Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“လိင်ကိစ္စအတွက် IS အဖွဲ့ဝင်ဖြစ်လာသူ များစွာရှိဟုဆို”

$
0
0
        မိုးဆူး-ဇွန်-၁၇-
လိင်ကိစ္စရလိုမှုဖြင့် မွတ်ဆလင်အမြောက်အမြား IS အဖွဲ့အတွင်းသို့ကူးပြေားင်းနေကြကြောင်း အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ မစ္စတာကာမာနီက ပြောသည်။ ဗြိတိန်မှအစ္စလာမ်ဘာသာဝင် ယောက်ကျားလေးများသည် လိင်ကိစ္စအလို့ငှာ IS အဖွဲ့အတွင်းသို့ ဝင်ရောက်ခဲ့ကြကြောင်း၊ ဗြိတိန်လူ့အဖွဲ့အစည်းအတွင်းတွင် အစ္စလာမ်ဘာသာဝင် လူငယ်များအနေဖြင့် လိင်ကိစ္စတွင် အခြားလူငယ်များနည်းတူ ပွင့်လင်းစွာ မခံစားရခြင်းက ၄င်းတို့ကိုအထီးကျန်စေကြောင်း၊ အခြားလူငယ်များအပေါ် အမုန်းစိတ်ပွားစေကြောင်း၊ အဆိုပါအကြောင်းအရင်းများက ၄င်းတို့ကို ISအဖွဲ့အတွင်းသို့ ဝင်ရောက်စေရန် နောက်ကွယ်မှတွန်းအားများ ဖြစ်စေကြောင်း မစ္စတာကာမာနီက ပြောသည်။ မစ္စတာကာမာနီသည် ဘရတ်ဖို့ဒ်မြို့မှ တရားဟောဆရာတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ဗြိတိန်တစ်လွှားသို့လှည့်လည်ကာ အစ္စလာမ်ဘာသာဝင်လူငယ်များ IS အဖွဲ့အတွင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးနိုင်ရန် ဟောပြောလျက်ရှိသည်။ ၄င်းသည်ငယ်စဉ်က အစွန်းရောက် အစ္စလာမ်တစ်ဦးဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ရင့်ကျက်သည့်အတွေးအခေါ်နှင့် စိတ်ထားသည်သာ အဓိကဖြစ်ကြောင်း ဟောပြောလျက်ရှိသည်။
မွတ်ဆလင်လူငယ်တွေဟာ အခြားသော ဥရောပနိုင်ငံသား လူငယ်တွေလို သူတို့ရဲ့သွေးသား ဆန္ဒဆိုင်ရာ ပြောဆိုပြုမူ ခံစားမှုတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့မွတ်စလင် မိသားစုဝင်တွေကြားထဲမှာ အမြဲတမ်းခက်ခဲနေပါတယ်။ အဲ့ဒါဟာ သူတို့ကိုဒေါသနှင့် စိတ်အချဉ်ပေါက်မှုဆီ ရောက်ရှိသွားစေပြီး  သွေးသားဆန္ဒအဆင်ပြေဖို့အတွက် ထွက်ပေါက်အနေနှင့် IS အဖွဲ့ထဲကို ဝင်ရောက်သွားကြတာပါ။ တခြားအကြောင်းပြချက်မရှိပါဘူး။ မိန်းကလေးလိုချင်လို့ ဝင်သွားကြတာပါ။ ဒီလောက်ပါပဲ။ ကျွန်တော့မိန်းမကတော့ အခုလိုပြောလို့ ပယ်ပယ်နယ်နယ်ဝေဖန်ခံရနိုင်တယ်လို့ ကျွန်တော့ကိုပြောပါတယ်။ ဒါပေမယ့်ပြောရမှာပါပဲ။ သူတို့လုပ်သမျှအားလုံးဟာ လိင်ကိစ္စအတွက်ပါ” ဟု မစ္စတာကာမာနီက ITV ရုပ်သံလိုင်းတွင် ပြောသည်။ IS အဖွဲ့သည် ဖမ်းဆီးခဲ့သည့် ရာဇီဒစ်လူမျိုး အမျိုးသမီးများစွာကို လိင်ကျွန်အဖြစ် ၄င်းတို့၏တပ်ဖွဲ့ဝင်များထံ ရောင်းချခဲ့ကြသည်။
T1P(Ref:Daily Mail)
(၁၈.၆.၂၀၁၅) ပြည်ထောင်စုနေ့စဉ် သတင်းစာ

Viewing all articles
Browse latest Browse all 2129

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


မြစ်ဆုံကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်/သံ)


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