7.5.2014 ရက်နေ့ ည 8:00 မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာ၊ အပ္ပမာဒနှလုံးသားကွန်ရက် လူငယ်များကျင်းပသော ဒုတိယအကြိမ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဓမ္မသဘင်မှာ ဟောကြားသည်။
ယဉ်ကျေးမှုသင်တန်းအောင်ပွဲ အထိမ်းအမှတ်ကျင်းပခြင်းဖြစ်ပြီး၊ မူလတန်းမှ အထက်တန်းအထိ ကျောင်းသူ/သား(၄၀၀)ကျော် တက်ရောက်သင်ယူကာ မနက်အာဟာရ ညနေ အအေးများ တိုက်ကျွေးကြောင်း သိရသည်။
နှစ်ရက်စာ အာဟာရနှင့် အအေးအတွက် ဦးဝီရသူက ငွေတစ်သိန်းကျပ်လှူဒါန်းခဲ့ပြီး၊ စာအောင်ဆုများ၊ အထူးဆုများအတွက် ဆက်လက်လှူဒါန်းဦးမည်ဟု ထည့်သွင်းဟောကြားခဲ့ကြောင်း သိရသည်။