အမှန်တရားကို မြတ်နိုးသူ၊ မျိုးချစ်စိတ်ဓာတ် မြင့်မြတ်သူအဖြစ် မိမိအား ကြည်ညိုရင်းစွဲရှိသော တပည့်လေး တစ်ပါးပါ။
သူ… ကိုရင်ဘဝမှာ အမျိုးသားရေးမျက်စိပွင့်ခဲ့လို့ စာရေးသူအား ဆရာရင်းလို လေးစားကြည်ညိုသူလည်း ဖြစ်ပါတယ်။
စာရေးသူ သင်္ကန်းချွတ်ဘဝဖြင့် နေရစဉ်မှာ စာရေးသူကို ငဲ့ပြီး မွေ့ရာနှင့်မအိပ်ဘဲ ကြမ်းပြင်မှာပဲ အိပ်ခဲ့တာ စာရေးသူ လွတ်တဲ့အထိပါပဲ။
ဒီကိုယ်တော်လေး (ဒီလူငယ်လေး)ရဲ့ ကြိုးပမ်းမှုတွေကိုသာ သိခွင့်ရခဲ့ရင် ထောင်ထဲမှာနေရတာ အတော်အရသာ ရှိမှာပဲ။
ဒီလိုမသိတော့ ဝီရသူ- လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ကြိုးပမ်းသူတစ်ယောက်တလေမှ မရှိကြဘူးဆိုပြီး ထောင်ထဲမှာ အားငယ်စိတ်လေးတွေ ဝင်မိတဲ့အခါမျိုးလည်း ရှိခဲ့ပါတယ်။
အခုချိန်ထိ အဝေးရောက်ကူညီသူအဖြစ် လှူဒါန်းထောက်ပံ့နေသူလေးပါ။
ဝီရသူကို ကြည်ညိုမိလို့ ပေးဆပ်ခဲ့ရတာတွေ မနည်းလှပါဘူး။
တကယ့် ပါရမီဖြည့်ဖက် ညီငယ်လေးတစ်ယောက်ပါ။
ဝီရသူက လက်ညှိုးနှင့်လက်ခုပ်၊ လက်အုပ်နှင့်လက်သီးကို တူညီသော လောကဓံတရားအဖြစ် ရှုမြင်နိုင်ပေမယ့် လူငယ်လေးခမျာမှာတော့ လက်ညှိုးဒဏ်ကို အလူးအလဲ ခံနေရရှာပါတယ်။
စာရေးသူကတော့
ယုံကြည်ချက်နှင့် အသက်ရှင်သူ
ခံယူချက်နှင့် ရပ်တည်သူ
အသက်သွေးနှင့် ပေးဆပ်(မည့်)သူ ဖြစ်ပါတယ်။
လက်ညှိုးထိုးမှုတွေ၊ တံတွေးထွေးမှုတွေ၊ မေးငေါ့မှုတွေ၊ လက်တို့မှုတွေလောက်တော့ အပျော့ပေါ့နော်…..။
ပျင်းတောင်ပျင်းသေးတယ်…….ပြောရမှာပဲ….။
ဆက်ကပ်ပါရန်
ဦးဝိစိတ္တာဘိဝံသ
ဝီရသူ ( မစိုးရိမ်)
ဓမ္မသဟာယကျောင်း ( နာယက )
ပရိယတ္တိသာသာနာဟိတ သကျသီဟဓမ္မာစရိယ
ထေရ၀ါဒတိုက်ပွဲ
ပရိယတ္တိရွှေချိန်ခွင် ကျမ်းပြုဆရာတော်
ဆရာတော်ဘုရားနေကောင်းကျန်းမာစိတ်ချမ်းသာပါစေကြောင်း ဦးစွာပထမဆုတောင်းမေတ္တာပို့ သပေးလိုက်ပါတယ်ဘုရား…ဆ၇ာတပည့် နှစ်ယောက်ဆယ်စုနှစ်တစ်ခုကျော်ကြာပြီမှ တစ်ခါလောက်ပဲပြန်ပြီးတော့ဆုံခွင့်ရတဲ့အချိန် ၂၀၁၂ ကဆိုအင်မတန်မှ ၀မ်းသာပီတိ ဖြစ်ရပါတယ်ဘုရား. ဒါပေမဲ့ တွေ့ ဆုံလိုက်ရတဲ့အချိန်မှာ အချိန်ကာလ အကြာကြီးနေမှ ပြန်ပြီးတော့တွေ့ လိုက်ရတော့ တပည့်တော်က လူ့ ဘ၀နှင့် ဖြစ်နေပြန် နောက် အရှင်ဘုရားကျပြန်တော့လည်း ထောင်ထဲမှာ ၈
