Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဦးဝီရသူ၏ မိတ္ထီလာမြို့နယ် တရားပွဲ”

$
0
0


16.5.2014 ည 8:00၊ မိတ္ထီလာမြို့နယ်၊ ကန်တောင်ကျေးရွာအုပ်စု၊ မုန်ပင်ဆည်စံပြကျေးရွာ၊ အနန္တဂုဏ လာဘမုနိ ဆုတောင်းပြည့်စေတီတော် သာသနာနှစ် တစ်နှစ်ပြည့်အောင်ပွဲ ဓမ္မသဘင်မှာ ဟောကြားသည်။
မုန်ပင်ဆည်ဆရာတော်ကြီး တည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီးအား ရှိခိုးဦးချ ဖူးမြော်ပူဇော်ပြီးမှ တရားပလ္လင်တက်ကြောင်း သိရသည်။
မုန်ပင်ဆည်ဆရာတော်ကြီး ဘဒ္ဒန္တဝိနယသည် ဦးနေဝင်းလက်ထက်ကတည်းက ဘကကျောင်း ဖွင့်လှစ်ခဲ့ကြောင်း၊ (၁၅)နှစ်ခန့်ဖွင့်ပြီးမှ တစ်နိုင်ငံလုံး ဘကကျောင်းများ အပိတ်ခံခဲ့ရသည့်အထဲတွင် ပါဝင်သွား၍ ရပ်နားခဲ့ရကြောင်း၊ စစ်အစိုးရလက်ထက် 1993-ခုနှစ်မှစ၍ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဘကကျောင်းထွက် အဝေးရောက်တပည့်များ၏ ကောင်းမှုကြောင့် ဤသို့ကြီးကျယ်မြင့်မြတ်သော စေတီတော်ကြီးကို လပိုင်းအတွင်းမှာပင် ပြီးစီးအောင်တည်ထားကိုးကွယ်တော်မူနိုင်ကြောင်း သိရပါသည်။
ယခုအခါ၌လည်း ဘကအလယ်တန်းကျောင်း ဖွင့်လှစ်ထားကာ ဆရာ/ဆရာမများ၊ ရဟန်းသံဃာများဖြင့် သာသနာ ပညာ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ သင်ကြားပို့ချလျက်ရှိကြောင်း သိရပါသည်။


Viewing all articles
Browse latest Browse all 2129

Trending Articles