Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ပြည်မြန်မာနှင့် ရှရှိယာအန္တရာယ်”

$
0
0
မိုးတိမ်(ရွှေကာ)
ဆရာတော်ဦးနာဒရရဲ့ “ကိုယ်တော့်ကရုဏာ”လည်း ဖတ်ပြီးပြီ။
နှစ်ဖက်လှဦးကျော်လွင်ရဲ့ “မြန်မာတွေကျားဖြစ်ဖို့လိုပြီ” လည်း နားထောင်ပြီးပြီ။
ဖိုးပညော(သပိတ်ကျင်း)ရဲ့ စာစုတွေဆိုတော့ ပြောဖို့ကိုမလို။
ဝီရသူဆော့ဖ်ဝဲလ်၊ သာကီသွေး၊ အောင်ဇေယျတု၊ အတုမရှိတွေကတော့ နေ့စဉ်၊ အပတ်စဉ် ဖတ်စရာ မှတ်စရာ။
ဒီအထဲမှာ တစ်ခေတ်တစ်မျိုး မရိုးနိုင်တဲ့ ဇာတ်လမ်းတွေက အလုပ်ရှင်နဲ့ အလုပ်သမား၊ အိမ်သားနဲ့ကူလီ၊ ဈေးသည်နဲ့ ဈေးဝယ်၊ အခြေပြုပြီးတစ်ဖုံ၊ အနေပြပြီးတစ်မျိုး မရိုးမသား ကိုးယို့ကိုးယား၊ အဘိုးအရွယ်က မြေးအရွယ်ကိုချူ၊ အဖေလိုလူက သမီးအရွယ်ကို အဓမ္မကျင့်၊ လူသိမ်း မြေသိမ်း ဘာသာသိမ်း အာဏာသိမ်း ဇာတ်လမ်းတွေကဖြင့် မကုန်နိုင် မဆုံးနိုင် တစ်ထောင့်တစ်ည ပုံပြင်တွေအလား။ (လူနည်းစုမို့သာ တော်ရဲ့၊ ဧည့်သည်မို့သာ တော်ပါသေးရဲ့။)
ဇာတ်လမ်းဇာတ်ကွက် မင်းသားမင်းသမီး ဘယ်လိုကြီးပြောင်းပြောင်း ဟောင်းမသွားဘဲ တူညီနေတဲ့ သီအိုရီတစ်ခုတော့ရှိတယ်။ ဆင်းရဲတဲ့ ဘာသာခြားက အနေပြ ကရုဏာခံပြီး မြန်မာမကို ချူမယ်၊ ချမ်းသာတဲ့ ဘာသာကြီးဆိုရင်တော့ အခြေပြကရုဏာဟန်ပြပြီး မြန်မာမကို ကပ်မယ်။ ဒါက ဘယ်တော့မှ ပြောင်းလဲသွား မှာမဟုတ်တဲ့ ကုလားထီးတို့ရဲ့ ဗျူဟာတစ်ခုပါ။
အကြံအဖန်သမားနဲ့ အမှန်အကန်သမားတွေ့ရင် အကြံအဖန်သမားက စားမြဲပဲ။ ဒီတော့ မြင်၊ တွေ့၊ ကြားသိရသမျှ ဇာတ်လမ်းတိုင်းမှာ အမှန်အကန် မြန်မာမလေးတွေဟာ အကြံအဖန်ကုလားတွေရဲ့ ထောင်ချောက်အတွင်း ရောက်မှန်းမသိ ရောက်သွားကြရပါတယ်။ အများစုကတော့ မတိုးသာ မဆုတ်သာ ဘဝမို့ အနှိမ်ခံဘဝနဲ့ပဲ လုံးပါး ပါးကြရရှာပါတယ်။
မတိုးသာ မဆုတ်သာဆိုတာက ဒီလိုပါ။
အမှားနောင်မှ နောင်တရပြီး သမီးရည်းစားဘဝမှာတင် အဆက်ဖြတ်မလား၊ အရှက်ကို အသက်ထက် တန်ဖိုးထားတတ်တဲ့ မြန်မာမလေးတွေကို စားနေကျကြောင်ပါး ဘာသာခြားတွေက အရှက်အန္တရာယ်ပြပြီး ကြိုးကိုင်လေ့ရှိပါတယ်။ ဖျက်သူက မိသားစု သို့မဟုတ် ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုခုကဆိုရင်တော့ မိန်းကလေးနဲ့ပတ်ဝန်းကျင်ကိုပါ အသက် အန္တရာယ်နဲ့ ခြိမ်းခြောက်တတ်ကြပါတယ်။ အတူနေပေါင်းသင်းပြီး သားကြီး