နှစ်ကျော်ကြာမြင့်စွာသီတင်းသုံးခဲ့ပြီးမှာတွေ့ ကြတာဆိုတော့ မတူညီကြတဲ့ အတွေ့ အကြုံ အခြေအနေ ဖြတ်သန်းမှူ့ တွေကလည်း ဝေးကွာသွားတဲ့ ၁၀ နှစ်ကျော်မှာ အပြောင်းလဲကြီးပြောင်းသွားခဲ့ရပါတယ် ဘုရား..အထူးသဖြင့်အရှင်ဘုရားဆိုရင် ထောင်ထဲမှာ ၈နှစ်နှင့် ၃လကျော်တောင် ရဟန်းတော်တွေ အင်မတန် ချစ်မြတ်နိုးလှတဲ့သင်္ကန်းတော်ကို စွန့် လွှတ်ပြီး ထောင်ဝတ်စုံနေ့ စဉ် ၀တ်ဆင်မြန်းခဲ့ရတာ ကိုတွေးပြီးတော့ မျက်ရည်ကျခဲ့ရတဲ့နေ့ တွေလည်း မနည်းလှပါဘူးဘုရား။… စာရေးဆရာတစ်ယောက်က ရေးဘူးတာကိုဖတ်ဘူးပါတယ်ဘုရား ထောင်ဆိုတာ လူရှင်တွေကိုမြှပ်နှံတဲ့ လူရှင်သချိုင်းတဲ့.. ဒါပေမဲ့ အရှင်ဘုရားတို့ လိုကိုယ်ယုံကြည်ချက်ကိုဖြောင့်ဖြောင့်တန်းတန်းလုပ်ခဲ့တဲ့အတွက်ထောင်ကျခဲ့တယ်ဆိုတော့ ထောင်ဆိုတာအရှင်ဘုရားအတွက်တော့ အောင်မြေနင်းရာ အောင်မြင် နေရာတစ်ခုဖြစ်ခဲ့ပါတယ်ဘုရား...အရှင်ဘုရားအနေနှင့် အစမရိုးတဲ့ အစိုးရမျိုးဖမ်းဆီးတာခံရပြီး စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်ဆိုင်ရာနှိပ်စက်ညှင်းဆဲမှူ့တွေခံခဲရတယ်ဆိုတာကိုလည်း တပည့်တော်ပြေးမကြည့်နိုင်ခဲ့ပေမဲ့ တွေးကြည့်ယုံနှင့်တင် သိပါတယ်ဘုရား…ဒါကြောင့်မို့ လို့ လည်း အရှင်ဘုရာ့းအဖမ်းခံရတယ်ဆိုတာကို ဆန့် ကျင်ကန့် ကွက်တဲ့အနေကော အရှင်ဘုရား လွတ်မြောက်ရေးအတွက်ကို တောင်းဆိုတဲအနေနှင့် တပည့်တော် ကိုယ်တိုင်ခေါင်းဆောင်ပြီး အရှင်ဘုရားအဖမ်းခံရပြီးလို့  မကြာခင်မှာပဲ ရန်ကုန်တိုင်း ဗဟန်းမြို့ နယ် ပါဠိတက္ကသိုလ်ညောင်းတုန်းကျောင်းတိုက်က ရဟန်းသာမဏေအပါး ၂ရ၀ ကျော်ကို ဦးဆောင်ပြီး
အဲဒီအချိန် မြန်မာသက္ကရာဇ်နှင့်တိတိကျကျပြောရရင် ၁၃၆၅ ခုနှစ်တန်ဆောင်မုန်းလဆန်း ( ၉ ) ရက်နေ့ တနင်္ဂနွေနေ့ အဲဒီအချိန်က ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်မြင့်ဆွေ အခု ရန်ကုန်တိုင်းဝန်ကြီးချုပ် လာပြီးတော့ ကထိန်သင်္ကန်းနှင့်နေ့ ဆွမ်းလာကပ်တာကို ရဟန်းသံဃာတော်တွေကို ပြည်သူလူထုကို နှိပ်စက်ပြီးတော့အုပ်ချုပ်တဲ့စစ်အာဏာရှင်ကပ်တဲ့ဆွမ်းကို မစားဖို့ စည်းရုံးခဲ့တာလည်း တပည့်တော်ပါပဲဘုရား နောက်ဆုံး ရဟန်းသံဃာတော် အပါး၂၇၀ ကျော် စားမည့်စားပွဲဝိုင်းကြီးဟာ ဆွမ်းဘုဉ်းပေးမဲ့သံဃာတစ်ပါးတစ်လေတောင် မရှိတာကြောင့်ဟာလာ ဟင်းလင်းကြီးဖြစ်သွားခဲ့ရတာလည်း အရှင်ဘုရားအဖမ်းခံရတာကို ဆန့် ကျင်တဲ့အနေနှင့် ကော နောက်အဲဒီအချိန်အဖမ်းခံရတဲ့ ဦးရာဇဓမ္မ သာယာဝတီထောင်ထွက် အဖမ်းခံ၇တာကို ဆန့် ကျင့်တဲ့အတွက် ဒီလိုအောင်ပွဲမျိုးကို ရဟန်းသံဃာတော်တွေလုပ်ခဲ့ကြတာပါဘုရား…
