ဗုဒ္ဓဘာသာခံယူပွဲကို ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာမှာ 5.4.2015 ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာသို့ ကူးပြောင်းခံယူသူ မယမင်း(၃၇)နှစ်သည် အဖေ မူဆလင် အမေတရုတ် ကပြားဖြစ်ပြီး ကြံခင်းမြို့ ဇာတိဖွားဖြစ်ပါတယ်။
မယမင်းမှာ နဝမတန်းကျောင်းသား မောင်ရဲရင့်အောင် တတိယတန်းကျောင်းသူ မအိဟေမာန်အောင် သားသမီး နှစ်ယောက်ရှိပြီး ခင်ပွန်းဖြစ်သူ ကိုအောင်အောင်ကတော့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာခံယူပွဲကို ဆပ်ပြားကျင်းကျေးရွာ မယမင်းအိမ်မှာ ကျင်းပတာဖြစ်ပြီး၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ကံလှကျောင်းဆရာတော် ဘဒ္ဒန္တသုမင်္ဂလ၊ မ.ဘ.သဥက္ကဋ္ဌ သာယာကုန်းပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တသာသန၊ မ.ဘ.သ အတွင်းရေးမှူး ဝေယံဘုံသာကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒဝရ အမှူးပြု သော ဂိုဏ်းပေါင်းစုံ သံဃာတော်(၁၂)ပါး ကြွရောက်ချီးမြှောက်ကြပါတယ်။
မယမင်းက အိမ်ထောင်မကျခင်မှာ ဖခင်ဦးသန်းဋ္ဌေးကိုးကွယ်ရာ အစ္စလာမ်ဘာသာကို ကိုးကွယ်ခဲ့သော်လည်း ခင်ပွန်းကိုအောင်အောင်နှင့် အိမ်ထောင်ကျသည့်အချိန်မှစပြီး ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခဲ့တာ ဖြစ်ပါတယ်။
သားသမီးများကို ဗုဒ္ဓဘာသာအဖြစ် လိမ်လိမ်မာမာ ရှိစေလိုသောကြောင့် မေတ္တာတရားကြီးမားတဲ့ ဗုဒ္ဓဘာသာထဲ ဝင်ရောက်ရတာဖြစ်ပါတယ်လို့ မယမင်းက ဆိုပါတယ်။
တပည့်တော်မတို့ မိသားစုကို ဗုဒ္ဓဘာသာဝင်အဖြစ် အသိအမှတ်ပြုပေးပါဟု သုံးကြိမ်လျှောက်ထားတဲ့အခါ မသနဥက္ကဋ္ဌဆရာတော်ကြီးက သြဝါဒမြွက်ကြားပြီး မ.ဘ.သ ဥက္ကဋ္ဌဆရာတော်က သရဏဂုံ သုံးပါးနှင့် ငါးပါးသီလ ချီးမြှင့်တော်မူပါတယ်။
မယမင်းတို့အိမ်ရှိ ဗုဒ္ဓရုပ်ပွားတော်အား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဈာယ်ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။
မယမင်း မျှော်လင့်ထားသလို ရဲရင့်အောင်နှင့် အိဟေမာန်အောင်တို့ မောင်နှမနှစ်ယောက်တို့ လိမ္မာယဉ်ကျေးပြီး မိဘကျေးဇူးသိတတ်သည့် သားကောင်းရတနာ သမီးကောင်းရတနာလေးများ ဖြစ်ကြပါစေ။
မယမင်းတို့ မိသားစုအားလုံး ဗုဒ္ဓမြတ်စွာအေးရိပ်မှာ ချမ်းမြသာယာရှိကြပါစေ။