Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“နိုင်ငံတကာမီဒီယာများတွင် ရခိုင်သတင်းများကို ဘက်လိုက်ရေးသားမှုများရှိနေကြောင်း ပြင်သစ်သမိုင်းပညာရှင် ဒေါက်တာဂျက်လိုင်ဒါ ဝေဖန်”

$
0
0


မင်းပြား၊ မေ ၅
အနောက်နိုင်ငံများ၏ ရခိုင်နှင့်ပတ်သက်သည့် သမိုင်းဆိုင်ရာမှားယွင်းမှုများကြောင့် နိုင်ငံတကာမီဒီယာမျာတွင် တစ်ဖက်သတ် ဘက်လိုက်ရေးသားမှုများတွေ့နေရကြောင်း ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ရောက်ရှိနေသည့် ပြင်သစ်သမိုင်းပညာရှင် ဒေါက်တာဂျက်လိုင်ဒါက ပြောဆိုလိုက်သည်။
“ဒါပေမယ့် ဘယ်လိုပဲဖြစ်နေနေ သမိုင်းကိုပြန်ကြည့်ရင် ရခိုင်တွေဟာ ဘင်္ဂလီတွေအများဆုံးရှိနေတဲ့ စစ်တကောင်းဒေသကို တည်ငြိမ်အောင် ထိန်းချုပ်ထားနိုင်ဖူးတယ်။ ဒါကြောင့် ရခိုင်တွေအနေနဲ့လည်း ကိုယ်ပိုင်အနာဂတ်ကို အကောင်းဆုံးဖန်တီးသွားနိုင်မယ်လို့ ယုံကြည်တယ်”ဟု ပြင်သစ်သမိုင်းပညာရှင် ဒေါက်တာဂျက်လိုင်ဒါက ဆိုသည်။
ရခိုင်သမိုင်းအားလေ့လာပြီး ဒေါက်တာဘွဲ့ရရှိထားသည့် ပြင်သစ်နိုင်ငံသား သမိုင်းပညာရှင် ဒေါက်တာဂျက်လိုင်ဒါသည် မေ ၁ ရက်မှ ၆ ရက်အထိ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ မင်းပြားမြိုနယ်များတွင် လာရောက်လေ့လာနေခြင်းဖြစ်သည်။
“မြန်မာနိုင်ငံလို နိုင်ငံတာကာနဲ့ အဆက်အဆံတွေကိုပိတ်ထားပြီးမှ ပြန်ပြီးဖွင့်လှစ်တဲ့နိုင်ငံတိုင်းလိုလိုမှာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြဿနာတွေဖြစ်လာတာရှိတယ်။ နိုင်ငံတကာ UN အပါအဝင် INGO/ NGO အဖွဲအစည်းတွေဟာ ဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်တဲ့နေရာမှာ နိုင်ငံပေါင်းစုံကရလာတဲ့ အတွေ့အကြုံကို ဒီမှာစမ်းသုံးလေ့ရှိကြတယ်။ ဒေသခံတွေကို အလေးမထားကြဘူး။ ထိရောက်တဲ့စီမံချက်တွေဖြစ်အောင် ဒေသခံတွေကို သေချာစစ်တမ်းကောက်ထားတာလည်း မရှိဘူး။ ဒါနဲ့ပဲ လုပ်ငန်းတွေက ဒေသမှာ မအောင်မြင်တော့ဘဲ ပြဿနာတွေဖြစ်ရတယ်။”ဟု စစ်တွေမြို့တွင်ရောက်ရှိနေသည့် ဂျက်လိုင်ဒါကဆိုသည်။
လက်ရှိ ကုလသမဂ္ဂတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အလွတ်အကြံပေးအဖြစ် တာဝန်ယူထားသူ ဒေါက်တာဂျက်လိုင်ဒါက ၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားသော ရခိုင်ပြည်နယ်အရေးအခင်းကမ္ဘာ့နိုင်ငံပေါင်းများစွာတို့တွင်ပြောကြားနေသည့် ရိုဟင်ဂျာလူမျိုးဆိုသည်ကို ရခိုင်ဆိုင်ရာ သမိုင်းအထူးပြုလေ့လာခဲ့သည့်၎င်းအနေဖြင့် နားမလည်နိုင်ကြောင်း ပြောကြားလိုက်သည်။ “ကျွန်တော်က ဒီကဒေသခံတွေရဲ့ အဓိကခံစားချက်တွေနဲ့ ပြောချင်တဲ့စကားတွေကို UN လိုအဖွဲ့အစည်းတွေကို ပြန်ပြောပြလို့ရအောင် လာရောက်တာဖြစ်ပါတယ်။ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေထဲမှာမှ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် မှန်မှန်ကန်ကန်ဆောင်ရွက်ပေးမယ့်အဖွဲ့တွေကို ရွေးချယ်ပေးတတ်ဖို့လိုတယ်”ဟု သမိုင်းပညာရှင် ဂျက်လိုင်ဒါက ဆိုသည်။
မင်းပြားမြို့ Public Center တွင် ဒေါက်တာဂျက်လိုင်ဒါသည် မင်းပြားမြို့ပေါ်ရှိ နိုင်ငံရေးပါတီများမှ ကော်မတီဝင်များ လူမှုအဖွဲ့အစည်းခေါင်းဆောင်များ စီးပွားရေးသမားများအပါအဝင် လူ ၃၀ ခန့်တက်ရောက်ကာ လက်ရှိ ရခိုင်ပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးအခြေအနေများအား ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ 


Viewing all articles
Browse latest Browse all 2129

Trending Articles


လုလုအောင် HD အသစ်


မြန်မာမာရီယိုဂိမ်း


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။