Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“သာသနာပြုစွမ်းရည်မြှင့် သင်တန်း”

$
0
0
မ.ဘ.သ (ဗဟို)မှ ဦးစီးကျင်းပအပ်သော ဒုတိယအကြိမ် သာသနာပြုစွမ်းရည်မြှင့်သင်တန်း ဆင်းပွဲကို ဒဂုံတောင်ပိုင်းမြို့နယ်၊ ပိဋကတ်သုံးပုံ နိကာယစာသင်တိုက်မှာ ၁၃.၅.၂၀၁၅ ရက်နေ့၊ ညနေ ၄း၀၀ နာရီအချိန်တွင် ကျင်ပပြုလုပ်ခဲ့သည်။
နိကာယစာသင်တိုက် ပဓာနနာယက ရွှေရတုတိပိဋကဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ၊ ရန်ကုန်တိုင်း မ.ဘ.သ ဥက္ကဋ္ဌ ဆရာတော်အပါအဝင် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ကြပါသည်။
ဤစာသင်တန်းကို ၉.၅.၂၀၁၅ ရက်နေ့မှ စတင်ပို့ချခဲ့ခြင်းဖြစ်ပြီး လက်တွေ့အသုံးချ အခြေခံဥပဒေသင်တန်းနှင့် အွန်လိုင်းကွန်ရက်သင်တန်းတို့ကို ပို့ချခဲ့ခြင်း ဖြစ်ပါသည်။
ရှေ့နေကြီးများဖြစ်သော ဦးဇော်နိုင်(မန္တလေး) ဦးကျော်ကျော်၊ ဦးသန်းထိုက်၊ ဒေါ်စန္ဒာဝင်း၊ ဒေါ်ကြည်ပြာစိုး၊ ဒေါ်ဇာနည်ဝင်းထွန်း၊ ဒေါ်နန်းရှုဂေးခလိန်နှင့် အိုင်တီပညာရှင်များဖြစ်သော ဦးဝင်းမောင် (ရွှေသံစဉ်)၊ ကိုကျော်နန္ဒကို (သခင်ခက်ထန်)၊ ကိုနောင်တော်လေးတို့က အလှည့်ကျ ပို့ချခဲ့ခြင်း ဖြစ်ပါသည်။
ရန်ကုန်တိုင်းဧရိယာအတွင်းမှ ဆရာတော် သံဃာတော်များ အမျိုးသား အမျိုးသမီးများ (၇၀)ကျော် တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဧရာဝတီတိုင်းအတွက် ပန်းတနော်မြို့၊ မြတောင်ကျောင်းတိုက်၌ ၂၇.၅.၂၀၁၅ မှ ၃၁.၅.၂၀၁၅ အထိ။
မကွေးတိုင်းအတွက် ပခုက္ကူမြို့၊ ဗောဓိမဏ္ဍိုင်ကျောင်းတိုက် ၂၃.၆.၂၀၁၅ မှ ၂၇.၆.၂၀၁၅ အထိ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ 




Viewing all articles
Browse latest Browse all 2129

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း