“ဆရာတော်ဦးဝီရသူ၏ အထူးတရားပွဲ”
နေရာ- အလယ်ရေကျော်ကျေးရွာ၊ သီရိမင်္ဂလာဘုန်းကြီးကျောင်းဝင်းအတွင်း။
နေ့ရက်- ၁၃၇၇ ခု၊ ကဆုန်လပြည့်ကျော် (၃)ရက်၊ ၂၀၁၅ မေလ (၅)ရက်၊ အင်္ဂါနေ့။
အချိန်- ည (၈)နာရီတိတိ
» အမျိုးဘာသာ သာသနာနှင့်ပတ်သက်၍ အမှန်တရားကိုသိလိုသူ၊ အမှန်တရားကိုမြတ်နိုးသူ၊ အမှန်တရားကိုစောင့်ရှောက်လိုသူတို့အတွက် မဖြစ်မနေနာကြားသင့်သည့် တရားတစ်ပွဲ။
» မည်သူတို့ မည်သည့်စကားဖြင့်ဝေဖန်ကြသည်ဖြစ်စေ အချိန်ကာလသည် အမှန်တရားကိုဖော်ပြလိမ့်မည်ဟု ခံယူယုံကြည်ထားသူတို့ စုပေါင်း ဝိုင်းဝန်းကျင်းပသည့် တရားတစ်ပွဲ။
» ခက်ခဲစွာရရှိလာသော ဗုဒ္ဓ၏သာသနာတော်မြတ်ကြီး အဓွန့်ရှည်စွာ တည်တံ့ပြန့်ပွားစေရန် ဆောင်ရွက်ကြိုးပမ်းချင်သူတို့အတွက် ‘တွန်းအား’ဖြစ်စေမည့် တရားတစ်ပွဲ
» အမှားနှင့်အမှန်ကို ဝေဖန်လိုသူတို့အား မသိဘဲဝေဖန်နေခြင်းထက် လေ့လာပြီး ဝေဖန်နိုင်စေရန် ‘မီးမောင်း’ထိုးပြမည့် တရားတစ်ပွဲ။
“အလှူအားလုံးတို့တွင် တရားကိုပေးလှူခြင်းသည် အမြတ်ဆုံး”