နောက်ဆုံးမှာ နောက်ဆက်တွဲအဖြစ် တပည့်တော်ခေါင်းဆောင်တစ်ပါးတည်းကိုသာ ရွေးပြီးတော့ အစိုးရရဲ့ တစ်စုံတစ်ရာဖိအားကြောင့် ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်က ထုတ်လိုက်ကြပါတယ်ဘုရား… ငယ်ရွယ်တဲ့အချိန်မှာ ဒီလိုကျောင်းက ထုတ်ခံခဲ့ရတာလည်း အရှင်ဘုရားကို ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ဆန့် ကျင့်တဲ့အတွက်ကြောင့် ရလဒ်တွေထဲက တစ်ခုလို့ ပဲ သဘောထားပါတယ်ဘုရား …
အရှင်ဘုရားသိတဲ့အတိုင်းပါပဲ ဘုရား အဲဒီအချိန်တွေကဆိုရင် ဦးနန္ဒာစရိယတို့  ဦးဥာဏ၀ံသတို့ လည်း ပြေးလွှားခဲ့ကြရတာပါပဲဘုရား ….အဲဒီအချိန်တွေက တပည့်တော်တို့ ကျောင်းကအထုတ်မခံရမီအချိန်တွေ
နောက် တပည့်တော်တို့ လှူပ်ရှားမှူ့ တွေလုပ်နေတဲ့အချိန်တွေမှာ အားပေးသယောင်ပြုခဲ့ကြတဲ့ တကာတွေ လည်းနောက်ဆုံးမှာ ပေါ်ကိုမလာတော့ပါဘုရား ထောင်ကျတယ်ဆိုတာ နေရာပြောင်းအိပ်တာလေးပါပဲ ဘာမှ မထူးခြားပါဘူးဆိုပြီးတော့ အားပေးတတ်တဲ့ ပါတီတစ်ချို့ က တကာတွေလည်း ရှာလို့ ကိုမတွေ့ တော့တာပါဘုရား .. နောက်တစ်ချို့ သောလုပ်ဖော်ကိုင်ဖက်ဆိုသူတွေ အားပေးခဲ့သူတွေလည်း နောက်ဆုံးမှာ အားပေးစကားလေးတောင်ပြောရမှာကိုကြောက်နေတာကိုလည်း တပည့်တော်ကြုံဆုံခဲ့ရလို့ လူသားပီသမှူ့ တွေကို ငွေပေးစရာမလိုပဲ အလိုလိုသိခွင့်ရခဲ့ပါတယ်ဘုရား..
ထို့ နောက်မှာ တပည့်တော် ထိုင်းမြန်မာနယ်စပ်တစ်နေရာကို တစ်ဦးတစ်ယောက်အကူညီဖြင့်ရောက်ရှိခဲ့ရပါတယ်ဘုရား တကယ်တော့သူများနိုင်ငံကို Passport Visa မပါဘဲ သွားခဲ့ရတာကြောင့် အနီးကပ်ဆုံးဆိုတဲ့အိမ်နီးနားခြင်းထိုင်းနိုင်ငံကလူတွေတောင်မှပဲ မြန်မာတွေကိုတွေ့ ရင်မြန်မာ ရဟန်းသံဃာတော်တွေ့ ကိုတွေ့ ရင် အထင်သေးတဲ့အကြည့် တစ်ချို့ သောသနားတဲ့အကြည့် အကြည့်ပေါင်းများစွာအောက်မှာနေ ခဲ့ရပါတယ်ဘုရား … နောက်တပည့်တော်ထိုင်းကျောင်းမှာ တစ်နှစ်လောက်နေပြီးတော့ ထိုင်းစာ စကားကိုအထိုက်အလျှောက်သင်ယူပြီးတော့နောက်မှာတော့ တပည့်တော်ရဲ့ ပထမပြည်ပခြေလှမ်းကို စတင်ခဲ့ပါတယ်ဘု၇ား အဲဒါကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့  မြန်မာသံရုံးမှာရှေ့ မှာ 2006 ခုနှစ် ဂျွန်လ ၁၉ ရက်နေ့ မှာ တပည့်တော် တစ်ကိုယ်တော် သွားပြီး အဲဒီအချိန်က နေအိမ်အကျယ်ချုပ်ကျခဲ့နေရတဲ့
