Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေငြာချက်နှင့်ပတ်သက်၍ စစ်ကိုင်း(မ.ဘ.သ)၏ ကြေညာချက်”

$
0
0
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (တိုင်းဒေသကြီး/မြို့နယ်)
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်

စာအမှတ်။ ၂၀၁၅/၁/မ.ဘ.သ/စ က
ရက်စွဲ။ ၁၃၇၇-ခုနှစ်၊ နယုန်လပြည့်ကျော်(၂)ရက်၊ ၂၀၁၅-ခုနှစ်၊ ဇွန်လ (၃)ရက်၊ (အင်္ဂါနေ့)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေငြာချက်နှင့်ပတ်သက်၍
စစ်ကိုင်း(မ.ဘ.သ)၏ ကြေညာချက်

၁။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂဒေ့ရှ်နိုင်ငံမှာ လူဦးရေပေါက်ကွဲလျက်ရှိပါသည်။
ယင်းနိုင်ငံ၏အကျယ်အဝန်းမှာလည်း မြန်မာနိုင်ငံ၏ ငါးပုံတစ်ပုံလောက်သာရှိပါသည်။ သို့သော် လူဦးရေမှာ သန်း(၁၅၀)ကျော်ရှိသောကြောင့် မြန်မာနိုင်ငံထက် နှစ်ဆလောက်များနေ၏။ လူဦးရေထူထပ်ခြင်း၊ သဘာဘေးအန္တရာယ်ကျရောက်ခြင်း၊ အလုပ်အကိုင် ရှားပါးခြင်းတို့ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသည့် လူဦးရေမှာ သန်းချီလျက် ရှိပါသည်။ ထို့ကြောင့် ဒုက္ခသည် ဘင်္ဂလီလူမျိုးများသည် နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ ထွက်ခွာကြလေသည်။ ထိုသို့ထွက်ခွာရင်းဖြင့် လူကုန်ကူးသူတို့၏ လက်ထဲသို့ရောက်ပြီး လှေစီးဒုက္ခသည် ဖြစ်သွားကြလေသည်။
၂။ မေလ (၂၁)ရက်နေ့တွက် မြန်မာ့ပင်လယ်ထဲမျောနေသည့် လှေစီးဒုက္ခသည် ဘင်္ဂလီများကို မြန်မာ့ရေတပ်မတော်မှ ကယ်တင်ခဲ့သည်။ ထို့နောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗိဂျေနမ်ဘီးယားနှင့် ကုလသမဂ္ဂ အေဂျင်စီကိုယ်စားလှယ်များအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ စိစစ်ကြည့်သောအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂလီလူမျိုးများဖြစ်ကြောင်း တိတိကျကျ သိရှိရလေသည်။
၃။ ထို့ကြောင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာရုံးမှ မြန်မာ့ပင်လယ်ပြင်တွင် တွေ့ရှိထားသည့် လှေစီးဒုက္ခသည် (၂၀၀)သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂလီလူမျိုးများဖြစ်ကြောင်း ယင်းတို့အား ကယ်ဆယ်သည့် မြန်မာ့ရေတပ်မတော်ကို ချီးကျူးကြောင်း မေလ (၂၅)ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ယင်းလှေစီးဒုက္ခသည်များဖြစ်ကြသည့် ဘင်္ဂလီများနှင်ပတ်သက်၍ (၁.၆.၂၀၁၅) ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်ကို ကြည့်သောအခါ အဓိကကျသော အချက်(၅)ချက်ကို တွေ့ရှိရပါသည်။

၁။ လှေစီးဒုက္ခသည်အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကဖြစ်သော်လည်း မြန်မာနိုင်ငံမှလည်း ပါဝင်သည်။
၂။ ယင်းဒုက္ခသည်ကိစ္စသည် ရခိုင်ပြည်နယ်တွင် လွန်ခဲ့သော သုံးလေးနှစ်ခန့်မှစ၍ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် ဆက်စပ်မှု ရှိသည်ဟု ရှုမြင်ကြပါသည်။
၃။ ယင်းဒုက္ခသည်များကို သေချာစွာလေ့လာဆန်းစစ်ပြီး သိမ်မွေ့စွာ ကိုင်တွယ်ရပါမည်၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်လုံးခြုံရေးကိုလည်း ဆောင်ရွက်ရန် လိုအပ်သည်။
၎။ ဒုက္ခသည်စခန်းတွင် နေထိုင်သူများ ပြန်လည်နေရာချထားရေး၊ လူသားချင်းစာနာထောက်ထားပြီး အကူအညီပေးရေးတို့ လိုအပ်သည်။
၅။ နိုင်ငံသားဖြစ်မှုဆိုင်ရာကိစ္စများကို တရားမျှတ ပွင့်လင်းစွာ ဆောင်ရွက်ရေးတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်သည်။

