Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“တိုင်းပြည်နှင့် အမျိုး ဘာသာ သာသနာအတွက် သားကောင်းရတနာ မွေးထုတ်ပေးရှာသော မာတာပိတုဂုဏ် အဖုံဖုံတို့နှင့်ပြည့်စုံပြီး အသက်ခန္ဓာ စွန့်သွားရှာသော ရဟန်းမယ်တော်ကြီးအတွက် မျိုးချစ်မြန်မာရဟန်းတော် များသမဂ္ဂ၏ ဝမ်းနည်းကြောင်းသဝဏ်လွှာ”

$
0
0
ရက်စွဲ။ တန်ခူးလဆန်း(၁၁)ရက်
၃၀.၃.၂၀၁၅(တနင်္လာနေ့)
စာအမှတ်။       ၃၃/မ.မ.ရ.သ/၂၀၁၅
၁။ ကြွေလွင့်သွားသောပန်းတိုင်းသည် တန်ဖိုးမရှိသလို မကြွေလွင့်ဘဲ ကျန်ရှိနေသော ပန်းတိုင်းသည်လည်း တန်ဖိုးမရှိပေ။ တန်ဖိုးရှိပြီး ကြွေလွင့်သွားသော ပန်းပမာ တာဝန်ကျေပွန်စွာဖြင့် တိုင်းပြည်နှင့် အမျိုး ဘာသာ သာသနာအတွက် သားကောင်းရတနာမွေးထုတ်ပေးနိုင်ခဲ့သော ဆရာတော်ဦးဝိစိတ္တာဘိဝံသ(ဝီရသူ)မစိုးရိမ်၏ မိခင်ကြီးအတွက် မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲမျက်ရည်ဝဲ၍ ခံစားမိပါသည်ဘုရား။
၂။ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၏ ပြုပြုသမျှသောကောင်းမှုကုသိုလ် အစုစုတို့၏ အဖို့ဘာဂကိုလည်း ရဟန်းမယ်တော်ကြီးအား အမျှအတန်းပေးဝေပါသည်။ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ပါစေ။
၃။ မိမိအသက်ကို မငဲ့ကွက်ဘဲ တိုင်းပြည်နှင့်အမျိုးဘာသာ သာသနာအတွက် ဆိုးရွားလှတဲ့ ရာသီဥတု၏ ဒဏ်ကို ကြံ့ကြံ့ခံ၍ ပင်ပန်းဆင်းရဲခံကာ လိုက်လံပြီး ဟောပြောဆုံးမ လှူဒါန်းထောက်ပံ့၍ ကိုယ်ကျိုးစွန့် အနစ်နာခံသော သားကောင်းရတနာဆရာတော်တစ်ပါး မွေးထုတ်ပေးခဲ့သောကြောင့် မိခင်ကောင်းတာဝန် ကျေပွန်ပါပေသည်ဘုရား။
၎။ ကောင်းကင်အာကာ၊ မိုးအောက်မှာနေ၊ လူတစ်တွေ၌၊ အမေမရှိသောသူ၊ အချို့သောသူကို၊ သားတွေ့ရပါသည်၊ အမေမရှိသူ၊ ထိုထိုလူတွင်၊ အမေအမေ၊ ခေါ်ချင်သော်လည်း၊ မခေါ်နိုင်ပါ။ ကံကြမ္မာအတိတ်ကြောင့်၊ ဝေဖန်စိတ်မှာ၊ ကြေကွဲဝမ်းနည်း၊ မျက်ရည်ဝဲ၍၊ တမ်းတရော်ရည်၊ ကျေကွဲရပြီ အမေရယ်........။
ဤကဗျာဖြင့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ ဆရာတော်ဦးဝိစိတ္တာဘိဝံသ(ဝီရသူ)မစိုးရိမ်အား ဝမ်းနည်း ကြောင်းသဝဏ်လွှာကို ပို့သအပ်ပါသည်ဘုရား။
မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂအဖွဲ့(ရန်ကုန်)
ဥက္ကဋ္ဌ-ဦးဉာဏဓမ္မ
အတွင်းရေးမှူး-ဦးသုစိတ္တ

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...