ရှမ်းပြည်နယ်မြောက်ပိုင်းရှိမြို့နယ်(၁၄)မြို့တွင် မ.ဘ.သအဖွဲ့အစည်းခဲ့သည်မှာ (၆)လ(၈)လ(၉)လ(၁)နှစ် အစရှိတဲ့အချိန်အတိုင်းအတာအသီးသီးရှိခဲ့ကြပါပြီ။ ထိုကာလမျှပင် ကြာညောင်းသွားပါသော်လည်း နောင်ချိုမ.ဘ.သ၊ ကျောက်မဲမ.ဘ.သ၊ မဘိမ်း(မ.ဘ.သ)များကလွဲလို့ ကျန်မ.ဘ.သများက သက်ဝင်လှုပ်ရှားမှု အားနည်းနေသည်ကိုသိရှိရပြီး အချို့မြို့နယ်ဆိုလျှင် အဖွဲ့မည်ကာမျှသာဖြစ်ပြီး ရုံးလည်းမရှိ တာဝန်ယူ တာဝန်ခံလုပ်ဆောင်မည့် ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်လည်းမရှိ နေရာတော့အသီးသီးယူထားကြပြီး ရှေ့ကလည်းမသွား နောက်ကလည်းမလိုက် လွယ်အိတ်ကြီးလုပ်နေကြသည်ကို စိတ်မကောင်းစွာတွေ့ရှိရပါသည့်အတွက် ရှမ်း/မြောက်တခွင် မြို့နယ်အသီးသီး ဗုဒ္ဓဘာသာဝင်တွေ တိုင်းရင်းသားတွေ အားကိုးလောက်သော မ.ဘ.သအဖွဲ့အစည်းအဖြစ်ရပ်တည်လုပ်ဆောင်နိုင်စေရန်အလို့ငှါ ရှမ်း/မြောက် (ပြည်နယ်)မ.ဘ.သ လားရှိုးမှ ထိုမြို့နယ်များသို့ သွားရောက်ပြီး ညှိနှိုင်း ကူညီ ပူပေါင်း ဆောင်ရွက်ပေးရန်အတွက် (၂၈-၃-၂၀၁၅)စနေနေ့ နံနက်(၆)နာရီတွင် လားရှိုးမြို့မှ ထွက်ခွာခဲ့ပြီး (၈)နာရီခန့်အချိန်တွင် နမ္မတူမြို့နယ် မ.ဘ.သရုံးစိုက်ရာ မြို့ဦးကျောင်းတိုက်သို့ ရောက်ရှိခဲ့ကြပါသည်။ နံနက်(၉)နာရီ မှ (၁၀)နာရီခွဲအထိ(၁)ကြိမ်၊ နေ့လည်(၁)နာရီ မှ (၃)နာရီအထိ(၁)ကြိမ် တွေ့ဆုံညှိနှိုင်းပေါင်းစပ်အဖြေရှာကာ မိမိတို့မြို့နယ်အနေဖြင့် မဖြေရှင်းနိုင်သောကိစ္စများ အခက်အခဲများကို လူအား ငွေအား အကြံဉာဏ်အားများဖြင့် ရှမ်း/မြောက် (ပြည်နယ်) မ.ဘ.သ လားရှိုးမှ အားဖြည့်ကာ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းတို့ကို ပြောကြားပြီး မေးမြန်းကြသော မေးခွန်းများကို ပြည်လည်ဖြေကြားကာ ညနေ(၃)နာရီ(၃၀)မိနစ်တွင် ပြန်လည်ထွက်ခွာခဲ့ပြီး ညနေ(၆)နာရီအချိန်တွင် ရှမ်း/မြောက် (ပြည်နယ်) မ.ဘ.သရုံးသို့ရောက်ရှိခဲ့ကြပါသည်။
(၂၈/၂၉-၃-၂၀၁၅)ရက်နေ့များတွင်မူဆယ်(မ.ဘ.သ)၊ (၃၀-၃-၂၀၁၅) ရက်နေ့တွင် သိန္နီ(မ.ဘ.သ)၊ (၃၁-၃-၂-၁၅)ရက်နေ့တွင် တန့်ယန်း(မ.ဘ.သ)၊ (၁-၄-၂-၁၅)ရက်နေ့တွင် သီပေါ(မ.ဘ.သ)တို့ကို အသီးသီးသွားရောက်ကာ တွေ့ဆုံ ညှိနှိုင်း ကူညီ ပူပေါင်း ပေါင်းစပ်အဖြေရှာကာ ချိတ်ဆက် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်သည်။
အညွန့်(လားရှိုး)