စက်တင်ဘာလသုံးဆယ်ရက်နေ့ ဗောဓုဗလစေနအဖွဲ့ ဥက္ကဋ္ဌကြီးတည်ထောင်ထားသည့် ဗုဒ္ဓယဉ်ကျေးမှုစင်တာ မှာ မြန်မာရဟန်းတော်များနှင့်တွေ့ဆုံပြီးသည့်အခါ စာအုပ်အရောင်းဌာနသို့ သွားကြပါသည်။ ဤဌာနသည် နှစ်ထပ်သုံးထပ်ကို အသုံးပြုထားခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာတရားတော်များကို သီဟိုဠ်ဘာသာ(စင်ဟာလီ) စကားဖြင့် ပြန်ဆိုရေးသားထားသည့်စာအုပ်များ၊ အင်္ဂလိပ်ဘာသာဖြင့်ပြန်ဆိုရေးသားထားသည့် စာအုပ်များဖြင့် ခမ်းနားထည်ဝါလှပါသည်။
ဥက္ကဋ္ဌဆရာတော်ကြီးက လိုက်ပြပါသည်။ လိုလားရက်ရောစွာပင် ဖိတ်ကြားပါသည်။ စာရေးသူလိုအပ်သည့်စာ အုပ်သာပြော၊ လက်ညှိုးထိုးပြသည့်စာအုပ်မှန်သမျှ အကုန်လှူမည်ဟု မိန့်ကြားပါသည်။ မစိုးရိမ်တိုက်သစ် စာကြည့်တိုက်အတွက် စာအုပ်အနည်းငယ်သာ အလှူခံလိုက်ပါသည်။
ဗုဒ္ဓယဉ်ကျေးမှုစင်တာ၌ သီဟိုဠ်နှင့်ပတ်သက်သည့် ယဉ်ကျေးမှုရိုးရာ အမှတ်တရ လက်ဆောင်များလည်း ထားရှိပါသည်။ ဗုဒ္ဓရုပ်ပွားတော်များ၊ ထီးတော်များ၊ ယပ်တောင်များ၊ ပုံတော်များ၊ ပန်းချီကားများစသည် စုံလင်လှပါသည်။ သီဟိုဠ်တံဆိပ်ပါသည့်သော့တွဲများ လက်ဆောင်အဖြစ် ဝယ်ချင်သော်လည်း မဝယ်ဖြစ်ပါ။ “ဘာယူယူဘယ်လောက်ယူယူ” အကုန်လှူမည်ဟု ပြောထားသည့်အတိုင် ဝယ်ယူသည့်အခါ လှူလိုက်ကြမည် ကို အားနာသောကြောင့် မဝယ်ခြင်းဖြစ်ပါသည်။ သူတို့လက်ဆောင်ပေးသမျှကိုသာ ယူလိုက်ပါသည်။
ဗုဒ္ဓယဉ်ကျေးမှုစင်တာကို လှည့်ပတ်ကြည့်ရှုပြီးသည့်အခါ လက်ဆောင်ပစ္စည်းများ အပုံလိုက်ကြီးဖြစ်နေပေ သည်။ ယနေ့ည ပြန်ကြွမည်ဖြစ်သောကြောင့် ထုပ်ပိုးပြင်ဆင်ထားကြဖို့ တပည့်ဒကာ ဒကာမအား ညွှန်ကြားနေ သည်ကို တွေ့ရသည်။
ဗုဒ္ဓယဉ်ကျေးမှုစင်တာမှ ဆင်းလာခဲ့ကြပါသည်။ မြန်မာရဟန်းတော်များလည်း ပါပါသည်။ နေ့ဆွမ်းစားပြီးလျှင် သတင်းစာရှင်းလင်းပွဲသွားကြမည်ဖြစ်ရာ တက်ရောက်နိုင်ကြောင်း ဥက္ကဋ္ဌဆရာတော်ကြီးက ပင့်ပါသည်။ မြန်မာရဟန်းတော်လေးများ တွန့်ဆုတ်နေကြပါသည်။ ကျောင်းစာသင်မည့်အချိန်နှင့် တိုက်ဆိုင်နေ၍ ဖြစ်နိုင်ပါသည်။ စာရေးသူက “စိတ်လည်းမဆိုးတတ်ဘူး။ စိတ်ဆိုးလျှင်လည်း မဆိုးသလို နေပြတတ်မည်။ ရန်လိုသူကိုပင် မြူးရွှင်စွာ တုန့်ပြန်တတ်မည်ဆိုလျှင် လိုက်ခဲ့ကြစေလိုကြောင်း၊ အကယ်၍ သတင်းသမားမေး သည့် မေးခွန်းနှင့်ပင် ဒေါသထွက်တတ်မည်ဆိုပါက မလိုက်စေလိုကြောင်း” ပြောပြီး ထွက်ခွါလာခဲ့ပါသည်။
ဥက္ကဋ္ဌဆရာတော်ကြီးနှင့်အတူ ထွက်လာသည့်အခါ ဥက္ကဋ္ဌဆရာတော်ကြီးက လက်ညှိုးညွှန်၍ပြပါသည်။ ဗုဒ္ဓယဉ်ကျေးမှုစင်တာနှင့်ကပ်လျက် အရောင်ဆိုင်တစ်ဆိုင်ဖြစ်နေပါသည်။ သက်သက်လွတ်စင်တာဟု ဆိုပါသည်။ ဥက္ကဋ္ဌဆရာတော်ကြီး၏ အစီစဉ်နှင့် ရောင်းချခြင်းဖြစ်ပါသည်။ သီရိလင်္ကာပြည်သူအများစုသည် သတ်သတ်လွတ်စားကြပါသည်။ အသားငါးစားသူများသည်ပင် အမဲဆိတ်ဝက်တို့ မစားကြပါ။ ငါးနှင့်ကြက်သာ စားလေ့ရှိပါသည်။ သက်သတ်လွတ်စင်တာက သီရိလင်္ကာမှာ အလုပ်ဖြစ်သည်ဟုဆိုပါသည်။ သတ်သတ်လွတ စင်တာဟု ဆိုသော်လည်း ဆိုင်ခန်းသေးငယ်ခြင်း၊ မထင်ရှားခြင်းမျိုးလုံးဝမရှိပါ တစ်ခမ်းတစ်နားနှင့် ဆိုင်ခန်းကြီး ဖြစ်ပါသည်။ လိမ္မာယဉ်ကျေး ဖော်ရွေသူလေးများကို တွေ့ရပါသည်။ အရောင်းစာရေးမလေးများ ဖြစ်ပါသည်။
သတင်းစာတိုက်ကြီးတစ်ခုသို့ ရောက်ပါသည်။ မြေညီထပ်က စားသောက်ဆိုင်ဖြစ်ပါသည်။ နေ့ဆွမ်းစားကြပါ သည်။ မြန်မာရဟန်းတော်လေးများလည်း စားပွဲရှည်ကြီးတစ်ခုတည်းမှာ အတူဝင်စားကြပါသည်။ စာသင်သား များ နွှဲရခဲသည့် ပွဲကြီးပွဲကောင်းဖြစ်၍ သဘောကျနေကြပါသည်။
သတင်းစာတိုက်ပိုင်ရှင်သည် စွယ်တော်ပူဇော်ပွဲတွင် ဂိလာနဆရာတော်ကြီးအား ပရိတ်ပူဇော်နေပုံကို ဓာတ်ပုံရိုက်ကူးထားသော ဂိလာနဆရာတော်ကြီး၏ တပည့်ဒကာကြီးတစ်ဦးဖြစ်ပါသည်။ စာရေးသူ ပရိတ်ရွတ် နေသောပုံများ ကူးယူဆက်ကပ်ပါသည်။ သားသမီးသုံးဦးရှိရာ နှစ်ယောက်က နိုင်ငံခြားမှာ ပညာသင်နေသည် ဟုဆိုပါသည်။ နိုင်ငံခြားမှ ဘွဲ့ယူ၍ပြန်လာသော သမီးကြီးကလည်း လိမ္မာရေးခြားရှိပါသည်။ နိုင်ငံခြားပြန် ဆိုသော်လည်း နိုင်ငံခြားပြန်ရွှေမြန်မာမိန်းကလေးတွေလို အပေါ်ဗလာ အောက်တစ်ထွာမျိုး မတွေ့ရပါ။ ယဉ်ကျေးမှုကိုထိန်းသိမ်းနိုင်စွမ်းသော မိကောင်းဖခင်သမီးကြီးဖြစ်ပါသည်။