သမီးကြီးရကာမှ နောက်ဆုတ်မယ်ဆိုရင်တော့ သိပ်မနှမျောကြတော့ပါဘူး။ သားသမီးကိုသာ စစ်ယူလိုက်ကြပြီး မယားကိုတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ကမ္မဿကာလုပ်ပစ်လိုက်ကြပါတယ်။ ဒီလို အခြေအနေမှာ မချစ်မနှစ်သက်သူကိုလည်း ဆက်မပေါင်းလိုတော့။ ချစ်လိုခင်လိုသူတွေနဲ့လည်း ပေါင်းသင်းခွင့် မရ အကြဉ်ခံထားရလေတော့ မြန်မာမလေးတွေအတွက် အငတ်အန္တရာယ်က စပါတယ်။ ကူသူမဲ့ ကယ်သူမဲ့ နေတဲ့ ခေတ်ပျက်ကြီးထဲမှာ ဒီအငတ်အန္တရာယ်ကို ရေရှည်ရင်မဆိုင်နိုင်တဲ့ အများစုကတော့ ကုလားထီးအလိုကျ ပြုသမျှ နုကြရပါတော့တယ်။ မထူးဇာတ်ခင်းပြီး ဘာသာခြားတို့ညွတ်ကွင်းသို့သာ ပြန်လည်တိုးဝင်မိကြပါ တော့တယ်။
ဖေးကူမယ့် ဘေးလူဆိုတာလည်း အန္တရာယ်ကြောက်ကြောက်နဲ့မို့ နောက်ခေါက်ပြန်ကြတာပဲ များပါတယ်။ ဒါတွေကို ကြိုသိထားလို့လည်း ဘာသာခြားတွေဟာ အရှက်အကြောက်ကြီးတဲ့ မြန်မာမလေးတွေရဲ့ ဘဝကို စိတ်ကြိုက်စော်ကား ကာမဓားပြတိုက်ယူ စားသောက်နေကြတာပါ။
အသွားမတော် တစ်လှမ်းဆိုတဲ့ ပေါရာဏစကားက ခုလို ရိုးရိုးအအ မြန်မာမလေးတွေအတွက်ဆိုရင် ပိုပြီး မှန်ကန်မယ်ထင်ပါတယ်။ အဲဒီအသွားမတော်တဲ့ ခြေတစ်လှမ်းကြောင့်ပဲ ခြေတစ်လှမ်း ကုဋေတစ်သန်းထိုက်ရ မယ့်အစား ကုဋေတစ်သန်းမက အဖိုးတန်တဲ့ အမျိုး ဘာသာ သာသနာပါ ဆုံးရှုံးနိုင်ပုံကို ဒီဆောင်းပါးမှာ အထင်အရှားတွေ့ရမှာပါ။
ဒီနေရာမှာ ရှေးဦးစွာပဲ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း အတုယူနိုင်ဖို့ စံပြသာသာနပြုတစ်ဦးအကြောင်း တင်ပြလိုပါတယ်။ သူက ခြေတစ်လှမ်းရဲ့ ကုဋေတစ်သန်းတန်ဖိုးကို ဖျက်ဆီးမိလျက်သား ဗုဒ္ဓဘာသာ မြန်မာမလေးတစ်ဦးရဲ့ ဘဝကို အမြော်အမြင်ရှိရှိနဲ့ ကယ်တင်ပေးခဲ့သူပါ။ ယနေ့အထိလည်း သစ္စဝေဒဂူဆရာ တော် အရှင်ခေမာစာရနဲ့ ဦးဝီရသူတို့ရဲ့ လမ်းညွှန်မှုအောက်မှာ ကျရာတာဝန်ကို အားသွန်ခွန်စိုက် ပါဝင်ဆောင် ရွက်နေဆဲပါ။ သူဟာ မိသားစု အားလုံးမျှမက တပည့်မလေးတွေကိုပါ ပါဝင်ဆောင်ရွက်စေသူပါ။ အထူးခြားဆုံး ကတော့ တပည့်မလေးတွေအတွက် ဥပုသ်နေ့ကို အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားတာပါပဲ။ ခေတ်သစ်အနာထပိဏ်လို့တောင် ဂုဏ်ပြုထိုက်တဲ့ အိမ်တွင်းသာသနာပြုတစ်ဦးပါ။
