၇.၅.၂၀၁၅ ည ၈း၃၀ နာရီ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ကျေးရွာ၊ သာသနဝိမာနကျောင်းတိုက်၊ ဇမ္ဗူချမ်းသာမြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲဓမ္မသဘင်။
မန်း မ.ဘ.သ ရုံးနှင့် အတုမရှိဂျာနယ်ရုံးတိုက်ရှိရာ မန္တလေး ကင်းဝန်မင်းကြီးတိုက်၊ အကျော်ကျောင်းဆရာတော်နှင့် မန်း မ.ဘ.သ ဒုတိယအတွင်းရေးမှူးချုပ်၊ မန္တလေး၊ ကင်းဝန်းမင်းကြီးတိုက်၊ သာသနပါလကျောင်းဆရာတော် ဘဒ္ဒန္တပညာသာမိ နောင်ညီနှစ်ပါးရဲ့ မွေးရပ်မြေဖြစ်ပါတယ်။
တရားပွဲကျင်းပတာ ၂ ကြိမ်ရှိပါပြီ။ နှစ်စဉ်ကျင်းပတော့မှာ ဖြစ်ပါတယ်။
ပထမနှစ်မှာ သုံးည ဒုတိယနှစ်မှာ ငါးည ကျင်းပတာဖြစ်ပြီး နောက်ဆုံးညမှာ စာရေးသူဟောရတာ ဖြစ်ပါတယ်။
ရွာကလည်းညီညွတ် စီမံမှုကလည်းကောင်း ရာသီဥတုလည်းသာယာလို့ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။
စောင့်လေမျိုးနွယ်ဇာတ်လမ်းခွေလေး ရှမ်းပြည်နှင့် ဧရာဝတီမှာသာမက အညာမြေမှာပါ အလုပ်ဖြစ်နေကြောင်းပါဗျာ။