ပြည်သူများလိုလားတောင့်တနေသော ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲကြီး ငြိမ်းအေးစေနိုင်မည့် တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေး နှစ်ဦးသဘောတူ စာချုပ်ကို ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ကြောင်း သိရပါသဖြင့်
“တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေး လူထုကြိုဆိုထောက်ခံပွဲ” ကို နေပြည်တော်ကောင်စီနယ်မြေ အောင်သုခကျေးရွာအားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဗဟိုဦးဆောင်ဆရာတော် ဝံသာနုရက္ခိတ အမျိုးသားရေးဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ)မှ အမျိုးသား ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး သြဝါဒချီးမြှင့်မည်ဖြစ်ပါသဖြင့် ကြွရောက်ပေးပါရန် ရိုသေစွာ ပင့်လျှောက်အပ်ပါ သည်ဘုရား။
နေ့ရက်။ ။ ၂၀၁၅ ခုနှစ်၊ ဧပြီလ(၆)ရက်။
အချိန်။ ။ နံနက်(၇း၀၀)နာရီမှ (၉း၀၀)နာရီထိ
နေရာ။ ။ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအားကစားကွင်းသို့။
ကျင်းပရေးအဖွဲ့
နေပြည်တော်