ဘူးလက်လှဆွေဆိုတဲ့ အမတ်ကြီးက ဝီရသူကို ဘုန်းကြီးတစ်ပါး၊ ရဟန်းတစ်ပါးလို့ မသတ်မှတ်ပါဘူး။
ရဟန်းလို့မသတ်မှတ်တဲ့အကြောင်း နှစ်ခါတောင် ပြောဖူးပါတယ်။
အမျိုးစောင့်ဥပဒေကိုလည်း လူ့အခွင့်အရေးနှင့်မညီဘူးဆိုပြီး ကန့်ကွက်ဖူးပါတယ်။
ကြံ့ခိုင်ရေးအမတ်ထဲမှာတော့ သူဟာ အလုပ်လုပ်တဲ့အမတ်တစ်ယောက်အဖြစ် ထင်ရှားသူပါ။
လွှတ်တော်ထဲမှာ ဖုန်းတွေရော စာရွက်စာတမ်းတွေရော ရှုပ်ရှက်ခတ်အောင်ကို အချိန်လုတင်ပြတာတွေ တွေ့ရပါတယ်။
ပြည်သူအတွက် အားကိုးထိုက်သော အမတ်ကြီးတစ်ယောက်ဖြစ်ကြောင်း အရေးကြီးအဆိုက သက်သေပြသွားပါတယ်။
ဒုက္ခသည်လို့ ခေါ်ဝေါ်နေကြတာဟာ နောက်ထပ် ဒီလူမျိုးတွေ တိုးပွားလာအောင် ဖိတ်ခေါ်ရာရောက်တယ် ဆိုတာရယ်၊
လွှတ်တော်ထဲမှာ ရှာရီယာလော ပြဋ္ဌာန်းဖို့ တောင်းဆိုလာနိုင်တယ် ဆိုတာရယ်က လေးစားလောက်တဲ့ အမျိုးသားရေး စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော် အမတ်ကြီးဦးလှဆွေရဲ့ အရေးကြီးအဆိုအောင်မြင်သွားရင် ရခိုင်ပြည်အရေး စိတ်အေးရပါပြီ။
အောင်မြင်ပါစေ အမတ်ကြီးရယ်။
ဝီရသူ (မစိုးရိမ်)
4.6.2015- PM 11:56
==================================================
“လှေစီးရွှေ့ပြောင်းဒုက္ခသည်များအရေး ပြတ်သားသောမူဝါဒချမှတ်ရန် လွှတ်တော်တွင် ရေးကြီးအဆိုတင်”
နေပြည်တော်၊ ဇွန် ၂
မြန်မာ့ရေပိုင်နက်တွင် ဖမ်းဆီးရမိနေသည့် လှေစီးရွှေ့ပြောင်းသူများအတွက် မြန်မာအစိုးရနေဖြင့် ပြတ်သားသောမူဝါဒ ချမှတ်ဆောင်ရွက်ရန် အမျိုးသားလွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းလိုက်သည်။
ယင်းအဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် မကွေးတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဇွန် ၂ ရက်နေ့တွင်ကျင်းပသည့် လွှတ်တော်အစည်းအဝေးသို့ အရေးကြီးအဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ယင်းအဆိုကို မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲများသောကြောင့် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းက ကြေညာခဲ့သည်။
ယင်းအဆိုတင်သွင်းသူ ဦးလှဆွေက “တစ်ဖက်နိုင်ငံကတစ်ဆင့် မြန်မာ့ရေပြင်ကို ဝင်ရောက်လာလို့ မကြာခဏဖမ်းမိတဲ့ ဖြစ်စဉ်များ ဖြစ်ပွားလျက် ရှိပါတယ်။ သူတို့တွေကို လှေစီးတဲ့သူတွေလို့ပဲခေါ်ပြီး ဒုက္ခသည်တွေလို့ နိုင်ငံတကာက မသုံးနှုန်းပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းတချို့က ဒုက္ခသည်တွေလို့ သုံးနှုန်းနေတာဟာ ပိုမိုဝင်ရောက်လာစေဖို့ တွန်းအားပေးသလို ဖြစ်နေပါတယ်”ဟု ပြောဆိုသည်။
ယင်းကိစ္စကို ကုလသမဂ္ဂအဖွဲ့ဝင်အချို့အနေနဲ့ မြန်မာအစိုးရကိုသာ ဖိအားပေးပြောဆိုမှုများသည် အလွန်စိတ်ပျက်ဖွယ်ကောင်းနေပြီး အစိုးရအနေနဲ့ မြန်မာနိုင်ငံသားများမဟုတ်ကြောင်း ပြန်လည်ငြင်းဆိုမှုကို ပိုမိုအားဖြည့်ဆောင်ရွက်စေလိုသောကြောင့် ယခုကဲ့သို့ အဆိုတင်သွင်းရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ခဏကနေ ကြာသွားရင် မူလက မရှိတဲ့ တိုင်းရင်းသား အယောင်အဆောင် လူအုပ်စုတစ်စုနှင့် ပူးပေါင်းသွားမှာ စိုးရိမ်ကြတာ ဖြစ်ပါတယ်။ ဒီ တိုင်းရင်းသားအယောင်ဆောင်ပြဿနာဟာလည်း နိုင်ငံတကာပြဿနာအဖြစ် ဖန်တီးနေမှုကို ကျွန်တော်တို့ ခံစားနေကြရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ခေတ္တဆိုတဲ့စကားကို တိတိကျကျ သတ်မှတ်သင့်တယ်”ဟု ၎င်းက ရှင်းပြသည်။