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ အထူးသဖြင့် အိုးဖိုးထောင်မှာ မတရားအကျဉ်းကျခံနေရတဲ့ ဦးဝီရသူကို လွှတ်ပေးဖို့တောင်းဆိုဆန္ဒပြခဲ့တာလည်း တပည့်တော်ပါပဲဘုရားနောက်မှာကျောင်းသားလေး၃ယောက်လာပြီးတော့ဆန္ဒပြပူးပေါင်းဆောင်ရွက်လာ ပါတယ်ဘုရား အဲဒီအချိန်မှာ တပည့်တော်စဉ်းစားမိတာက ဒေါ်အောင်ဆန်းစုကြည့်ရဲ့ မွေးနေ့ မှာ သံရုံးကိုလာပြီးတော့ ဆန္ဒထုတ်ဖော်တာ အားလုံးပေါင်းရင် ၄ ယောက်ပေါ့ဘုရား ဒါပေမဲ့ အဲဒီအချိန်က ထိုင်းနိုင်ငံမှာ မြန်မာတွေ သန်းချီရှိကြပါတယ်ဘုရား ..ဒါကလည်း စကားစပ်မိလို့ ပြောတဲ့သဘောပါပဲဘုရား လူသားတွေအားလုံးကို ကိုယ့်ဆန္ဒထုတ်ဖော်သလို ပူးပေါင်းပါဝင် ပြီးတော့ စစ်အာရှင်ကိုကိုယ့်တတ်နိုင်သလောက် ဆန့် ကျင့်ကြဖို့ အားလုံးကိုဖြစ်စေချင်ခဲ့ပေမဲ့ အ၇ာအားလုံးဟ ကိုယ်ဆန္ဒအတိုင်းမဖြစ်ဘူးဆိုတာကိုလည်း သိသိကြီးကြီးနှင့်ဖြစ်စေခြင်ခဲ့တာကိုဘုရား … အဲဒီနောက် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်းရေးမဖြစ်ခင် ၈ လအလိုမှာ ရက်တိတိကျကျပြောရရင်တော့ ၂၀၀ရ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်နေ့ မှာ ဘန်ကောက်မြန်မာသံရုံးမှာ စုရုံးပြီးတော့ ဆုတောင်းမေတ္တာပို့ သကြ နောက် ဒေါ်အောင်ဆန်းစုကြည်အပါဝင် မြန်မာနိုင်ငံက အကျဉ်းကျခံနေရတဲ့ ရဟန်းသံဃာတော်အားလုံးကိုလွှ တ်ပေးဖို့ တပည့်တော်တို့ ဘန်ကောက်သံရုံးရှေ့ ကနေ စတင်ပြီးတော့ ထိုင်းမြန်မာနယ်စပ် တံတားထိပ် ထိ ငြိမ်းချမ်းရေးလမ်းလျှောက်ဖို့ ကနဦးစီစဉ်ထားခဲ့ပေမဲ့ တံတားထိပ်ကိုရောက်ဖို့  နာရီပိုင်းအလိုမှာ
မြန်မာအစိုးရ ဖိအားပေးတာကြောင့်ဆိုတဲ့အကြောင်းပြချက်ကတစ်ကြောင်း အဲဒီအချိန် ထိုင်းနိုင်ငံမှာလည်း စစ်အာဏာသိမ်းထားတဲ့အချိန်ဖြစ်တာကတစ်ကြောင်းကြောင့် တပည့်တော်တို့ ကို ညအချိန်မှာ ထိုင်းအစိုးရ စစ်တပ်တွေရဲ့ဖမ်းဆီးတာကိုခံခဲ့လိုက်ရပါတယ်ဘုရား ဖမ်းခံရတဲ့အချိန်ကတော့ ၂၀၀ရ ခုနှစ် ဖေဖ၀ါရီ ၂၈ ရက်နေ့ ညပါဘုရား အဲဒီအချိန်ကဆိုရင် တပည့်တော်တို့ အရှင်ဘုရားအပါအ၀င် အကျဉ်းကျ နေတဲ့သံဃာတော်တွေ ကျောင်းသားတွေ အစရှိတဲ့ နိုင်ငံေ၇းအကျဉ်းသားလွတ်မြောက်အရေးအတွက် တစ်လနှင့် တစ်ရက်တိတိ ကြာပြီးတော့ မိုင်ပေါင်း ၅၀၀ နီးပါး ကိုခြေကျင်လျှောက်ဆန္ဒပြခဲ့ပါတယ်ဘုရား ဒါကလည်း အရှင်ဘုရားလွတ်မြာက်ရေးအတွက် တပည့်တော်တစ်ပါးအနေနှင့် ဒုတိယအကြိမ် မြောက် ပြည်ပမှာ ဆောင်ရွက်ခဲ့တဲ့သိသားမှူတွေထဲက တစ်ခုပါဘုရား..နောက်ဆုံးရလဒ်အနေနှင့် ထိုင်းအစိုးရဲ့ အမြဲမပြတ်စောင့်ကြည့်တာကို ခံခဲ့ရပါတယ်ဘုရား ..