သစ္စဝေဒဂူဆရာတော် အရှင်ခေမာစာရနှင့် မန်း မဘသမှ သံဃာတော်များဦးစီး၍ မောက်ကြိုးရွာ၌ အိမ်ခြံမြေ ရောင်းဝယ်ခြင်း ငှားရမ်းခြင်းကိစ္စများကို ဗုဒ္ဓဘာသာဝင်အချင်းချင်းနှင့်သာ ရောင်းဝယ် ငှားရမ်းရန် ကတိပြုလက်မှတ်ထိုးခြင်းအခမ်းအနားတစ်ရပ်ကို (1-4-2015)ရက်နေ့၊ ညနေ(4:00)နာရီ၊ ဝက်လက်မို့နယ်၊ မောက်ကြိုးရွာ စာကြည့်တိုက်၌ကျင်းပခဲ့ပါသည်။
ကတိပြုလက်မှတ်ထိုးခြင်းအစီးအစဉ်သည် နှစ်ဦးနှစ်ဖက် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ဝယ်သူသည် ဘာသာခြားမှတစ်ဆင့် လာရောက်ဝယ်ခိုင်းခြင်းဖြစ်သည်ဟူသော ကောလာဟလများကြောင့် သစ္စဝေဒဂူဆရာတော်မှ မောက်ကြိုးရွာနယ်မြေများ ဘာသာခြားတို့လက်ထဲ မရောက်ရှိရေးအတွက် ကန့်ကွက်တားဆီးရန် မန်းမဘသသံဃာတော်များနှင့်အတူ ကြွရောက်လာခဲ့ခြင်းဖြစ်ပါသည်။
မြေဝယ်သူသည် ရွှေဘိုမြို့၊ ချမ်းသာကြီးဘုရားဈေးတိုက်တန်း၊ စည်းစိမ်ဖြိုး စက်ပစ္စည်းအရောင်ဆိုင်ပိုင်ရှင် လှတောရွာဇာတိ ကိုမြင့်စိုး+မပိုင်ယမင်း (ဗုဒ္ဓဘာသာ) တို့မိသားစုဖြစ်ပြီး မြေရောင်းသူမှာ မောက်ကြိုးရွာမှ ဦးသိန်းဖြစ်ပါသည်။
မြေမှာ မောက်ကြိုးရွာအဝင်လမ်း မြောက်ဘက် ရွှေဘို မန္တလေးကားလမ်းဘေး အရှေ့ဘက်ခြမ်းတွင်တည်ရှိပြီး အကျယ်မှာ (၂၀၀×၈၀)ပေခန့်ပါရှိသည်။ ယနေ့ ငွေအပြီးချေပြီး စာချုပ်ကြမည်ဖြစ်သဖြင့် မြန်မာ့မြေ မြန်မာတွေဘဲပိုင်စေဖို့၊ မြန်မာ့မြေဖြစ်ပြီး သာသနာမကွယ်ရစေဖို့ ကြောင့်ကြစိုက်ပြီး အပူတပြင်း ကြွရောက်တားဆီးခဲ့ရခြင်းဖြစ်ကြောင်း သစ္စဝေဒဂူဆရာတော်မှ မိန့်တော်မူပါသည်။
ရောင်းဝယ်ရာမှာ ဗုဒ္ဓဘာသာအချင်းချင်းဆိုလျှင် ကိစ္စမရှိသော်လည်း ဘာသာခြားများလက်ထဲ မြန်မာ့မြေပါသွားခဲ့သော် ထိုပါသွားသောနယ်မြေသည် သာသနာကွယ်သည့်နယ်မြေဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ ဝင်ထွက်ခွင့်ရဖို့တောင် အခွင့်အရေးရရှိမည် မဟုတ်ကြောင်း၊ ရွာသူ ရွာသားများ ယခုကဲ့သို့ စိတ်ချမ်းသာစွာ နေထိုင်နေရခြင်းသည် ဗုဒ္ဓဘာသာဝင်အင်အား များနေ၍ ဖြစ်ကြောင်း စသည်ဖြင့် သစ္စဝေဒဂူဆရာတော်နှင့် မန်း မ.ဘ.သ သံဃာတော်များမှ အမျိုးသားရေးဆိုင်ရာ အသိပညာများ ဟောပြောချီးမြှင့်ခဲ့ကြပါသည်။
ဆရာတော် သံဃာတော်များသည် ဝယ်ယူသူ ကိုမြင့်စိုးအား စစ်ဆေးမေးမြန်းကြရာ မိမိသည် ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ဘာသာခြားများဝယ်ခိုင်းခြင်းမဟုတ်ကြောင်း မိမိကိုယ်ပိုင်ငွေကြေဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်း အခိုင်အမာလျှောက်ထားခဲ့ပါသည်။ ၎င်း၏ဝန်ခံလျှောက်ထားချက်များအရ သံဃာတော်များမှ နောက်နောင် ပြန်လည်ရောင်ချ ငှားရမ်းလိုသည့်အခါ ဗုဒ္ဓဘာသာဝင်အချင်းချင်းဘဲ ရောင်းချ ငှားရမ်းရမည်ဟူသော စည်းကမ်းချက်များဖြင့် ခွင့်ပြုတော်မူခဲ့ကြပြီး တစ်ဆက်တည်းမှာပင် နောက်နောင် မည်သူမဆို အိမ်ခြံမြေ လယ်ယာမြေနဲ့ပတ်သက်၍ ရောင်းဝယ်ခြင်း ငှားရမ်းခြင်းပြုလိုသည့်အခါ ဗုဒ္ဓဘာသာဝင်အချင်းချင်းဘဲ ရောင်းဝယ် ငှားရမ်းကြရန် ကတိပြု လက်မှတ်လက်ထိုးစေခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်ခေါင်းများအပါအဝင် ရပ်မိရပ်ဖများ ရွာသူ/သားများ ဝိုင်းဝန် လက်မှတ်ထိုးခဲ့ကြပါသည်။
မောက်ကြိုးရွာသည် သစ္စဝေဒဂူဆရာတော် အရှင်ခေမာစာရ၏ ဇာတိရွာဖြစ်ကြောင်း သိရသည်။
ဝီရခေမိန် (နဂါးနီသတင်းထောက်)