နေ့ဆွမ်းစားပြီးသည့်အခါ အပေါ်ထပ်တက်ကြပါသည်။ ဓာတ်လှေကားဖြင့်လိုက်ပို့ကြခြင်းဖြစ်ပါသည်။ တိုက်ပိုင် သတင်းထောက်များက အင်တာဗျူးလုပ်ကြပါသည်။ မြန်မာရဟန်းတော်လေးများက ဖြေပေးကြပါသည်။ ပို၍ အဆင်ပြေသွားကြပါသည်။ အင်္ဂလိပ်စကားလည်းတတ်၊ ရဟန်းတစ်ပါးလည်းဖြစ်၊ ဒေသခံပြည်သူများ၏ အထာကိုလည်းသိနားလည်၍ စာရေးသူ၏ ဖြေဆိုချက်များကို တိကျသေချာစွာ ပြန်ဆိုပေးနိုင်သည်ကို တွေ့ရ ပါသည်။ အချို့နေရာတွင် စာရေးသူဖြေဆိုချက်က ကျဉ်းလွန်းနေသောကြောင့် ဥပမာပေး၍ သာဓကပြု ဖြေဆိုဖို့ပင် တိုက်တွန်းသည်ကို တွေ့ရပါသည်။ ကန္ဒီမြို့ စွယ်တော်ပွဲတွင် ဤရဟန်းတော်လေးရှိလျှင် ချက်ချင်း လက်ငင်း ကမ္ဘာဖြန့်နိုင်မည်ဖြစ်ပါသည်။
သတင်းစာတိုက်ပိုင်ရှင် မိသားစုက လာရောက်နှုတ်ဆက်ပါသည်။ ဗောဓိသတ္တ-ဘုရားလောင်း ရုပ်တုလည်း လက်ဆောင်ပေးပါသည်။ သူတို့အားလုံးကို နှုတ်ဆက်ပြီး ထွက်ခွါလာခဲ့ပါသည်။
မွန်းလွဲပိုင်း၌ သတင်းစာရှင်းလင်းပွဲသို့ ရောက်ပါသည်။ ဥက္ကဋ္ဌဆရာတော်ကြီး၊ အတွင်းရေးမှူးဆရာတော်လေး၊ ဟိန္ဒူဘာသာရေးခေါင်းဆောင်နှင့်တွဲ၍ ပွဲစီစဉ်ထားပါသည်။ စာရေးသူ၏ ဖြေကြားချက်များကို စင်ဟာလီ ဘာသာပြန်ဆိုပေးမည့် ရဟန်းတော်လေးတစ်ပါးပါလာပါသည်။ သီဟိုဠ်ရဟန်းတော်လေးသည် မြန်မာပြည် မန္တလေးမှာ နေထိုင်သူဖြစ်ပါသည်။ စာရေးသူက မြန်မာစကားပြောသည်ကို သီဟိုဠ်ကိုယ်တော်လေးက စင်ဟာလီဘာသာပြန်ဆိုပေးပါသည်။
စာရေးသူ-စတင် မိတ်ဆက်ပါသည်။
၎င်းနောက် မီဒီယာဆိုသည်မှာ ချစ်သူလည်းရှိမည်။ မုန်းသူလည်းရှိမည်။ ရန်သူလည်းရှိမည်။ မိတ်ဆွေလည်းရှိ မည်။ အမြင်တူသူလည်း ရှိမည်။ အမြင်မတူသူလည်းရှိမည်။ ချစ်သူဖြစ်စေ မုန်းသူဖြစ်စေ အားမနာတမ်းမေးကြ ပါ။ ဖြေသည့်အတိုင်းရေးကြပါဟု ပြောသည့်အခါ အားလုံးပြုံးရွှင်ရယ်မောသွားကြသည်ကို တွေ့ရပါသည်။ ၉၆၉ မူဝါဒလက်ကမ်းစာစောင်များလည်း ဝေငှထားပါသည်။ အင်္ဂလိပ်လိုပြန်ဆိုထားသော စာစောင်ဖြစ်ပါသည်။ မူဆလင်မီဒီယာများ၊ နိုင်ငံခြားမီဒီယာများ ပါဝင်သော်လည်း တစ်ဖက်သတ်မေးခွန်းများ မမေးကြပါ။