နောက်တပည့်တော် ထိုင်းနိုင်ငံကနေပြီးတော့ အမေ၇ိကန်ပြည်ထောင်စုကို နိုင်ငံရေးဒုက္ခသည်အဖြစ်နှင့်အခြေချနေထိုင်ဖို့ ၂၀၀၈ ခုနှစ်စက်တင်ဘာလမှာ ရောက်ခဲ့တယ် နောက် အဲဒီလမှာပဲ ရွှေဝါရောင် တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနှင့် နယူးယောက်မြို့ ကုသလသမဂ္ဂရုံးရှေ့ နှင့် မြန်မာနိုင်ငံမှာ ကောင်စစ်ဝန်ရုံးရှ့ မှာ အရှင်ဘုရားအပါအ၀င် မြန်မာနိုင်ငံက အကျဉ်းကျနေတဲ့သံဃာတော်တွေကို လွှတ်ပေးဖို့  တောင်းဆိုဆန္ဒပြခဲ့ပါတယ်ဘုရား တကယ်ဆိုရင် အရှင်ဘုရား လွတ်မြောက်ရေးအတွက် နိုင်ငံ ၃ နိုင်ငံမှာ တောင်းဆိုဆန္ဒပြဘူးသူဆိုလို့ 
သိပ်များများစားစားရှိမယ်လို့ မထင်မိခဲ့ဘူးဘုရား အထူးသဖြင့် အရှင်ဘုရား လွတ်မြောက်ရေးအတွက်ပေါ့ဘုရား ..ဒါတွေကတော့ အရှင်ဘု၇ား ထောင်ထဲမှာရှိနေစဉ်အချိန်မှာ တပည့်တော်တတ်နိုင်သလောက်လုပ်ဆောင်ခဲ့တဲ့ အကြောင်းအရာသေးသေးလေးတွေထဲက အသေးလေးတစ်ခုနစ်ခုပါဘုရား ..
နောက် ပြုပြင်ပြောင်းလဲပါပြီလို့ ကမ္ဘာကို ဟစ်ကြွေးခဲ့ပြီး စစ်သားလူထွက် တွေ ကြီးမှူးပြီးကျင်းပတဲ့ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံက အကျဉ်းထောင်အသီးသီးမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေထိုင်ကြတဲ့ တစ်ချို့ သော ရဟန်းရှင်လူ ပြည်သူတွေ နောက် ကျောင်းသားခေါင်းဆောင်တွေကို နယ်ပါယ်အသီးသီးက အကျဉ်းထောင်ကနေ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်လို့ ဆိုကြလား ပြုပြင်ပြောင်းလဲမှူ တွေထဲက တစ်ခုလို့ဆိုကြမလား လွှတ် ပေးလိုက်တဲ့ထဲ အရှင်ဘုရား ပါဝင်ခဲ့လို့  ပြောပြလို့မရအောင် ၀မ်းသာမှူ တွေနှင့်ပြည့်နက်ဆို့ နစ်လို့နေခဲ့ရပါတယ်ဘုရား … အရှင်ဘုရား ထောင်ကထွက်တဲ့နေ့  မန္တလေးလေဆိပ်ကနေ ကားပေါ်မှာအတက်မှာ ပထမဆုံး ဖုန်းပြောခဲ့ကြတာလည်း အရှင်ဘုရားနှင့် တပည့်တော်ပဲ မဟုတ်ပါလားဘုရား ….နောက် အရှင်ဘုရား ကျန်ရှိနေသေးတဲ့ အကျဉ်းသားတွေ လွတ်မြောက်ဖို့  မဟာမြတ်မုနိမှာဆုတောင်းတာတွေ နောက် ထောင်ကထွက်ပြီးပိတ်ဖြူဝတ်ပြီး ကျန်၇ှိနေသေးတဲ့ အကျဥင်္းကျ ရဟန်းသံဃာတော်တွေ နိုင်ငံေ၇းအကျဉ်းသားတွေလွတ်မြောက်ဖို့ 
ကမ္ဘာကို Awareness ဖြစ်အောင် လှုံဆော်တာတွေက လူနတ်ဗြဟ္မာ သတ္တ၀ါအများ နတ်လူသာဓုခေါ်မဲ့ လုပ်၇ပ်တွေပါဘုရား နောက် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ မြန်မာသမီးပျို လေး ဘင်္ဂါလီမွတ်ဆလင်တွေ ရဲ့ အတင်းအဓမ္မ ပြုကျင့်ခံရတာကို အကြောင်းပြုတာရယ် နောက် ဆင်းရဲနွမ်းပါးလှတဲ့အခြေနေ နောက် နှစ်ပေါင်းများစွာ ဖိနှိပ်ခံရမူတွေကြားမှာ ကြီးပျင်းရှင်သန်လာခဲ့တဲ့ တပည့်တော်တို့ တိုင်းရင်းသား ၇ခိုင်မျိုးနွယ် စုတွေရဲ့ ပေါက်ကွဲသံတွေက မြန်မာပြည်တစ်ခွင်မက ကမ္ဘာကိုပါ သိသွားအောင် လှူံဆောင်သလိုဖြစ်ခဲ့၇ပါတယ်ဘုရား ဒါတွေကို တစ်ချို့ သောပြည်ပရောက် ဘင်္ဂါလီမွတ်ဆလင်တစ်ချို့  အခင်းဖြစ်တာက မကြာသေးခင်ပဲ report တွေရေးပြီးတော့ ကမ္ဘာကို မဟုတ်မမှန်သတင်းတွေ ဖြန့် ခဲ့ကြပါတယ်ဘုရား ..တစ်ချို့ သော report တွေကို တပည့်တော်ခင်မင်ရင်းနှီးတဲ့ တစ်ချိန်က ထိုင်းမြန်မာနယ်စပ်မှာ အတူတူ social work လုပ်ဖူးသူတွေက E Mail ကနေတဆင့်ပို့ ပေးခဲ့လို့ တပည့်တော်ဖတ်ခဲ့ရပါတယ်ဘုရား အဲဒီ E mail တပည့်တော် အခုချိန်ထိ သိမ်းထားဆဲပါဘုရား နောက် ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အခြေနေတွေကို အကြောင်းပြုပြီးတော့ နိုင်ငံတကာက မြန်မာအစိုးရကိုင်တွယ်ပုံတွေကို ရှုတ်ချကြ နောက်ကန့် ကွက်ကြ မကောင်းပြောကြ နောက် သမ္မတဦးသိန်းစိန်ကိုယ်တိုင် ဘဂ်လားဒစ်ရှ်က ခိုးဝင်လာကြတဲ့ ဘင်္ဂါလီတွေကို ဒုက္ခသည် စခန်း ကဲ့သို့  Camp တွေမှာထားရမယ် နောက် တကယ်လို့တတိယ နိုင်ငံတစ်ခုခုက သူတို့ ကို လူသားခြင်း စာနာထောက်ထားသောအားဖြင့် ခေါ်ယူမယ်ဆိုရင်လည်း ကူညီဖို့ အဆင့်သင့်ပဲ ဆိုတဲ့အကြောင်းကို
ပြောလေတော့ မြန်မာပြည်မှာ ရှိတဲ့ များစွာသော ရဟန်းရှင်လူ ပြည်သူလူထူတွေက အားကြိုးမာန်တက် ထောက်ခံခဲ့ကြပါတယ်ဘုရား အဲဒီထဲမှာ အရှင်ဘုရားလည်းအပါဝင်ဖြစ်သလို့  သမ္မတရဲ့ အဆိုထောက်ခံပွဲ တောင်ဦးဆောင်ပြီး ကျင်းပခဲ့ပါသေးတယ်ဘုရား တစ်ချို့ သော ပြည်ပရောက် နိုင်ငံရေး သမားဆိုသူတွေ နောက် တော်လှန်ရေးသမားလို့ခံယူထားသူတွေ နောက် မြန်မာ့အရေးကို စိတ်ဝင်စားသူတွေက သမ္မတ ဦးသိန်းစိန်ရဲ့ တရားဝင်သမ္မတဖြစ်တည်မှူ့ ကိုထောက်ခံတာလား သို့ မဟုတ် ဦးသိန်းစိန်ပြောတဲ့ ဘင်္ဂါလီ အပေါ်ထားရှိတဲ့ သဘောထားကို ထောက်ခံတာလားဆိုတာလေးကိုတောင် ကွဲကွဲပြားပြားမသိကြတဲ့ တော်တော် တော်ကြတဲ့ နိုင်ငံေ၇းသမားဆိုသူတွေ တော်လှန်ရေးသမားဆိုသူတွေက အဲဒီအချိန်က စပြီးတော့ အရှင်ဘုရား ကို အထင်မြင်လွဲတာ နောက် မကောင်းပြောတာ ရေးတာ ဆန့် ကျင်တာတွေကို လုပ်ဆောင်လာတာကိုလည်းတပည့်တော် တွေ့ လာရပါတယ်ဘုရား တကယ်ဆိုရင် တစ်ချို့ သော ဒီမိုကရေစီလို့ တဖွဖွအော်နေသူတွေက ဘာနှင့်သွားတူလဲဆိုရင် ကိုယ့်နှင့်မတူ ကိုယ့်ရန်သူဆိုတဲ့အမြင်တွေ သဘောထားတွေ ခံယူချက်တွေက အာဏာရှင်ကြီး