ယင်းလှေစီးသူများကို စတင်တွေ့ရှိသော မြန်မာပင်လယ်ရေပိုင်နက်၌ပင် ပဏာမစစ်ဆေးပြီး တစ်ဖက်နိုင်ငံရေပိုင်နက် သို့မဟုတ် နိုင်ငံတကာရေပိုင်နက်ဆီသို့ အစာရေစာ၊ ရိက္ခာထောက်ပံ့ဖြည့်ဆည်းကာ စောင့်ကြပ်ပို့ဆောင်ပေးလိုက်ပါက ပိုမိုသင့်လျှော်တဲ့နည်းလမ်းဖြစ်ကြောင်း ဦးလှဆွေက ဆိုသည်။
“ဟိုးကြီးကျွန်းအနီးမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူ ၇၀၀ ကျော် လူအုပ်စုဟာ လာရင်းဒေသကိုပြန်ပို့ပေးဖို့ သူတို့ကိုယ်တိုင်တောင်းဆိုနေကြောင်း သိရတဲ့အတွက် စားရေရိက္ခာပံ့ပိုးပေးပြီး တစ်ဖက်နိုင်ငံရေပိုင်နက်နယ်နိမိတ်ထိ လိုက်ပါပို့ဆောင်ပေးသင့်ကြောင်း ဆွေးနွေးလိုပါတယ်”ဟု ၎င်းက ပြောသည်။
ယင်းအပြင် ကမ္ဘာ့ရှေ့ဆောင် ဒီမိုကရေစီနိုင်ငံကြီးများဖြစ်သော အမေရိကန်၊ အိန္ဒိယနိုင်ငံတို့တွင် ကျင့်သုံးနေသော ခိုးဝင်သူများကို စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ပစ်ခတ်ရှင်းလင်းသည့်နည်းလမ်းကိုသုံးပြီး ပြတ်ပြတ်သားသားဆောင်ရွက်သွားပါက ခိုးဝင်လာသူအရေးအတွက် စိတ်အေးရမည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းပြောကြားသည်။
ယင်းခိုးဝင်လာသူများသည် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး အနေကြာလာပါက နိုင်ငံသားဖြစ်သွားနိုင်ပြီး မြန်မာနိုင်ငံရှိ အမျိုးသမီးများ ခေါင်းမြီးမခြုံပါက ကြိမ်ဒဏ်ရိုက်ခံရမည့်ဥပဒေများ တင်သွင်းလာမည်ကိုပင် စိုးရိမ်မိကြောင်း ဦးလှဆွေက ဆိုသည်။
ယင်းအဆိုကို တက်ရောက်လာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၉၁ ဦးဖြင့် မဲခွဲဆုံးဖြတ်ရာတွင် ၁၈၄ ဦးက ထောက်ခံခဲ့သဖြင့် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းက ကြေညာခဲ့သည်။
အဆိုပါလှေစီးဒုက္ခသည်များသည် လတ်တလောအခြေအနေတွင် အနေအစားဆင်းရဲခြင်းနှင့် ကျန်းမာရေးပြဿနာများ ကြုံတွေ့နေရကာ အသက်သေဆုံးသည်အထိ ကြုံတွေ့နေရကြောင်း၊ ထို့ကြောင့် အဆိုပါဒုက္ခသည်များ၏ လုံခြုံရေးနှင့် သက်သောင့်သက်သာ နေထိုင်နိုင်ရေးတို့ကို နိုင်ငံတကာအကူအညီများယူကာ အမြန်ဆုံးဆောင်ရွက်ပေးရန် လိုကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်အတွင်း လူမှုရေးပဋိပက္ခများကိုဖြေရှင်းရာတွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပဋိပက္ခမီးများကို တောက်လောင်စေသည့် အပြောအဆို၊ အပြုအမူများ ရှောင်ကြဉ်ရေးတို့ကို အလေးထားရန် NLDက တိုက်တွန်းကြောင်း ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံအတွင်းတွင် မေလ ၂၁ ရက်နေ့က ဘင်္ဂလီလူမျိုး ၂၀၀ ကျော်ပါဝင်သော စက်လှေတစ်စီးကို ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာအနီး ပင်လယ်ပြင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။
ယင်းအပြင် မေလ ၂၉ ရက်နေ့တွင် ဖျာပုံမြို့နယ်အနီး မြန်မာ့ရေပိုင်နက်အတွင်းတွင် ဘင်္ဂလီ ၇၀၀ ကျော်ပါဝင်သော ငါးဖမ်းသင်္ဘောတစ်စီးကို ထပ်မံဖမ်းဆီးရမိသည်။
Voice သတင်းစာ (3.6.2015)