
မန်း မ.ဘ.သ အတွင်းရေးမှူးချုပ်ဆရာတော်ကြီးများနှင့် ဝိုင်းတော်သူ ဝိုင်းတော်သားများက ဇွဲကပင်တောင်ဆရာတော်ကြီးအား သြကာသကန်တော့ချိုးဖြင့် ရှိခိုးပူဇော်တဲ့အခါ ဇွဲကပင်တောင်ဆရာတော်ကြီးက သြဝါဒပေးပါတယ်။
ပထမပိုင်းမှာ အမျိုးဘာသာ သာသနာရေးများဖြစ်ပြီး နောက်ပိုင်းမှာ မဟနနှင့် အစိုးရကြောင်းများပါ ထည့်သွင်းဟောကြားသွားတာ ဖြစ်ပါတယ်။
ကယားပြည်နည်ရောက်တုန်းက ကယား မ.ဘ.သ အဖွဲ့ လာရောက်ဖူးမြော်ကြသလို မန္တလေးရောက်တဲ့အခါ မန်း မ.ဘ.သ က ပင့်ဖိတ်သြဝါဒခံတာတွေ့ရလို့ ဆရာတော်ကြီးက သံဃာညီညွတ်တာကို ဝမ်းသာအားရ ဖြစ်နေပါတော့တယ်။