၇.၅.၂၀၁၅ ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ စည်းဝေးတာပါ။
ကျောင်းအုပ်ဆရာတော်ဦးသူရိယ၊ ကျောင်းအုပ်ဆရာကြီး ဦးမြင့်၊ ကျောင်းအုပ်ဆရာလေး ဦးမိုးအောင်နှင့် ဆရာမများ တက်ရောက်ကြပါတယ်။ Fresher တန်းအတွက် ယခု မေလ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ရေးနှင့် အချိန်ဇယားရေးဆွဲခြင်းတို့အတွက် စည်းဝေးဆုံးဖြတ်ကြတာပါ။
လောကအလင်းကျူရှင်ကျောင်းကို ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အခုဆိုရင် ပညာသင်နှစ် လေးနှစ်မြောက်ပြီ ဖြစ်ပါတယ်။
ပထမနှစ် (၂၀၁၂-၂၀၁၃)မှာ ၄၅ ယောက်ဖြေ ၁၅ ယောက်အောင်ပြီး တစ်ဘာသာ ဂုဏ်ထူးရှင်တစ်ယောက် ပေါ်ထွန်းခဲ့ပါတယ်။
ဒုတိယနှစ် (၂၀၁၃-၂၀၁၄)မှာ ၆၇ ယောက်ဖြေ ၂၁ ယောက်အောင်မြင်ပါတယ်။ နှစ်ခြင်းပေါက်အောင်မြင်သူတွေ တိုးလာပါတယ်။
တတိယနှစ် (၂၀၁၄-၂၀၁၅)မှာလည်း ၆၇ ယောက် ဖြေထားပါတယ်။
လောကအလင်းပညာဒါနကျူရှင်ကျောင်းဟာ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်မှာတည်ရှိပြီး ဆရာ ဆရာမ ၁၈ ဦးက ကျောင်းသား ကျောင်းသူများအတွက် ပညာပါရမီ ကုသိုလ်ဖြစ် သင်ကြားပို့ချနေတာ ဖြစ်ပါတယ်။
မနက် ၇း၀၀ နာရီမှ ညနေ ၆း၀၀ နာရီထိ Fresher တန်းနှင့် Repeater တန်းများကို နေ့စဉ်သင်ကြားပေးတာဖြစ်ပြီး အခြေခံသင်ကြားပြီးတိုင်း အောက်တိုဘာလမှစ၍ ညဂိုက်များဖြင့် ထပ်မံကြီးကြပ်သင်ကြားပေးတာ ဖြစ်ပါတယ်။
ကျောင်းအသုံးစရိတ်အားလုံးကို စာရေးသူရဲ့ဓမ္မပူဇာအလှူငွေများထဲမှ နှစ်စဉ်သုံးစွဲ ကုသိုလ်ပြုနေတာ ဖြစ်ပါတယ်။
ကျောင်းအုပ်ဆရာတော်လေး ဦးသူရိယ 092025964၊ ကျောင်းအုပ်ဆရာလေး ဦးမိုးအောင် 0920165000 ထံ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။