Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ရန်ကုန်တိုင်း မ.ဘ.သ ဥက္ကဋ္ဌ ရွေးချယ်ပွဲ ဒီမိုကရေစီနည်းကျခဲ့”

$
0
0
3.4.2015 ရက်နေ့ မွန်းလွဲ 2:00 အင်းစိန်ရွာမစာသင်တိုက်(မ.ဘ.သ-ဗဟို)မှ ရန်ကုန်တိုင်း မ.ဘ.သ ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပခဲ့ပါတယ်။
ရန်ကုန်မှာ(မ.ဘ.သ-ဗဟို) လည်းရှိတယ်။ ဆိုင်ရာမြို့နယ် မဘသ တော်တော်များများလည်းရှိတယ်။ ဒါပေမဲ့ တိုင်းဒေသကြီး မ.ဘ.သ မရှိသေးပါဘူး။
ရွှေရတုတိပိဋက မော်ကျွန်းဆရာတော်က အောက်နှင့်အထက် အဖွဲ့အစည်းတွေရှိပေမယ့် အလယ်အဖွဲ့အစည်း မရှိသေးလို့ တိုင်းဒေသကြီး မ.ဘ.သ ဖွဲ့စည်းရတာဖြစ်ကြောင်း မိန့်တော်မူပါတယ်။
ရန်ကုန်တိုင်းတွင် ခရိုင်လေးခုရှိရာ ခရိုင်လေးခုမှ အကြီးအကဲ(၁၁)ပါးကို မဲစနစ်ဖြင့် လက်ညှိုးထောင်ရွေးချယ် ခဲ့ပါတယ်။
ခရိုင်အကြီးအကဲ(၁၁)ပါးထဲမှ ဥက္ကဋ္ဌဆရာတော် ၁ ပါးကို မဲစနစ်ဖြင့် ဆက်လက်ရွေးချယ်ခဲ့ရာ မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် နန္ဒကာရာမကျောင်းဆရာတော် ဒေါက်တာအရှင်နန္ဒက က အမှတ်အများဆုံးနှင့် ရွေးချယ် ခံခဲ့ရပါတယ်။
ဒေါက်တာအရှင်နန္ဒကဟာ သက်တော် ၅၀၊ သိက္ခာတော် ၃၀ ဝါ၊ BA. MA. Ph.D အစိုးရဓမ္မစရိယဘွဲ့များ ရရှိထားပြီး မဇ္ဈိမဝံသပညာရေးတာဝန်ခံ၊ တိပိဋကစာမေးပွဲ စာထောက်စာမ၊ ဓမ္မစကူးလ်သင်ရိုးညွှန်းတန်း တာဝန်ခံနှင့် ဗဟိုအဖွဲ့ဝင်ဖြစ်ကာ အမေရိက တောင်ကိုရီးယား သာသနာပြု လေးနှစ်အတွေ့အကြုံရှိကြောင်း၊ နိုင်ငံပေါင်း(၁၄)နိုင်ငံသို့ ဓမ္မဒူတဓမ္မဒေသက သာသနပြုခရီးကြွရောက်ခဲ့ဖူးကြောင်း ထေရဝါဒတက္ကသိုလ် (ရန်ကုန်)အမြဲတန်း ပြင်ပစာစစ်တာဝန်ခံဖြစ်ကြောင်း သိရပါတယ်။
ကြွရောက်လာသော ဆရာတော်သံဃာတော်များက ခရိုင်အကြီးအကဲရော တိုင်းဥက္ကဋ္ဌနေရာအတွက်ပါ ဒေါက်တာအရှင်နန္ဒကကို ၄၇ မဲ(မဲအများဆုံး) ဖြင့် ဆန္ဒပြုရွေးချယ်ခြ့ကြတာ ဖြစ်ပါတယ်။
၎င်းနောက် သာကေတမြို့နယ် အောင်သိဒ္ဓိကျောင်းဆရာတော် ဦးသီလာစာရနှင့် လမ်းမတော်မြို့နယ်မှ ဦးကေတုမာလာတို့က ဒုတိယဥက္ကဋ္ဌ
တောင်ဒဂုံ နိကာယ်စာသင်တိုက် ပွင့်လင်းဆရာတော်ဦးပညိန္ဒက အတွင်းရေးမှူးချုပ်
ဒဂုံမြို့နယ် အိမ်တော်ရာတိုက်၊ ရမည်းသင်းကျောင်းမှ ဆရာတော်ဦးဇောတိပါလနှင့် ကျောက်တန်းမြို့နယ်၊ ပရိယတ္တိကျောင်းတိုက်မှ ဆရာတော် ဦးသုမနတို့က တွဲဘက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။


















Viewing all articles
Browse latest Browse all 2129

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း