Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မျိုးစောင့်ဥပဒေကန့်ကွက်မှုများ အရာမထင်သေး”

$
0
0
မင်းမင်း| တနင်္လာနေ့၊ ဇွန်လ ၁၆ ရက်၊ ၂၀၁၄ ခုနှစ်
ဗုဒ္ဓဘာသာအမျိုးသမီးများကို ကာကွယ်ပေးရန်ဟုဆိုကာ ပြဋ္ဌာန်းရန်ကြိုးပမ်းနေသည့် မျိုးစောင့်ဥပဒေအပေါ် ကန့်ကွက်မှုများ စိပ်လာသော်လည်း လက်ရှိအချိန်ထိ လက်ဆုပ်၊ လက်ကိုင်ပြနိုင်သည့် အကောင်အထည်ပေါ်မှု မရှိသေးပေ။
မျိုးစောင့်ဥပဒေဟု လူသိများနေသည့် ဥပဒေကြမ်းလေးခုမှာ ဘာသာတစ်ခုကို အခြေခံထားသလို နိုင်ငံရေးလှည့်ကွက်သာဖြစ်သည်ဟုနိုင်ငံရေး၊ လူမှုရေး၊ လူ့အခွင့်အရေး၊ ဥပဒေပညာရှင်များနှင့် ဘာသာရေး ခေါင်းဆောင်အချို့က ထောက်ပြပြောဆိုနေသော်လည်း ထိရောက်မှု မရှိသေးခြင်းဖြစ်သည်။
မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီးကန့်ကွက်သူများအနေဖြင့် မည်ကဲ့သို့ ဆက်လုပ်ဆောင်သွားမည်ကို ဇွန်လ ၁၅ ရက်က
နတ်မောက်လမ်းရှိ ချက်ထရီယမ်ဟိုတယ်၌ ကျင်းပခဲ့သော “ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း” ဆိုင်ရာ ဆွေးနွေးပွဲတွင် တက်ရောက်လာသူများအား မဇ္ဈိမကမေးမြန်းခဲ့သော်လည်း တိကျသည့် အဖြေမရခဲ့ပေ။
လွှတ်တော်အတွင်းသို့ မကြာမီရောက်လာဖွယ်ရှိသည့် ဥပဒေကြမ်းလေးခုအနက် အစိုးရက ပထမဆုံး ပြည်သူကို ချပြလိုက်သည့် “ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေမူကြမ်း”တွင်ပင် တစ်ဦးချင်း၏ ကိုးကွယ်မှု လွတ်လပ်ခွင့်ကို ထိန်းချုပ်ခြင်းဖြစ်သည်ဟု ဘာသာရေးခေါင်းဆောင်များက ပြောသည်။
“ကျွန်တော်တို့ရဲ့ နှလုံးသားတွေကို အစိုးရက ထိန်းချုပ်ဖို့ ကြိုးစားတာလို့မြင်ပါတယ်” အစ္စလာမ်ဘာသာဝင် ကိုရဲထူးက ပြောသည်။
ဥပဒေမူကြမ်းအရ ဘာသာတစ်ခုသို့ ကူးပြောင်းမည်ဆိုပါက အစိုးရ၏မှတ်ပုံတင်ရေးအဖွဲ့သို့ သွားရောက်လျှောက်ထားရမည်ဖြစ်ပြီး ထိုအဖွဲ့က အမှန်တကယ် ကူးပြောင်းလိုခြင်းဟုတ်၊ မဟုတ် အနည်းဆုံး သုံးလခန့် အချိန်ယူပြီး စိစစ်မည်ဖြစ်သည်။
ရွှေည၀ါဆရာတော် အရှင်ပညာသီဟက “ဒီဥပဒေက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပြိုကွဲစရာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအနှောက်အယှက် ဖြစ်ဖွယ်ရာတွေ ဖြစ်နေတယ်”ဟုဆိုကာ လွှတ်တော်တွင် ဆွေးနွေးကြမည်ဆိုပါက “လုပ်ချင်တာထက် လုပ်သင့်တာကို လုပ်ကြပါ”ဟု သတိပေးသည်။
အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်ကလည်း မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးကို အပြင်းအထန် ကန့်ကွက်ထားသည်။



Viewing all articles
Browse latest Browse all 2129

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း