8.5.2014 ည8:00၊ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ငတမျှော်ကျေးရွာ၊ ထူပါရုံကျောင်းတိုက်၊ ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ဓမ္မသဘင်မှာ ဟောကြားသည်။
ငတမျှော်ရွာသည် 15.1.2014 အတုမရှိသံဃာ့ညီလာခံမှာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သော နိုင်ငံကျော်ဓမ္မကထိက သရဖူဆရာတော် ဒေါက်တာအရှင်တေဇနိယရဲ့ ဇာတိရွာ ဖြစ်ပါတယ်။
ချင်းတွင်းလေကိုလည်း အငမ်းမရနမ်းရှူ၊ ထွေလာဂျီကိုလည်း လက်မှာသွေးခြေဥအောင် မြဲမြဲကိုင်စီးရင်း ရွာသူ/ရွာသားတွေ လိုလားတောင့်တနေတဲ့ ဇာတိသွေး၊ ဇာတိမာန်တရားတွေ ဟောကြားခဲ့ပါတယ်။
အမျိုးစောင့်ဥပဒေ ကန့်ကွက်နေတဲ့ ဦးဦးဒေါ်ဒေါ် ကိုကိုမမ ကန့်ကွက်ကန့်လန့်ကြီးတွေ ပေါင်းလို့မှ ဦးပဉ္စင်းရဲ့ တရားတစ်ပွဲစာ ပရိသတ်လောက်ကို မရှိတာပါ ခင်ဗျ……..။