Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ကျောင်းရေစက်ချပွဲလေးပါ”

$
0
0
မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေ၊ ဥယျာဉ်ပရိယတ္တိစာသင်တိုက်၊ တိုက်တည်ငွေရတုသဘင်အခမ်းအနားနှင့် အဓိဋ္ဌာနပါရမီ ငွေရတုကျောင်းဆောင် ရေစက်ချပွဲအခမ်းအနားပါ။
၃၀.၅.၂၀၁၅- (နယုန်လဆန်း ၁၃ ရက်)
၃၁.၅.၂၀၁၅- (နယုန်လဆန်း ၁၄ ရက်)
၁.၆.၂၀၁၅- (နယုန်လဆန်း ၁၅ ရက်)
သုံးရက်ဆက်တိုက် ကျင်းပတဲ့ပွဲမှာ မန္တလေးဝန်းကျင်းမှ စာချဆရာတော်များကို ပင့်ဖိတ်လှူဒါန်းတာက ၃၁.၅.၂၀၁၅ ရက်နေ့ ဖြစ်ပါတယ်။
အစိုးရိမ်တိုက်ကြီးနှစ်တိုက်၊ ဝိသုဒ္ဓါရုံ၊ မြတောင်၊ မိုးကောင်း၊ ဘုရားကြီးစတဲ့ မန္တလေး လေးပြင်လေးရပ် စာချဆရာတော်များနှင့် အမရပူရမြို့၊ စစ်ကိုင်းမြို့တို့မှ စာချဆရာတော်များလည်း ကြွရောက်ကြပါတယ်။
ဥယျာဉ်စာသင်တိုက်မှာ ဝါဆိုသံဃာ ၄၀၀ ကျော် ရှိပါတယ်။ စာချဘုန်းကြီးတွေလည်း မနည်းပါဘူး။ M.A- ဓမ္မာစရိယဘွဲ့ရ ဆရာတော်လေးများ၊ သာမဏေကျော် ဓမ္မာစရိယဘွဲ့ရ ဆရာတော်လေးများ အလုံအလောက် ရှိပါတယ်။

ပဓာနနာယကဆရာတော်က ဦးဇောတိက Ph.D (Thesis) ဖြစ်ပါတယ်။ စာရေးသူနှင့် အိုးဘို ဘဝတက္ကသိုလ်ကျောင်းတော်ကြီးမှာ အတူနေခဲ့ဖူးသော ဆရာတော်တစ်ပါး ဖြစ်ပါတယ်။ 



Viewing all articles
Browse latest Browse all 2129

Trending Articles