ယင်းကြေညာချက်များကို သုံးသပ်ကြည့်မည် ဆိုလျှင်....
(၁) လှေစီးဒုက္ခသည်အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်သော်လည်း မြန်မာနိုင်ငံမှလည်း ပါဝင်သည်ဟူသော ကြေညာချက်သည် ကုလသမဂ္ဂ္ဂ၏ ကြေညာချက်ကို ဖယ်ထုတ်သလို ဖြစ်နေပါ၏။ လှေစီးဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကဖြစ်သည်ဟု ကုလသမဂ္ဂမှ တရားဝင်ကြေညာထားပါလျက် ဒုက္ခသည်များမှာ မြန်မာနိုင်ငံသားများလည်း ပါဝင်၏ ဟု ဆိုခြင်းသည် ကိုယ့်ပေါင်ကိုယ် ပြန်ထောင်းသလိုပင် ဖြစ်နေပါသည်။ ထို့ကြောင့် ယင်းကြေညာချက်ကို လုံးဝ လက်မခံနိုင်ပါ။
(၂) ဒုက္ခသည်ကိစ္စသည် ရခိုင်ပြည်နယ်တွင် လွန်ခဲ့သော သုံးလေးနှစ်ခန့်မှစ၍ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် ဆက်စပ်မှုရှိသည်ဟု ရှုမြင်ကြပါသည် ဟူသော ကြေညာချက်သည် “ညောင်ဦးက ကမ်းပါးပြို၊ ရေစကြိုက နွားမပေါင်ကျိုး”ဆိုသကဲ့သို့ ဖြစ်နေပေသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြဿနာကို မြန်မာနိုင်ငံ၏ပြဿနာဖြစ်အောင် ဖန်တီးနေသလိုပင် ဖြစ်သောကြောင့် ကိုယ့်နိုင်ငံအတွက် သစ္စာမဲ့သောလုပ်ရပ်ဟု ဆိုရပေတော့မည်။ ထို့ကြောင့် ယင်းအချက်ကိုလည်း လုံးဝ လက်မခံနိုင်ပါ။
(၃) ယင်းဒုက္ခသည်များကို သေချာစွာ လေ့လာဆန်းစစ်ပြီး သိမ်မွေ့စွာ ကိုင်တွယ်ရမည်ဟူသော စကားနှင့် တရားဥပဒေစိုးမိုးရေး နယ်စပ်လုံခြုံရေးတို့ကိုလည်း ဆောင်ရွက်ရန် လိုအပ်သည်ဟူသော စကားနှစ်ရပ်သည် ရှေ့နောက် မညီပါ။ သိမ်မွေ့စွာကိုင်တွယ်လျှင် တရားဥပဒေစိုးမိုးမှုမရှိနိုင်ပါ။ တရားဥပဒေစိုးမိုးဖို့လိုရင်လည်း သိမ်မွေ့စွာကိုင်တွယ်လို့ မရပါ။ ပြတ်ပြတ်သားသား ကိုင်တွယ်ရပေမည်။ ဥပဒေဆိုသည်မှာ မဖြစ်မနေလိုက်နာရမည့် စည်းကမ်းတစ်ခု ဖြစ်ပါသည်။ ဥပဒေဖောက်ဖျက်သူများကို ပြင်းပြင်းထန်ထန်အရေးယူရသည်၊ လျှော့ပေး၍ မရပါ။ ထို့ကြောင့် လှေစီးဒုက္ခသည်များနှင့်ပတ်သက်၍ အခြားနိုင်ငံများက လက်မခံသကဲ့သို့ မြန်မာနိုင်ငံမှာလည်း လုံးဝ လက်မခံနိုင်ကြောင်း ပြတ်ပြတ်သားသား ကိုင်တွယ်ရမည် ဖြစ်သည်။ သို့ဖြစ်၍ ယင်းကြေညာချက်ကိုလည်း လုံးဝ လက်မခံနိုင်ပါ။

