မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)တည်ထောင်သော
"ပါရမီပျိုးခင်းသွေးလှူအသင်း"၏ ဒသမအကြိမ် အဖြစ်ကျောက်ဆည်မြို့၊ ကံဦးရပ်၊ မင်းကုန်းမဟာစာသင်တိုက်၌ ကျင်းပမည်ဖြစ်ရာ စေတနာရှင်၊ မေတ္တာရှင်၊ ကရုဏာရှင်၊ ရဟန်၊ ရှင်၊ လူ မည်သူမဆို သဒ္ဓါပေါက်၍လာရောက် သွေးလှူဒါန်းနိုင်ပါကြောင်း စေတနာအရင်းခံ၍ ကြေညာသတင်းမှန် ပေးပို့အပ်ပါသည်။
ယခု "ပါရမီပျိုးခင်းသွေးလှူအသင်း"၏ ဒသမအကြိမ်မြောက်သွေးလှူဒါန်းပွဲသည် "ဘဒ္ဒန္တဝိစိတ္တာဘိဝံသ"
အရှင်ဝီရသူ(မစိုးရိမ်)၏ (၄၇)နှစ်ပြည့် ဝိဇာတမွေးနေ့ အထိမ်းအမှတ်အဖြစ် ၎င်း၏ဇာတိဖြစ်သော ကျောက်ဆည်မြို့တွင် လာရောက်ကျင်းပခြင်းဖြစ်ပါသည်။
သွေးလှူရှင်များအား ဆရာတော်ဦးဝီရသူ ဟောကြားသော တရားခွေနှင့် အားဆေး၊ ဘောလ်ပင်မျာလည်း မေတ္တာလက်ဆောင်အဖြစ် အမှတ်တရ ပေးအပ်လှူဒါန်းမည် ဖြစ်ပါသည်။
သွေးလှူဒါန်းပွဲအပြီးတွင် သဒ္ဓါကြည်ဖြူ ပါရမီအလှူရှင်များ၏ သွေးလှူဒါန်းခြင်း "'ဒါနဥပ ပါရမီ"ကုသိုလ်ကောင်းမှုအစုစုအတွက် ဆရာတော်ဦးဝီရသူမှ ရေစက်ချ အနုမောဒနာတရား ပြောကြားချီးမြင့်မည် ဖြစ်ပါသည်။
သွေးလှူဒါန်းပွဲ အစီအစဉ်
နေ့ရက်။ ။၁၃၇၇ ခုနှစ်၊ ပထမဝါဆိုလဆန်း(၁၀)ရက်၊ 26-6-2015-(သောကြာနေ့)
နေရာ။ ။ကျောက်ဆည်မြို့၊ ကံဦးရပ်၊ မင်းကုန်းမဟာစာသင်တိုက်။
အချိန်။ ။နံနက်(၇း၀၀)နာရီ မှ(၁၂)နာရီ အတွင်း။
ဆက်သွယ်ရန်=ဦးဝိစာရိန္ဒ( ဖုန်း) 09-402755991
=မင်းကုန်းကျောင်း (ဖုန်း) 066-50016
=ဖြူသီ လ္ဘက်ပွဲရုံ(ဖုန်း) 09-402748001 (ဖုန်း) 066-50454
=ကိုဇော်နိုင်(ဖုန်း) 09-402694762
=ဒေါ်မြင့်ရီ(ဖုန်း) 09-2054895