Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ရခိုင်ပြီးတော့ ရှမ်း(၄)”

$
0
0
23.4.2015 ရက်နေ့ မနက် 9:00 မှာ ကလောမြို့နယ်၊ မွေတော်ရွာရောက်ပါတယ်။
မွေတော်ဆိုတာ ပအို့ဝ်ရွာဖြစ်ပါတယ်။ ပအို့ဝ်တိုင်းရင်းသူ တိုင်းရင်းသားများကြိုဆိုတာက ပုံစံတစ်မျိုးပါ။ တဘက်ပေါ်မှာ ပေါက်ပေါက်ပွင့်ကလေးတွေဖြန့်ခင်းကြ၊ ကလေးဦးထုပ်ကလေးတွေချထားကြနဲ့ ရှေ့ဆုံးမှကြို ဆိုသူက ကွမ်းအစ်နှင့် ရေတည်ခေါင်းနှင့်ပါ။
မွေတော်ကျောင်းမှာ နေ့ဆွမ်းစားပြီး ခဏနားပါတယ်။ မိုးရွာနေလို့ တရားပွဲမစသေးခင် စောင့်လေမျိုးနွယ် ဖြစ်ရပ်မှန်ဗီဒီယိုဇာတ်လမ်းလေးပြပြီး ဧည့်ခံထားပါတယ်။
အမျိုးဘာသာ သာသနာအပြင် ရိုးရာယဉ်ကျေးမှုတွေကိုပါ ထိန်းသိမ်းကာကွယ်ဖို့ ဟောကြားခဲ့ပါတယ်။
ည မကွေရွာမှာ တရားဟောပါတယ်။
မကွေရွာက ရွာသေးလေးပါ။ နယ်စုံမှ အလုပ်လာလုပ်ကြတဲ့ ဗမာတွေပဲ နေကြတာပါ။ မကွေကျောင်းကလည်း သေးသေးလေးပါ။ ကျောင်းဝန်းကလည်း ကျဉ်းကျဉ်းလေးပါ။ မန္တလေးမှာဆိုရင်တော့ သီလပွဲအဆင့်လောက်ပဲ ရှိတဲ့ တရားပွဲလေးဖြစ်ပါတယ်။
စောင့်လေမျိုးနွယ် ဇာတ်လမ်းကတော့ Best Seller တရားဖြစ်နေပါတယ်။ စာရေးသူရဲ့ တရားခွေတွေကို ကျော်ဖြတ်ပြီး အရောင်းရဆုံး စံချိန်ချိုးခဲ့တဲ့ ဇာတ်လမ်းခွေ ဖြစ်ပါတယ်။
ဆွေတော်မျိုးတော်တွေကို သာရဏီယတရား ၆ ပါး ဟောကြားခဲ့ပါတယ်။
ရှမ်းပြည်နယ်ခရီးစဉ် လေးရက်မြောက် ဆောင်ရွက်ချက် ပြီးပါပြီ။






















Viewing all articles
Browse latest Browse all 2129

Trending Articles