(၄) ဒုက္ခသည်စခန်းတွင် နေထိုင်သူများ ပြန်လည်နေရာချထားရေး၊ လူသားချင်းစာနာထောက်ထားပြီး အကူအညီပေးရေးတို့ လိုအပ်သည်ဟူးသော ကြေညာချက်သည် အမေကျော် ဒွေးဒေါ်လွမ်းသည့် ကြေညာချက်ဖြစ်သည်။ မြန်မာနိုင်ငံသည် ချမ်းသာသည့်နိုင်ငံ မဟုတ်သေးပါ၊ ကိုယ့်နိုင်ငံမှာရှိသော ဒုက္ခသည်များအတွက် လုပ်စရာ များစွာရှိပါသေးသည်။ သူများအပူကို ကိုယ့်အပူလုပ်စရာမလိုပါ။ တခြားနိုင်ငံမှ ဒုက္ခသည်များကို သဗ္ဗေသတ္တာ ကမ္မဿကာ သတ္တဝါအားလုံး ကိုယ့်ကံအတိုင်းဘဲ ဟုသာ နှလုံးသွင်း ဆင်ခြင်ရမည် ဖြစ်သည်။ ထို့ကြောင့် ယင်းကြေညာချက်ကိုလည်း လုံးဝ လက်မခံပါ။
(၅) နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိစ္စများကို တရားမျှတပွင့်လင်းစွာ ဆောင်ရွက်ရေးတို့ကို အလေးထား ဆောင်ရွက်ရန် လိုအပ်သည်ဟူသော ကြေညာသည် ခိုးဝင်ဘင်္ဂလီလူမျိုးများကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ပရိယာယ်ဖြင့် တောင်းဆိုထားခြင်းပင် ဖြစ်သည်။ နိုင်ငံတိုင်းတွင် နိုင်ငံသားဖြစ်ခွင့်ဥပဒေကို အခိုင်အမာ ရေးဆွဲကြပါသည်။ မြန်မာနိုင်ငံလည်း ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေ ရှိပြီး ဖြစ်ပါသည်။ ထိုဥပဒေသည် တည်ဆဲဥပဒေဖြစ်သည့်အတွက် တိတိကျကျ အကောင်အထည် ဖော်ရပေသည်။ တိုင်းရင်းသား ၁၃၅ မျိုးမှအပ မည်သည့်လူမျိုးကိုမှ တိုင်းရင်းသား ဖြစ်ခွင့်ပေးစရာမလိုပါ။ ခိုးဝင်ဘင်္ဂလီများကိုလည်း နိုင်ငံသားဖြစ်ခွင့် ပေးစရာမလိုပါ။ ထို့ကြောင့် ယင်းကြေညာချက်ကိုလည်း လုံးဝ လက်မခံနိုင်ပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်ကို ခြုံငုံသုံးသပ်ကြည့်သောအခါ တိုင်ပြည်နှင့် လူမျိုး ဘာသာနှင့် သာသနာအတွက် အားမကိုးထိုက်သည့် ကြေညာချက်များဖြစ်ကြောင်း တွေ့ရှိရပေသည်။ ထို့ကြောင့် စစ်ကိုင်း မ.ဘ.သ အနေဖြင့် လုံးဝ လက်မခံနိုင်ပါကြောင်း အတိအလင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ဘဒ္ဒန္တဓမ္မပ္ပိယာလင်္ကာရ
အကျိုးတော်ဆောင်ဆရာတော်
လေကျွန်းမြေအုဌ်ကျောင်းတိုက်
စစ်ကိုင်းတိုင်းဒေသကြီး မ.ဘ.သ

ဘဒ္ဒန္တပညာနန္ဒ
ဥက္ကဋ္ဌဆောင်ဆရာတော်
ရွှေတောင်ဦးမော်ကျောင်းတိုက်
စစ်ကိုင်းမြို့နယ် မ.ဘ.သ


Viewing all articles
Browse latest Browse all 2129

Trending Articles