မူဆလင်တွေရဲ့ရင်ထဲမှာ ဂျီဟဒ်ဆိုတာ ရှိနေသေးသရွေ့၊
မူဆလင်တွေမှာ ဟာလာ(လုပ်စားတဲ့) အစဉ်အလာကြီး ရှေ့နေသေးသရွေ့၊
ကုရ်ဘာနီအီးဒ်နေ့မှာ အပြစ်မဲ့ သားကောင်လေးတွေကို ရက်စက်ကြမ်းကြုတ်တဲ့ သားသတ်ပွဲတွေ ကျင်းပနေသေးသရွေ့
အိုင်အစ်တွေ အိုင်စစ်ထက် ကြမ်းကြုတ်သူတွေ ပေါ်လာဦးမှာပါပဲ။
ဝီရသူ(မစိုးရိမ်)
(11.4.2015 ရက်စွဲပါ သံတော်ဆင့် သတင်းကို ပူးတွဲတင်ပြလိုက်ပါတယ်။)
==========================================================
“ဗြိတိန်လူငယ်များ ISIS သို့ သွားရောက်ပူးပေါင်းခြင်းအပေါ် တိုင်းပြည်အတွက် အန္တရာယ်ဖြစ်ကြောင်း ပါလီမန် အမတ်များ သတိပေး”
အီရတ်နှင့်ဆီရီးယားနိုင်ငံများရှိ ISIS အဖွဲ့များနှင့် ဆက်သွယ်နိုင်ရန် မိခင်ဗြိတိန်နိုင်ငံအား စွန့်ခွာသွားကြသူ များအား ကာကွယ်ဟန့်တားရာတွင် လုံလောက်သည့် အစီအမံများ လျော့ရဲလစ်ဟာနေဆဲဖြစ်ကြောင်း ဗြိတိန်ပါလီမန်အမတ်များက သတိပေးပြောကြားလိုက်သည်။
ဗြိတိန်ပါလီမန် ပြည်ထဲရေးအထူးကော်မတီဥက္ကဋ္ဌ ကိတ်(သ်)ပက်(ဇ်)က ဗြိတိန်နိုင်ငံက သူတို့ (ISIS နှင့် ဆက်သွယ်သူ လူငယ်လူရွယ်များ)၏ အသည်းနှလုံးများကို အနိုင်ယူရမည်ဖြစ်ကြောင်း ပြောကြားသည်။
အီရတ်နှင့် ဆီရီးယားနိုင်ငံတွင် လှုပ်ရှားနေကြသည့် ဗြိတိန်နိုင်ငံသား ဂျီဟတ်ဒစ်များနှင့် ပတ်သက်ပြီး အခြေခံအချက်အလက်များကို BBC သတင်းဌာနကရယူပြီး အစီရင်ခံစာအပေါ် အဆိုပါကော်မတီ၏ သတိပေး ပြောကြားမှုများပေါ်ပေါက်လာခြင်းဖြစ်သည်။
ဗြိတိန်နိုင်ငံပတ်ဝန်းကျင်ဒေသများမှ လူငယ်လူရွယ်များသည် ပုဂ္ဂိုလ်ရေးခင်မင်မှုများနှင့်အတူ အထူးသဖြင့် သက်တူရွယ်တူလူငယ်များ ဗြိတိန်နိုင်ငံမှ ISIS ရှိရာသို့ အစုလိုက်အပြုံလိုက် စွန့်ခွာကြသည်။
လူမှုရေးအဖွဲ့အစည်းများမိသားစုဝင်များနှင့် မိတ်ဖက်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုသည် အားရကျေနပ်ဖွယ် ရာမရှိခဲ့ကြောင်း ယင်းကိစ္စသည် ဗြိတိန်နိုင်ငံအတွက် သေရေးရှင်ရေးအမျှ အရေးကြီးသည့်အတွက် ပြည်ထဲရေး ဌာန၏ ထိပ်တန်းဦးစားပေးအလုပ်ဖြစ်သည်။
ပါလီမန်အမတ်ဖြစ်သူမစ္စတာ ပက်(ဇ်)ကပဲ ပြည်သူတွေဆီ လူသိရှင်ကြား ရောက်ရှိလာသည့် အမှုအချို့သည် ဗြိတိန်နိုင်ငံအတွက် သတိပေးခေါင်းလောင်းသံဖြစ်သည်ဟု ဆိုသည်။
ယနေ့သည် စိတ်ဓာတ်နှင့် နှလုံးသားကို အောင်နိုင်ဖို့အတွက် မဆုတ်မနစ် တိုက်ရသော တိုက်ပွဲဖြစ်သည်။ ခိုင်မာသည့်တန်ပြန်တုံ့ပြန်မှုမရှိလျှင် ထွက်ခွာမှု၊ စွန့်ခွာမှုတွေကို ကာကွယ်တားဆီးနိုင်မှုမရှိဘဲ တစ်နိုင်ငံလုံး အန္တရာယ်ဆိုးထဲကျရောက်နိုင်သည်ဟု ထပ်လောင်းပြောကြားသည်။ “ငါတို့ ချောက်ကမ်းပါးနှုတ်ခမ်း ရောက်နေပြီ”
BBC သတင်းဌာန၏ သတင်းအချက်အလက်ပေါ်မူတည်ပြီး ဗြိတိန်အာဏာပိုင်တွေ စုံစမ်းစိစစ်သည့်အခါ လူ ၁၆၀ ကျော် ဗြိတိန်ကိုစွန့်ခွာပြီး ISIS အဖွဲ့ထဲ ဝင်ရောက်သွားကြသူတွေ အုံနှင့်ကျင်းနှင့် ရှိကြသည်။ လူသိရှင် ကြားအဖြစ်ဆုံးက ကိုဗန်ထရီအရပ် အမျိုးသမီးငယ် ၃ ဦး၊ ပို့(စ်)မောက်က အုပ်စုတစ်စု၊ နောက်တစ်စုက ကာဒစ်(ဒ်)ကဖြစ်ကြောင်းနှင့် ယင်းတို့အားလုံးဟာ တစ်စုံတစ်ယောက်ရဲ့ စည်းရုံးသွေးဆောင်ဖြားယောင်မှုနှင့် အတူ အစွန်းရောက်အဖွဲ့တစ်ဖွဲ့အတွင်း လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်နေကြသည်ဟု အာဏာပိုင်တွေက ကောက်ချက်ချသည်။
BBC ၏ ဖော်ပြချက်အရ ၃၆ ဦးသေဆုံးကြပြီး ၁၃ ဦးကို အင်္ဂလန်တရားရုံးမှာ တရားစွဲဆိုထားကြသည်။ ကျန်သည့် လူငယ်အများစုက ဆီရီးယား(သို့)အီရတ်သို့ အစွန်းရောက်လုပ်ရပ်များ လှုပ်ရှားဆောင်ရွက်နေကြ သည်ဟုဆိုသည်။
Ref:BBC