အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီး သဘောထား ထုတ်ပြန်ကြေညာချက်(၇/၂၀၁၅)
၂၃.၅.၂၀၁၅ ရက်နေ့မှ ၂၅.၅.၂၀၁၅ ရက်နေ့အထိ သံလျင်မြို့တွင် ကျင်းပပြုလုပ်မည်ဆိုသော “ပြည်ထောင်စု သား မွတ်ဆလင်များ ပြည်လုံးကျွတ်ညီလာခံ” နှင့် ပတ်သက်၍ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) မန္တလေး၏ သဘောထားကြေညာချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက် သည်။
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးတွင် နေထိုင်ကြသော မွတ်ဆလင်ကုလားများသည် အကြောင်း အမျိုးမျိုးဖြင့် တိုင်းတစ်ပါးမှ တရားမဝင် လာရောက်နေထိုင်သူများဖြစ်ခြင်းကြောင့် “ပြည်ထောင်စုသား မွတ်ဆလင်များ” ဟူသော ပြောဆိုသုံးစွဲမှုကိုပင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာ ပြည်)၊ မန္တလေးက လုံးဝ(လုံးဝ)လက်မခံ။
၂။ ပြည်ထောင်စုသား မွတ်ဆလင်များ ပြည်လုံးကျွတ်ညီလာခံကို သံလျင်မြို့တွင်သာမက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မဆို ကျင်းပခြင်းကို လုံးဝ(လုံးဝ) လက်မခံ။
၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်သောကြောင့် ပြည်ထောင်စု သား မွတ်ဆလင်များ ပြည်လုံးကျွတ်ညီလာခံကျင်းပခြင်းကို လုံးဝ(လုံးဝ) ခွင့်မပြု။
၎။ ပြည်ထောင်စုသား မွတ်ဆလင်များ ပြည်လုံးကျွတ်ညီလာခံကျင်းပမည်ဆိုပါက မလိုလားအပ်သည့် အဓိကရုဏ်းများ ဖြစ်ပွားနိုင်ခြင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေနိုင်ခြင်းတို့ကြောင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)မန္တလေးက ညီလာခံကျင်းပမည့်ကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြတ်ပြတ်သားသား ထုတ်ပြန်ကြေညာလိုက်သည်။
ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)
အတွင်းရေးမှူးချုပ်ဆရာတော်
ဘဒ္ဒန္တဝဏ္ဏိတ
ပြန်ကြားရေးဌာနမှူး ဆရာတော်
ဘဒ္ဒန္တပညာသာမိ
ဒုတိယအတွင်းရေးမှူးချုပ်ဆရာတော်
ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်)
ဦးဆောင်ဆရာတော်