မောင်တောမြောက်ပိုင်းကျေးရွာများ၌ တိုင်းရင်းသားအိမ်ထောင်စုများ နည်းပါးလာခြင်းအပေါ် ပြည်နယ်ဝန်ကြီး ချုပ်ထံ တင်ပြသြွးမည်ဖြစ်ကြောင်း သိရသည်။
စားဝတ်နေရေးအဆင်မပြေခြင်းနှင့် လုပ်ကိုင်စားသောက်ရန် အဆင်မပြေခြင်းများကြောင့် ပြည်ပနှင့် နယ်စပ်ဒေသများသို့ ရွှေ့ပြောင်းမှုများလာသည့်အတွက် လူနေအိမ်ခြေ နည်းပါးလာသည့်အပြင် ရပ်ရွာလုံခြုံရေး အတွက် စိုးရိမ်လာရမှုများရှိနေကြောင်းလည်း ဒေသခံများက ဆိုသည်။
“အရင်က ရွာကြီးတွေဖြစ်ခဲ့ပေမယ့် အခုဆို လူအနည်းငယ်သာကျန်တော့တဲ့ရွာတွေများလာပြီ။ လုပ်ကိုင်စား သောက်ရတာလည်း ခက်ခဲလာတယ်။ လုပ်ရတာလည်း တောင်ယာနဲ့ လယ်အလုပ်ဆိုတော့ တစ်ယောက် တည်းသွားလာနေရတာ အန္တရာယ်ရှိလာတယ်။ လုပ်ကိုင်စားသောက်ရတာ အဆင်ပြေမယ့်နေရာကို ထွက်သွားကြတယ်။ ဒါကြောင့် ပြည်နယ်ဝန်ကြီးချုပ်ကိုတင်ပြပြီး တကယ်လို့ ရွာသစ်တွေတည်ပေးမယ်ဆိုရင် အိမ်ခြေထပ်ပေါင်းထည့်ပေးစေလိုတဲ့အတွက် တင်ပြမှာဖြစ်ပါတယ်။ တိုင်းရင်းသားအင်အားများလာမှ လုပ်ကိုင် စားသောက်ရတာ အဆင်ပြေမယ်လို့ ယူဆပါတယ်” ဟု တမန်းသားကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။
မောင်တောဒေသတွင် ရခိုင်နှင့် တိုင်းရင်းသားလူဦးရေမှာ လေးရာခိုင်နှုန်းသာရှိသည့်အတွက် နယ်မြေလုံခြုံရေး နှင့် အေးချမ်းရေးအတွက် လွန်စွာအရေးပါသောဒေသတစ်ခုဖြစ်ကြောင်း၊ သို့သော် ယင်းနေရာများတွင် သွားရောက်အခြေချလုပ်ကိုင်စားသောက်လိုသူ နည်းပါးလှသဖြင့် ပြန်လည်တည်ဆောက်ပေးရန် ခက်ခဲနေ ကြောင်း သိရသည်။
သန်းလှိုင်(စစ်တွေ)
(20.4.2015 Weekly Eleven ဂျာနယ် အတွဲ(၁) အမှတ်(၂၀)မှ ကူးယူဖော်ပြသည်။)