ဦးနေ၀င်းတို့  ဦးသန်းရွှေတို့ နှင့် သွားပြီးတော့တောင်တူနေကြပါတယ်ဘု၇ား ဒါကလည်း အကုန်လုံးကိုဆိုလိုတာတော့မဟုတ်ပါဘူးဘုရား တစ်ချို့ တစ်ချို့ တွေကို ရည်ညွန်းခြင်းဖြစ်ပါတယ်ဘုရား ။
တပည့်တော်တို့ ယုံကြည်သက်ဝင်ထားတဲ့ Democratic society ဆိုတာက မတူညီတာတွေ အတတ်နိုင်ဆုံး တူညီအောင် ညို့ လို့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားရမှာပဲ
မဟုတ်ပါလားဘုရား အရှင်ဘုရားကို အွန်လိုင်းပေါ်ကနေတိုက်ခိုက်နေကြတာတွေကို သွားမြင်ရတော့ တစ်ချို့ ကလည်းအပြုသဘောဆောင်သလိုတစ်ချို့ ကလည်း အပျက်သဘောသက်သက်ပါဘုရား တကယ်ဆိုရင် တစ်ချို့ ဆိုရင်တကယ်ကို ဘာကိုမှ ဂဃနဏ ကိုမသိပဲသူများဆန့် ကျင်လို့ လိုက်ပြီးတော့ ဆန့် ကျင်တဲ့သဘောပဲတွေ့ ရတာတွေလည်းရှိပါတယ်ဘုရား ဘာပဲဖြစ်ဖြစ် တစ်ချို့ ဆိုရင်တော်တော်သတ္တိ ကောင်းတဲ့ အာဂသတ္တိခဲ့တွေပါဘုရား ၂၁ ရာစုနှစ်မှာ ကိုယ့်ပုံကိုတောင်ကိုယ်မတင်ရဲပဲ တိုက်နေကြတဲ့ လေးစားထိုက်တဲ့ ၂၁ ရာစုနှစ်မြန်မာ့သူရဲကောင်းတွေပေါ့ဘုရား အပြုသဘောဖြစ်ဖြစ် အပျက်သဘောဖြစ်ဖြစ် ဝေဖန်တိုက်ခိုက်သူတွေကို ပြန်ပြီးတော့မတုံပြန်ပဲ ပြုံးပြုံးလေးနှင့်ရင်ဆိုင်နေစွမ်းရှိတာလည်း အရှင်ဘုရားရဲ့ တစ်ပါးသော သူတို့ ရဲ့အခွင့်ေ၇းကို လေးစားတဲ့ ကျင့်စဉ်တစ်ခုလို့ ပဲတပည့်တော်မြင်မိပါတယ်ဘုရား ..အဲဒီလိုတိုက်ခိုက်နေကြတဲ့အထဲမှာ အထင်ရှားဆုံး တွေကို ပြပြီးတော့ ဦးဝီရသူဟာ ဦးသိန်းစိန်အစိုးရနှင့်နီးစပ်မှူ့ ရှိတာတို့ နောက်ဦးအောင်သောင်းတို့ အရှင်ဘုရားကျောင်းကိုလာတုံးက ဗွီဒီယို ဖိုင်တွေ ဓာတ်ပုံတွေ နောက် အရှင်ဘုရား နှင့် အရှင်လတ်လတ်နှင့် အဆိပ်နှုတ်ခံထားရတဲ့ ယခင်ထောက်လှမ်းရေးချုပ်ဟောင်းကြီး ဦးခင်ညွန်နှင့် ရန်ကုန်က အလှူတစ်ခုမှာတွေ့ လို့ စကားပြောနေကြတဲ့ပုံတွေကိုလည်း တွေ့ နေရပါတယ်ဘုရား ဒါပေမဲ့ ဦးအောင်သောင်း မစိုးရိမ်ကိုလာပြီးတော့ အရှင်ဘုရားဆီကိုလာတွေ့ တုံးက အရှင်ဘုရားက ကျန်ရှိနေတဲ့
နိုင်ငံေ၇းအကျဉ်းသားတွေ ရဟန်းသံဃာတော်တွေကို နယ်အသီးသီး အကျဉ်းထောင်အသီးသီးကနေ ပြန်ပြီးတော့လွှတ်ပေးဖို့ ပြောပြတဲ့အခါ အခြေအတင်စကားများကြတာကိုတော့ ချန်ထားကြတယ်ဘုရား တော်တော် တော်ကြပါတယ်ဘုရား .. တပည့်တော်စဉ်းစားမိတယ် ယခင် အရှင်ဘုရား အဖမ်းမခံမိရတောင် ဒီလိုအာဏာရှင်တွေနှင့်ပေါင်းဖို့  နောက်ထောင်ထဲမှာ လက်မှတ်ထိုးရင် ပြန်လွှတ်ပေးမယ်ဆိုတာတောင် လက်မှတ်မထိုးခဲ့တဲ့ ဦးဝီရသူကို ဦးအောင်သောင်းကျောင်းကို တစ်ခေါက်လာတာနှင့် တင်ပဲ အရှင်ဘုရားကို အစိုးရဘုန်းကြီးတို့  ဦးခင်ညွန့် နှင့် အလှူမှာတစ်ခါတွေ့ တာနှင့်ပဲ အစိုးရဘုန်းကြီးလို့ ပြောနေဆိုနေရေးနေကြတဲ့ မြန်မာပြည်တွင်းက သို့ မဟုတ် ပြည်ပက အတတ်ပညာရှင် အသိပညာရှင် တွေကိုပဲ လေးစားနေမိတော့တယ်ဘုရား ယခင်၁၉၈၉ ခုနှစ်လောက်ကတည်းက မြန်မာအစိုးရကို အဆင့်မြင့်သံရေး တမန်ရေးတွေဖြတ်တောက်ပိတ်ပင်ထားပြီး ပိတ်ဆို့ အရေးယူမှူတွေတစိုက်မတ်မတ်လုပ်ခဲ့တဲ့ အမေရိကန်အစိုး၇ နောက် မြန်မာနိုင်ငံကို အလားတူပိတ်ဆို့ အရေးယူမှူတွေလုပ်ခဲ့တဲ့ ဥေ၇ာပသမဂ္ဂတို့  နောက် ပြည်ပအခြေဆိုက်သတင်းဌာနတွေနောက် မြန်မာအစိုးရကို တောက်လျှောက် မြေပေါ်မြေအောက်တိုက်ပွဲတော်လှန်ခဲ့ကြတဲ့ နယ်စပ်ကအဖွဲ့ တွေ ပြည်ပရောက်အဖွဲ့ တွေနောက် လက်နက်ကိုင်အဖွဲ့ တွေတောင် မှ မြန်မာအစိုးရ ကိုယ်စားလှယ်တွေအတူတူတွေ့ ကြဆွေးနွေးကြ တစ်ချို့ ဆိုရင် အတူတူအလုပ်တောင်လုပ်နေကြတဲ့သူတွေကိုတော့ မပြောကြမဆိုကြ မရေးကြ
အရှင်ဘုရား ဦးအောင်သောင်း ဦးခင်ညွန့် တို့ နှင့် တစ်သက်မှာ တစ်ကြိမ်လေးတွေ့ ဖူးတာကိုပဲရေးကြတော့ တပည့်တော်ကတော့ အင်းလို့ ပဲ အင်းချရမလို့ ဖြစ်နေမိတော့တယ်ဘုရား အရှင်ဘုရားက သာသနာ့ဝန်ထမ်း ရှင်ရဟန်းမို့ ကိုယ့်ဆီကိုလာတဲ့ ဘယ်သူမဆို အယုတ်အမြတ် အလတ်မရွေး တွေ့ တာကိုကြတော့ ထည့်မရေးကြတော့ဘူးရား နောက်ဆုံးတော့ ဦးဝီရသူဟာ အရင်ကလဲ အမျိုးသားရေး အခုလည်းအမျိုးသားရေး နောင်ကိုလည်းအမျိုးသားရေးဆိုတာ တပည့်တော်သိနေပါတယ်ဘုရား .. အခွင့်ရေးကြောင့်မပြောရဲ မရေးရဲ မဝေဖန်ရဲတဲ့အထဲမှာ အဂတိတရားလိုက်စားတဲ့အထဲမှာ အရှင်ဘုရား မပါဘူးဆိုတာကို တစ်ချိန်ချိန်တော့ လူအများနားလည်းလာလိမ့်မယ်လို့ မျှော်လင့်ရင်း တပည့်တော်စာကို အဆုံးသတ်လိုက်ပါတယ်ဘုရား ..
အရှင်ဘုရားနေကောင်းကျန်းမာစိတ်ချမ်းသာစွာဖြင့် ဘာသာသာသနာအကျိုးဆက်လက်ထမ်းပိုးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဘုရား…
ရိုသေစွာဖြင့်
တပည့်ကျော်ကြီး
ခေမာနန္ဒ သို့ စီကိုစု
မှတ်ချက်….. အထက်ပါတပည့်တော်ရေးသားချက်တွေထဲကတပည့်တော်လုပ်ဆောင်ခဲ့ချက်တွေကို တစ်စုံတစ်ယောက်က မှားတယ် သို့ မဟုတ် debate လုပ်ခြင်တယ်ဆိုရင် ဘယ်သူမဆို တစ်ကမ္ဘာလုံးက မြန်မာ့အရေး စိတ်ဝင်စားသူတွေအားလုံးကို အချိန်မရွေး ဖြေရှင်းရဲပါတယ်ဆိုတဲ့အကြောင်း ထပ်လောင်းပြောလိုက်ပါ့ရစေဘုရား..