Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မစိုးရိမ်တိုက်သစ် ကျေးဇူးရှင် အဂ္ဂါဘိဓဇ ဆရာတော်ကြီးအား ရည်စူးတဲ့ပွဲလေးပါ”

$
0
0


၂.၅.၂၀၁၅ ရက်နေ့ မနက် ၉း၀၀ နာရီ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်းမှာ ကျင်းပဲခဲတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ဧရာဝတီရောက်နေလို့ မတက်ရောက်နိုင်ပေမယ့် ပင့်သံဃာတော်များအား မာတင်သင်္ကန်းတစ်စုံစီ လှူဒါန်းနိုင်ခဲ့ပါတယ်။
ကျေးဇူးရှင် အဂ္ဂါဘိဓဇ မစိုးရိမ်တိုက်သစ် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ပျံလွန်တော်မူတာ ၁၂ နှစ် ရှိပါပြီ။ ၂၀၀၃ ဧပြီလ ၃၀ ရက်နေ့၊ ၁၃၆၅ တန်ခူးလကွယ်နေ့မှာ ပျံလွန်ခဲ့ပေမယ့် တန်ခူးလကွယ်နေ့က နှစ်ဆန်းတစ်ရက်နေ့ဖြစ်တာကြောင့် ကဆုန်လပြည့်နေ့ကို ပြောင်းရွှေ့ပြုလုပ်ရခြင်းပဲ ဖြစ်ပါတယ်။
ဒီပွဲမှာ ဆရာတော်ဘုရားကြီးရဲ့ တပည့် ဒကာ/မတွေ အနယ်နယ်အရပ်ရပ်မှ ကြွလာပြီး ရည်စူးလှူဒါန်းကြပါတယ်။
စာရေးသူ မာတင်သင်္ကန်းဒွိစုံ (၉၂)စုံအတွက် (၂၇)သိန်းကျပ်တိတိ လှူဒါန်းနိုင်ခဲ့ပါတယ်။
ကျေးဇူးရှင် ဆရာတော်ဘုရားကြီးအားလည်းကောင်း၊ စာဖတ်ပရိတ်သတ် (အွန်လိုင်း)အားလည်းကောင်း ကုသိုလ်ဝေစု - အမျှ . . . ပေးဝေပါသည်။
အမျှ . . . အမျှ . . . အမျှ
ယူတော်မူကြပါကုန်လော့ . . . . .။


Viewing all articles
Browse latest Browse all 2129

Trending Articles