စာရေးသူနှင့်ဗောဓုဗလစေနအဖွဲ့ လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာကို အပြန်အလှန် လက်ဆောင်ပေးကြပါသည်။
ဟိန္ဒူဘာသာရေးခေါင်းဆောင်ကိုလည်း မေးကြပါသည်။ ဟိန္ဒူဘာသာရေးခေါင်းဆောင်သည် အခမ်းအနား မှာတုန်းကလို အင်္ကျီမပါ ပုခုံးဗလာပေါ် ပုဆိန်သေးလေး ချိတ်ထားခြင်းမျိုး မရှိတော့ပါ။ သာမန် အရပ်သားတစ် ယောက်လိုပင် ဝတ်ဆင်ထာသည်ကို တွေ့ရပါသည်။
သတင်းစာရှင်းလင်းပွဲပြီးသည့်အခါ ဥက္ကဋ္ဌဆရာတော်ကြီးက စာရေးသူကို အသံလွှင့်ဌာနတစ်ခုသို့ ခေါ်သွားပါ သည်။ ထိုဌာနသည် ရုပ်သံသတင်းဌာနဖြစ်ပြီး တရားနှင့်ပတ်သက်သမဆ ဘာသာ သာသနာနှင့်ပတ်သက် သမျှသော သတင်းများကို အချိန်ပြည့်လွှင့်သော ဌာနဖြစ်ကြောင်း သိရပါသည်။
စာရေးသူတို့အား အခန်းကျဉ်းလေးသို့ ခေါ်သွားပါသည်။ ဥက္ကဋ္ဌဆရာတော်ကြီး၊ အငြိမ်းစားပါမောက္ခကြီး၊ သီဟိုဠ်ကိုယ်တော်လေး၊ စာရေးသူတို့ လေးဦးလုံး မိတ်ကပ်လိမ်းကြရပါသည်။ အမွှေးအကြိုင်များမပါပေ။ Cream အရည်များလည်း မဟုတ်ပေ။ ပေါင်ဒါလို အမှုန့်ဖြစ်ပြီး အရောင်က မြေနီရောင်ဖြစ်ပါသည်။ ပထမဦးဆုံး အတွေ့အကြုံဖြစ်ပါသည်။ ကင်မရာသမားများမဝင်ရ၍ ဓာတ်ပုံရိုက်ခွင့်မရခဲ့ပါ။ အစီစဉ်ပြီးမှသာလျှင် ဝန်ထမ်း များနှင့် အဖွဲ့လိုက် ဓာတ်ပုံရိုက်ကြပါသည်။
စာရေးသူကို သီဟိုဠ်လိုမေးလိုက် အင်္ဂလိပ်လိုမေးလိုက် မေးကြပါသည်။ သီဟိုဠ်ကိုယ်တော်လေးက ဘာသာပြန် ဆိုပေးပါသည်။ စာရေးသူက လိုရင်းမျှသာ ဖြေပါသည်။ သီဟိုဠ်ကိုယ်တော်လေးက စင်ဟာလီလို ပြန်ဆိုပါ သည်။ အမျိုး ဘာသာ သာသနာရေးရာများ အမေးများပါသည်။ သမ္မတဦးသိန်းစိန် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစု ကြည် တို့အကြောင်းလည်း မေးပါသည်။ စာရေးသူဖြေနေကျအတိုင်းပင် ဖြေလိုက်ပါသည်။
