Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ကရင်ပြီးတော့ ရခိုင်(၁)”

$
0
0
15.3.2015 ညနေပိုင်းမှာ စစ်တွေမြို့သို့ ရောက်ပါတယ်။
ကြိုဆိုရေးအဖွဲ့က ရခိုင်စည်တော်ကြီးကားဖြင့် ကြိုဆိုကြပါတယ်။
ပုသိမ်ကျောင်းဆရာတော်ကြီးအား ဖူးမြော်ပူဇော်ခဲ့ပါတယ်။ ပုသိမ်ဆရာတော်ကြီးက ရန်ကုန်၊ အလိုတော် ပြည့်ဓမ္မာစရိယတ္ကသိုလ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုစိတ္တာဘိဝံသ၏ ငယ်ဆရာပါ။ အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်ဆရာတော်က စာရေးသူရဲ့ ဆရာပါ။ မစိုးရိမ်တိုက်သစ် နာယက ဆရာတော်အဖြစ် ဆောင်ရွက်နေရာမှ ရန်ကုန်သို့ ပြောင်းရွှေ့သွားခြင်းဖြစ်ပါတယ်။
ဒါကြောင့် ပုသိမ်ကျောင်းဆရာတော်ကြီးက စာရေးသူ၏ ဆရာ့ ဆရာ(ပါစရိယ)ဖြစ်ပါတယ်။
ညနေစောင်းမှာ ရွှေစေတီဆရာတော် ဦးအရိယဝံသနှင့်အတူ လရောင်ဝင်းကျောင်းကိုရောက်ပါတယ်။ ဘင်္ဂလားမှ ပြန်ဝင်လာသော ဗုဒ္ဓဘာသာဝင် ရခိုင်မျိုးနွယ်စုများအား အားပေးနှစ်သိမ့်ခဲ့ပါတယ်။
ည 8:30 နာရီမှာ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးဓမ္မာရုံမှာ တရားဟောပါတယ်။
အမှန်တရားမသေဆုံးမီ တရားကတော့ ရခိုင်တွေအတွက် သည်းခြေကြိုက်တရားဖြစ်ခဲ့ပါတယ်။
အမှန်တရားသေဆုံးပြီ၊ ကြောင်းကျိုးကမညီ။
သူတော်ကောင်းတွေမျက်ရည်ကျ၊ လူမိုက်ကောင်းစားရ။
သိကြားမင်းက ကယ်တင်ရှင်၊ လူမိုက်စိတ်ကောင်းဝင်။
သူတော်ကောင်းတွေဘေးရန်ပ၊ လောကငြိမ်းချမ်းရ။
အမှန်တရားမသေဆုံးမီ၊ ကြောင်းကျိုးညှိရမည်။
အမျိုးဘာသာ ကာကွယ်ရေး၊ လက်တွဲညီညာတောင့်ထားပေး။
































Viewing all articles
Browse latest Browse all 2129

Trending Articles