Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမျိုးစောင့်ဥပဒေအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြော”

$
0
0
အောင်ကိုဦး| တနင်္လာနေ့၊ ဇွန်လ ၁၆ ရက်၊ ၂၀၁၄ ခုနှစ်
မန္တလေးမြို့တွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)မှ ဦးဆောင်၍ အမျိုးစောင့်ဥပဒေအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ဇွန်လ၁၂ရက်၊ မွန်းလွဲ ၁ နာရီတွင် သာသနာ ၂၅၀၀ပြည့် ဗိမာန်တော်ကြီးတွင် ပြုလုပ်သည်။
“အူရီဒူးကုမ္ပဏီက ကုလားပိုင်ပါ။ အဲဒီကထွက်တဲ့ပစ္စည်းကို အသုံးမပြုဖို့ ကန့်ကွက်နေတာကလည်း မျိုးစောင့်ဥပဒေရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ အလုပ်ခေါ်နေတယ် လျှောက်စရာမလိုပါဘူး။ ပစ္စည်းဈေးချိုတာကို စိတ်မလွယ်လိုက်ပါနဲ့ တယ်လီနောက ထုတ်နေတဲ့ပစ္စည်းကိုသာ ၀ယ်သုံးသင့်တယ်”ဟု မောင်သွေးချွန်က ဟောပြောပွဲတွင် ပြောသည်။
ထို့အပြင် အမျိုးစောင့်ဥပဒေကို ကန့်ကွက်နေသော အဖွဲ့များသည် နှစ်ယောက်သုံးယောက်ဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံက ထောက်ပံ့မှုကို ယူ၍ ဘုန်းကြီးမကောင်းကြောင်း ပြောနေသော အဖွဲ့များဖြစ်သည်။ ထို့ကြောင့် အထက်မြန်မာပြည် မဘသမှ အမျိုးသားသစ္စာဖောက်ဟု စွပ်စွဲသည်မှာ နည်းသေးကြောင်း ပြောကြားသည်။
ဆက်လက်၍ စာရေးဆရာ မောင်သွေးချွန်မှ မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီးကြံ့ခိုင်ရေးပါတီက ဘာတစ်ခုမျှလုပ်ပေးခဲ့သည် မရှိကြောင်း မဲလိုချင်၍သာ လာရောက်ပူးပေါင်းနေခြင်းဖြစ်သောကြောင့် လက်မခံကြောင်း မည်သည့်ပါတီမဆို ရိုးရိုးသားသား လာရောက်ပူးပေါင်းလျှင် လက်ခံကြောင်း ပြောသည်။
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအသိပညာပေးဟောပြောပွဲတွင် စာရေးဆရာ မောင်သွေးချွန်၊ ဦးအေးပိုင် (မဘသဗဟိုဥပဒေအကြံပေး)နှင့် ယဉ်ယဉ်နု (မန္တလေး) အမျိုးသားစာပေဆုရတို့မှ ဟောပြောသည်။

Viewing all articles
Browse latest Browse all 2129

Trending Articles