ဗောဓုဗလစေနအဖွဲ့ အမှန်တကယ်လိုအပ် မလိုအပ်မေးသည်ကို မဖြေလိုက်ရပါ။ သီဟိုဠ်ကိုယ်တော်လေးက အင်္ဂလိပ်စကား အားနည်းသဖြင့် ဘာသာပြန်ဆို မေးမြန်းရာတွင် မပါဝင်သောကြောင့် ဖြစ်ပါသည်။ အားလုံးပြီးသွားသည့်အခါ ဦးပညာသာမိ ပြောပြမှ သိခဲ့ရခြင်းဖြစ်ပါသည်။
၎င်းမေးခွန်းဖြေလိုက်ရလျှင် သီဟိုဠ်ပြည်သူများ အင်မတန်အားရှိသွားမည်ဖြစ်ပါသည်။ စာရေးသူ ဟောနေကျ အတိုင်း “နိုင်ငံကို ကာကွယ်သည့်တပ်မတော်သာ မရှိခဲ့လျှင် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် လုံခြုံမည် မဟတ်ုသလို၊ မဘသ မရှိခဲ့၍ အမျိုးဘာသာ မလုံခြုံခဲ့ခြင်းဖြစ်ကြောင်း၊ သာသနာထွန်းကားပြန့်ပွားရေးသာ မကဘဲ သာသနာတော်လုံခြုံရေးအတွက် မဘသ အဖွဲ့ မရှိမဖြစ် လိုအပ်ကြောင်း” ဥပမာပေး၍ ဗောဓုဗလစေန အဖွဲ့ကို ထောက်ခံပေးခဲ့မည်ဖြစ်ပါသည်။
အသံလွှင့်ရုံမှ ပြန်လာသည့်အခါ ညနေစောင်းနေပြီ ဖြစ်ပါသည်။ ယနေ့ည ပြန်ရတော့မည်ဖြစ်ရာ ဗောဓုဗလစေနရုံးမှာ ခဏနားပါသည်။ ဧည့်သည်များ ဝန်ထမ်းများက အမှတ်တရဓာတ်ပုံ ရိုက်ကြ။ လက်ဆောင်များ လှူကြ။ နှုတ်ဆက်ရှိခိုးကြနှင့် ပျော်ရွှင်နေကြပါသည်။
ဗောဓုဗလစေန ရုံးခန်းကား ကြီးကျယ်ခမ်းနားလှပါသည်။ ထိုရုံးခန်းကို ကြည့်၍အားတက်သည်လည်းရှိ အားကျသည်လည်းရှိခဲ့ပါသည်။ မန္တလေး မဘသ အဖွဲ့ ယခုအချိန်ထိ ဆိုင်းဘုတ်မတင်ရသေးပါ။ ရုံးခန်းငယ် လေးဆောက်ပြီးသည်ပင် ကြာလှသေးသည်မဟုတ်ပါ။ မဘသ အဖွဲ့ ရုံးခန်း ခမ်းနားသည်ဟု ထင်ခဲ့သော်လည်း BBS ရုံးခန်းနှင့် ယှဉ်လိုက်လျှင် မပြောပလောက်စရာဖြစ်သွားပါသည်။
ဗောဓုဗလစေန(BBS)အဖွဲ့နှင့် တွေ့ရသည်မှာ အားတက်သည်လည်းရှိခဲ့ပါသည်။ အားပျက်သည်လည်း ရှိခဲ့ပါသည်။ အားငယ်သည်လည်းရှိခဲ့ပါသည်။ အားကျသည်လည်း ရှိခဲ့ပါသည်။ စာရေးသူ၏ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ် အောင်မြင်သော်လည်း စာရေးသူ၏ အမိမြန်မာပြည်အတွက်ကား လွန်စာ(အများကြီး) လုပ်စရာ လိုသေးပါလားဟူသော အသိက စာရေးသူအား လွှမ်းမိုးလျက်ရှိပါ၏။