Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဧရာဝတီအတွက် တစ်ရက်တာ”

$
0
0
14.5.2015 ရက်နေ့ မနက်ပိုင်းမှာ မော်လမြိုင်ကျွန်းမြို့ကို ရောက်ခဲ့ပါတယ်။
ဒေါက်တာအရှင်သောပါက(မ.ဘ.သ-ဗဟို)ရဲ့ နောင်တော်ကြီးကျောင်းထိုင်တဲ့ ပုညဝဍ္ဎနကျောင်းမှာ နေ့ဆွမ်းစားပြီး ကျုံမငေးမြို့ကို ဖိုက်ဘာစက်လှေမြင့် လာခဲ့ပါတယ်။
စက်ရုံကျောင်းမှာ ခဏနားပြီး ရွှေထီးခန်းမမှာ တရားဟောပါတယ်။ မွန်းလွဲပိုင်း နေပူကြီးထဲမှာ ကျင်းပတာဆိုပေမယ့် ကျုံမငေးပရိသတ်က ယပ်ခတ်တရားနာကြတာပါ။ ချစ်စရာလေးတွေဖြစ်စေဖို့ မေတ္တာတေးတွေဆိုကြစို့ ခေါင်းစဉ်နှင့် ကမ္ဘာကြီးငြိမ်းချမ်းရေး တရားဟောကြားခဲ့ပါတယ်။
တရားပွဲအပြီးမှာ ကျေးဇူးရှင်ဆရာသမားများဖြစ်ကြတဲ့ စက်ရုံဆရာတော်၊ ဆင်နှစ်ကောင်ကျောင်းဆရာတော်၊ အုန်းပင်ဆရာတော်ကြီးတို့အား တစ်ကျောင်းဝင် တစ်ကျောင်းထွက် သွားရောက်ဖူးမြော်ခဲ့ပါတယ်။ 
မော်လမြိုင်ကျွန်းမြို့၊ မော်ရွှေဝါခန်းမမှာ ညတရားပွဲကျင်းပပါတယ်။ မော်ကျွန်း မဘသ စီစဉ်တဲ့ ပွဲလေးပါ။ စောင့်လေမျိုးနွယ် ဇာတ်လမ်းခွေ နမူနာပြပြီးမှ တရားဟောပါတယ်။ မဘသ ဂုဏ်ရည်တရား ဟောကြားခဲ့ပါတယ်။ 
ပုညဝဍ္ဎနကျောင်းမှာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့နှင့် ဝံသာနုအဖွဲ့မှ လူငယ်လူရွယ်များကို သြဝါဒကထာ မိန့်ကြားပါတယ်။
အဓိကလိုက်နာဖို့ကတော့ ကုလားဆင်တဲ့အကွက်ထဲ မဝင်မိစေဖို့ သတိဝီရိယနှင့် ဥပဒေဘောင်အတွင်းမှ ကာကွယ်စောင့်ရှောက်ဖို့ပါပဲ။
အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခံထားရတဲ့ အစွန်းရောက်ဘုန်းကြီးတစ်ပါးရဲ့ အစွန်းမရောက်ရေး ဆုံးမသြ ဝါဒပဲဖြစ်ပါတယ်။



Viewing all articles
Browse latest Browse all 2129

Trending Articles