည်သူကမျှ အလွယ်တကူသင်္ကန်းချွတ်ခွင့်မရှိ၊ သင်္ကန်းချွတ်သူသည် သာသနာ့ပစ္စတ္တိက သာသနာ့ရန်သူသာဖြစ်ကြောင်းနှင့် ယင်းအတွက်ကြောင့် ဦးအံ့မောင်၊ မဟနနှင့် သာသနာရေးဌာနတို့ကို သာသနာဖျက်များအဖြစ်သတ်မှတ်ကြောင်း လက်မှတ်ထိုး ထုတ်ပြန်ကြေညာ ထားသည်ကိုတွေ့ရသည်။

16.6.2014 ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်သတင်းစာ 

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...