Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဝီရမိခင်......သို့”

$
0
0
ဝီရအရှင် ဖွားသန့်စင်သူ
ထေရ်အမော် ကမ္ဘာကျော်စေသူ
လယ်တွင်းဂုဏ်ရည် ထုံဝေမွှေးပျံ့
ရနံ့လှိုင်းကြူ ပန်းကျောင်းဆင်းစေသူ
သာသနာအမိုးအောက် ဘာသာနဲ့အမျိုးမပျောက်စေဖို့
သားမောင်ကိုပျိုးထောင် သွေးမကြောင်စေခဲ့သူ
သူ......သူ......သူ.......။
၂၀၁၅ ရဲ့နွေးဦးည လေရူးလဲမထပါဘဲ
သဘာဝတရားရဲ့အစီအမံ ရဲရဲကြီးနာခံလို့
တမလွန်ခရီးကိုထွက်ခွာ သားမောင်ကိုထားခဲ့ပြီ
အော်......အမေရယ်.....
ပရမတ္ထသစ္စာရဲ့အနှစ် အိုနာသေခြင်းအစစ်မို့
နှစ်သက်စွာကြည်နူး ရည်စူးမိနိဗ္ဗာန်
အမေ့အတွက်ဆုပန်လို့ ယုဂန်တောင်မြင့်မိုရ်ဦးထက်
ထူးမြတ်တဲ့အမေ့ကျေးဇူးတွေ ဒီဘဝမှာအကြေဆပ်လို့
ချစ်လျက်နဲ့လမ်းခွဲ ဝမ်းမနည်းတော့ပါဘူးအမေ......။
ရွှေ.....ရွှေနိုင်ငံအတွက် သဲအူပင်ပျက်စေတော့
သွေးစက်စက်ချလို့ လမ်းပြလိုက်ပါဦးမယ် အမေရယ်........။
သီဟသူ
(လယ်တွင်းဂုဏ်ရည်၊ စဥ့်ကိုင်)

(၂၈.၃.၂၀၁၅)နေ့တွင် ဘဝတစ်ပါးသို့ ပြောင်းသွားကွယ်လွန်သွားသော မယ်တော်ဖြစ်သူ မိခင်ကြီး ဒေါ်တင်တင်ဦးအား ရည်စူး၍ အမျိုးသားရေးဝါဒီ မျိုးချစ်ရဟန်းတော် အရှင်ဝီရသူကိုယ်စား ဂုဏ်ယူစွာဖြင့် ရေးဖွဲ့ပါသည်။

Viewing all articles
Browse latest Browse all 2129

Trending Articles