ကျောက်မဲမြို့နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ ဆိုင်းဘုတ်တင်ပွဲကို ရုံးစိုက်ရာ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်တွင် မ.ဘ.သသြ၀ါဒါစရိယဆရာတော် ဘဒ္ဒန္တဂုဏာင်္ကာရာဘိဝံသ ရန်အောင်မြင်ကျောင်းတိုက်ဆရာတော်၊ သာသနောဒယကျောင်းတိုက်ဆရာတော် အမှူးပြု၍ မ.ဘ.သအလုပ် အမှုဆောင်ဆရာတော်များ အဖွဲ့ဝင်ဆရာတော်များ လူပုဂ္ဂိုလ်များ သီလရှင်ဆရာလေးများ မြို့နယ်အထောက် အကူပြုအဖွဲ့မှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၂၅၀)ကျော်တက်ရောက်ပြီး (၁၉-၃-၂၀၁၅)ရက်နေ့ နံနက်(၇)နာရီအချိန်တွင် အောင်မြင်စွာ စိုက်ထူးဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။