ဗမာကောင်လေးနဲ့ မူဆလင်ကောင်မလေးအတွဲပါ။ ဗမာကောင်လေးက အသားမဲပြီး မူဆလင်ကောင်မလေးက အသားဖြူပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ ကုလားနဲ့ဗမာမလို့ထင်ရနိုင်တာပေါ့။
သမီးရည်းစားဘဝကတည်းက ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်နေတာပါတဲ့။
အသက်(၂၀)နှစ်ပြည့်ပြီးပါပြီ။
အရွယ်ရောက်ပြီပေါ့။
တရားဝင်လည်း လက်ထပ်ပြီးပါပြီ။
ဗုဒ္ဓဘာသာခံယူချင်လို့လာလျှောက်တာပါ။
ဗုဒ္ဓဘာသာဝင်အဖြစ် အသိအမှတ်ပြုပါတယ်။
တရားဝင်ခံယူချင်တယ်ဆိုရင်တော့ ဗုဒ္ဓဘာသာတရားတော်(အခြေခံအဆင့်)(ဆယ်တန်းအဆင့်) (အထက်တန်း အဆင့်) (၃) အုပ်လုံးကိုလေ့လာ-စမ်းသပ်ကြည့်ပြီးမှ ဗုဒ္ဓဘာသာခံယူပွဲ ကျင်းပပေးမယ်လို့ ပြောထားရပါတယ်။
ကောင်လေးနာမည်က-လှိုင်မင်းထွန်း စိန်ပန်းရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး။
ကောင်မလေးက- ချယ်ရီဝင်း-အမရပူရမြို့ တံတားလည်ရပ်ကွက်ဖြစ်ပါတယ်။
ကိုယ့်ဘက်ကပေးရတဲ့ ဂိုးတွေကတော့ မနည်းပါဘူး။ ဖောင်းဘောရော၊ ပိုက်ဘောရော၊ လူကျွံဘောရော စုံနေတာပါပဲ။
အခုတော့ သိက္ခာဆယ်ဂိုးလေး တရားဝင်ပြန်ရှူးနိုင်လို့ တော်ပါသေးတယ်။
ဒါတောင် ဒိုင်ညစ်ခံရတော့မလို့-
အသိအမှတ်ပြုအောင် မနည်းကြီး ကြိုးစားလိုက်ရတယ်။
လွတ်လပ်စွာလက်ထပ်နိုင်ကြပါစေ။
လွတ်လပ်စွာ ကိုးကွယ်နိုင်ကြပါစေ။
ဗမာကောင်လေးတွေ သစ္စာရှိရှိနဲ့ မယားမှတ်မှတ် သားမှတ်မှတ်ပေါင်းသင်းနိုင်ကြပါစေ။
အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေး၊ အိမ်ရှင်မအခွင့်အရေး လုံးဝမရသူ-မရနိုင်သူလေးတွေကို ယောက်ျားပီသစွာ ကယ်တင်နိုင်ကြပါစေသော်………ဝ်။