မေလ ၂၆ ရက် ညနေပိုင်း၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ လက်ခံတွေ့ဆုံဖြေကြားခဲ့ပါတယ်။
အလွတ်တန်း သတင်းထောက်တွေပါ။ တရားပွဲတွေလည်း လိုက်ပြီး သတင်းယူပါတယ်။ စာချပုံတွေကိုလည်း မှတ်တမ်းတင်ပါတယ်။
FB အသုံးပြုပုံနေပုံတွေကိုလည်း လေ့လာပါတယ်။ မွတ်စလင်ဝက်ဘ်ဆိုဒ်တွေမှာ စာရေးသူပုံတွေကို ဖျက်လိုဖျက်ဆီး လုပ်ထားတာတွေကိုပြခိုင်းပြီး ရိုက်ယူပါတယ်။ အဲဒီပုံတွေအကြောင်း ရှင်းပြရင်း ပြုံပျော် ရယ်ရွှင်နေတဲ့ စာရေးသူကို သေချာမှတ်တမ်းတင်ပါတယ်။
မေးတာတွေကတော့ စုံနေတာပါပဲ။
၉၆၉၊ ၇၈၆ အကြောင်းတွေ
မွတ်စလင်တွေရဲ့ ခြိမ်းခြောက်မှုတွေ
အဓိကရုဏ်းများရဲက မြစ်ဖျား
မ.ဘ.သ ရုံးကိုရောက်လာတဲ့ အကူအညီတောင်းခံလွှာတွေ
ဥပဒေအကြံပေးအဖွဲ့ ထားရှိပုံတွေ
စာရေးသူရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိတယ်ဆိုတာ မေးပါတယ်။
စစ်အစိုးရလက်ထက်တုန်းက ဦးဇင်းနောက်မှာ NLD ရှိတယ်လို့ ထင်ခဲ့ကြတယ်။
အခုကျတော့လည်း ဦးဇင်းနောက်မှာ အစိုးရရှိတယ် ကြံ့ဖွံ့ရှိတယ်လို့ စွပ်စွဲကြပြန်ရော
စစ်အစိုးရလက်ထက်တုန်းကလည်း ဦးဇင်းက NLD နဲ့ မပတ်သက်ဘူး။ ခုလည်း ဦးဇင်းနောက်မှာ အစိုးရတို့ ကြံ့ဖွံ့တို့နဲ့ လုံးဝ မပတ်သက်ဘူး။
ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ်ပိုင်ယုံကြည်ချက် ခံယူချက်တွေနဲ့ပဲ အလုပ်လုပ်တယ်။
နောက်ဆုံး အမေးအဖြေလေးကတော့
မေး- ဘာကြောင့် ပေါ်ပြူလာဖြစ်ရတာလဲ။
ဖြေ- ချစ်တဲ့သူရော မုန်းတဲ့သူရော ပေါလို့ပါ။