Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“နိုင်ငံရေးသမားအချို့သည် အတ္တကြီးသူများနှင့် နိုင်ငံရေးခံယူချက်မရှိဘဲ ပါတီထောင်သူများဖြစ်ဟု ဦးဝီရသူ မိန့်ကြား”

$
0
0

မျိုးသန့်| တနင်္လာနေ့၊ ဇွန်လ ၁၆ ရက်၊ ၂၀၁၄ ခုနှစ်
နိုင်ငံရေးလုပ်ငန်း လုပ်ဆောင်သူများဖြစ်သည့် နိုင်ငံရေးသမားအချို့သည် အတ္တကြီးသူများဖြစ်ပြီး ခံယူချက် မရှိဘဲ ပါတီထောင်ထားသူများလည်းရှိနေကြောင်း မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဝီရသူ မိန့်ကြားခဲ့သည်။
ဇွန်လ၁၄ရက်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ နိုင်လွန်ခန်းမတွင် ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ၏ ဗဟိုဦးစီးညီလာခံတွင် ဆရာတော်က ၎င်း၏ ထောင်သက် (၈) နှစ် သုံးလ အတွေ့အကြုံများမှနေ၍သိရှိခဲ့ရသည်များကို ပြန်လည်မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံရေးသမားတွေဟာ အတ္တအင်မတန်ကြီးတယ်ဆိုတာ တွေ့ရပါတယ်။ အတ္တထိပါးလာရင် ကျပ်မပြည့်တဲ့သူ စိတ်မနှံ့တဲ့သူတွေနဲ့ ပြန်လည်သတ်ပုတ်တာတွေ တွေ့ရပါတယ်။
အဲဒါက ဘာလဲဆိုရင်တော့ ခံယူချက်မဲ့တဲ့ နိုင်ငံရေးသမားဖြစ်တယ်။ ခံယူချက်ရှိတဲ့ နိုင်ငံရေးသမားဆိုတာက ဘာလဲဆိုတော့ လူသာအသေခံမယ် နာမည်အသေခံမယ်၊ မုန်းတဲ့သူကိုလည်း ပြန်လည်သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။
ပါတီထောင်သူများသည် ပါတီရည်မှန်းချက်ကို ရောက်ရှိအောင် လုပ်ဆောင်ရန်လိုသကဲ့သို့ ရည်မှန်းချက်မြင့်မားသူသည် စွန့်လွှတ်မှုကြီးမားရမည်ဖြစ်ပြီးရည်မှန်းချက်အား မည့်ကဲ့သို့ရောက်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်မှာသာလျှင် သာမန်လူသားများသည် သာမန်အခက်အခဲလေးများဖြင့် မြင့်မြတ်သော လုပ်ငန်းများကို စွန့်လွှတ်ခြင်းများ၊ မိမိကို လက်ခုတ်တီး၊ လက်ညှိုးထိုးတာခြင်းများကို ကြုံတွေ့ရလျှင် ယိမ်းယိုင်သွားတတ်သဖြင့် လက်ခုတ်လက်တီးနှင့်တူသော မည့်သည်လောကဓံကိုမဆို မိမိ၏ရည်မှန်းချက်ကို မပျောက်ဘဲ အဓိဋ္ဌာန်မြောက်အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်းမိန့်သည်။
“ခံယူချက်ပြည့်ဝမှ လမ်းမချော်မှာ ဖြစ်တယ်။ ခံယူချက်မရှိရင် မိမိအတ္တကို ထိလာရင် မခံနိုင်ဖြစ်မှာဖြစ်တယ်။ ပါတီကို ထိရင်၊ အဖွဲ့အစည်းကို ထိရင် မခံနိုင်ဖြစ်မှာ ဖြစ်တယ်။ ပါတီခေါင်းဆောင်ဆိုတာ ပြည်သူထဲက ခေါ်ထားတာ၊ အကယ်၍ စော်ကားတာမျိုးရှိလာရင်လည်း သံသယစိတ်ကြောင့် ဖြစ်တာဖြစ်တဲ့အတွက် စည်ရုံးသိမ်းသွင်းနိုင်ရမယ်”ဟု ဆရာတော်ဝီရသူက မိန့်သည်။
ဦးဝီရသူ၏ နိုင်ငံရေးသမားများနှင့် ပါတီများ အပေါ်အမြင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျောက်ပန်းတောင်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က သမိုင်းကို ဖြတ်သန်းလာသော ၎င်းတို့ ပါတီအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေတ်ကို ဖြတ်သန်းလာသည့် ပါတီနှင့်နိုင်ငံရေးသမားများဖြစ်သောကြောင့် ရည်ရွယ်ချက်ကောင်းများဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“ရှစ်လေးလုံးကာလကတည်းက ပေါ်ပေါက်လာခဲ့တာ၊ ပြည်သူတွေရဲ့ ရည်မှန်းချက် ပြည်သူတွေရဲ့ အိပ်မက် ကျွန်တော်တို့မှာ ဒီမိုကရေစီရည်မှန်းချက်၊ လူ့အခွင့်အရေး ရည်မှန်းချက်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ရည်မှန်းချက် ကျွန်တော်တို့က အစကတည်းက ဒီလိုပဲ ကြွေးကြော်ခဲ့တယ်။ ပြည်သူ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်လို့ပဲ ကျွန်တော်တို့ဟာ ၉၀ ရွေးကောက်ပွဲမှာ နိုင်ခဲ့သလို ကြားဖြတ်ရွေးကောက်ပွဲမှာလည်း နိုင်ခဲ့ပါတယ်။ ခုလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နေပါတယ်”ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးတင်မောင်ဆွေက ညီလာခံသို့ ကြွရောက်လာပြီး မိန့်ကြားသွားသော ဆရာတော်ဝီရသူပြောကြားခဲ့သော သြ၀ါဒစကားများမှာ ပါတီ၏ မူဝါဒလုံးဝမဟုတ်ကြောင်းပြောသည်။






Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...