Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ရခိုင်ပြည်နယ်ကောင်းစားရေး ပြည်ပကို အားကိုးရမည်ဟုဆို”

$
0
0
Media 6
နိုင်ငံတော်အစိုးရမှ လျစ်လျူရှုထားမှုကြောင့် ရခိုင်ပြည်နယ်ကောင်းစားရေးအတွက် ပြည်ပကို အားကိုးသွားမည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဒေါက်တာအေးမောင်က ဧပြီ ၁၉ ရက်နေ့တွင် လူထုပုံရိပ်သို့ ပြောသည်။
“ရခိုင်ပြည်နယ်ကို နိုင်ငံတော်အစိုးရက လျစ်လျူရှုထားတာ နှစ်ပေါင်း ၆၀ ရှိနေပြီ အခုအချိန်ထိလဲ လျစ်လျူရှု ထားတုန်းပါ။ ဒါကြောင့် ရခိုင်ပြည်နယ်ကောင်းစားဖို့ ပြည်ပကို အားကိုးရမှာပဲ” ဟု ၄င်းက ပြောသည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်အမျိုးသားပါတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တရုတ်ကွန်မြူ နစ်ပါတီသို့ ယခုလ ဧပြီ ၁၃ ရက်နေ့က တရုတ်နိုင်ငံဘေဂျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တရုတ်ကွန်မြူနစ်ပါတီမှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ဆိုသည်။
“ကျွန်တော်တို့ ရခိုင်ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုတာက ပြည်တွင်းအားနဲ့တင် မရပါဘူး။ ပြည်ပ အားအများကြီးလိုပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံက ကွန်မြူနစ်ပါတီနဲ့ ချိတ်ဆက်ဆောင်ရွက်နေရတာပါ။ အများကြီးမဟုတ်ရင်တောင် အနည်းအပါးတော့ သူတို့ဆီက ထောက်ပံ့မှုရနိုင်တယ်” ဟု ဒေါက်တာအေးမောင် ကဆက်လက်ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်ကို ပြည်ထောင်စုအစိုးရအဖွဲ့မှ လျစ်လျူရှုထားသည့်အပြင် ပြည်နယ်အစိုးရအဖွဲ့မှလည်း လျစ်လျူ ရှုထားကြောင်းက ၄င်းကထပ်မံပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် တရုတ်ကွန်မြူနစ် ခေါင်းဆောင်အချို့ ရခိုင်ပြည်နယ်အတွင်းသို့ ယခုနှစ်အတွင်း လာရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။





Viewing all articles
Browse latest Browse all 2129

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း