တပည့်ဆိုတဲ့အသံလေးပါတော့ သူ့ကိုစာရေးဆရာ ကျူရှင်ဆရာကြီးများလား၊ စာရေးဆရာ ဒါရိုက်တာကြီး များလား၊ စာရေးဆရာနိုင်ငံရေးသိပ္ပံကျောင်းအုပ်ကြီးများလားလို့ မထင်လိုက်ပါနဲ့။ ဝေးပါသေးတယ်။ သူက အခြေခံပညာကို ၅ တန်းထိမျှသာ တက်ခဲ့ရပြီး အသက်မွေးဝမ်းကျောင်းပညာဘက်လှည့်ကာ စက်ချုပ်ပညာ သင်ယူခဲ့သူပါ။ ခုတော့ သူကျွမ်းကျင်တဲ့ ပညာနဲ့ နီးစပ်ရာမိန်းကလေးတွေကို လက်ဆင့်ကမ်း ပညာပေးရင်း ဘာသာရေးမျိုးစေ့ပါ အမိအရ ပျိုးချနေသူပါ။
ဒီလိုလုပ်ပေးတဲ့ကြားထဲကပဲ သူ့တပည့်ဟောင်း ကလေးမတစ်ယောက် ကုလားနောက်ပါသွားပါတယ်။
ကလေးမက တံတားဦး၊ အင်းဝဇာတိ၊ လက်ဖက်ရည်ဆိုင်လေးဖွင့်ပြီး အမေတစ်ခု သမီးတစ်ခု နေရတာပါ။ အဲဒါကို ကုလားက အောက်ခြေသိမ်းအလုပ်တွေ လုပ်ပေးရင်းအနေပြပြီး အဝေးကွင်းမှာ ဂိုးသွင်းသွားတာပါ။ ဘာတတ်နိုင်မှာလဲ။ ကုလားနဲ့ ရင်းနှီးဆက်ဆံခွင့်မပေးသင့်ဆိုတဲ့ ပထမအခြေအနေကို မထိန်းနိုင်ခဲ့လို့ ချစ်ကြိုက်လက်ထပ်သွားကြပြီပဲ။ ကုလားမယားတို့ ထုံးစံအတိုင်း အနှိပ်စက်မခံနိုင်လို့ မိဘအိမ် ပြန်လာမယ့် အခြေအနေကိုပဲ စောင့်ရတော့မှာပေါ့။
မကြာလိုက်ပါဘူး။ ၃ လလောက်ပေါင်းပြီးတာနဲ့ ကုလားမယားလေး မိဘအိမ်ပြန်ပြေးလာတဲ့အကြောင်း ကြားသိ လိုက်ရပါတယ်။ အခွင့်ကောင်းစောင့်နေသူမို့ သူလည်း ကလေးမကို အိမ်အရောက်ချက်ချင်းခေါ်ပြီး ကြားဖူး နာဖူး ဖတ်ဖူးသမျှ အမျိုးသားရေးတရားတွေကို လက်တွေ့အဖြစ်အပျက်တွေနဲ့ ယှဉ်တွဲနားသွင်းလိုက်ပါတယ်။ ပြောမယုံ ကြုံမှသိတတ်တာ ရွှေမြန်မာတို့ ထုံးစံမို့ ဒီအခြေအနေမှာတော့ လွယ်လွယ်ကူကူပဲ နားလည်သွား ပါတယ်။ သူ့အမှားသူဝန်ခံပြီး သင့်သလို စီမံပေးဖို့သာ ကန်တော့တောင်းပန်ရှာပါတယ်။
အခွင့်ကောင်းကို လက်လွှတ်မခံချင်တဲ့ သူကတော့ ကလေးမရဲ့ အစ်မရှိရာ ပြည်နယ်ဘက်ကိုပို့ဖို့ ချက်ချင်းစီမံ လိုက်ပါတယ်။ နေရာကို ကုလားသိမှာစိုးလို့ ကလေးမရဲ့ အမေကိုတောင် အသိမပေးဘဲ လမ်းစရိတ်ကအစ သူ့ဘာသာသူ စီမံလိုက်တာပါ။ သူ့အမေအိမ်မှာ ဆက်ထားရင် ကုလားက လာချော့တာနဲ့ ပျော့သွားမှာစိုးလို့ ပါ။ ကုလားဆိုတာမျိုးက ကလေးမရမချင်းတော့ ဒီလိုပဲ ချော့လိုက် ခြောက်လိုက်နဲ့ လုပ်တတ်တယ်ဆိုတာ သူသိနေတယ်လေ။
ဒီအစီအစဉ်က သူ့ရဲ့ မဟာအောင်ပွဲပါပဲ။ အရှုံးထဲက အမြတ်ထုတ်ယူနိုင်လိုက်တာပါပဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီကလေးမက ကုလားညွတ်ကွင်းကလွတ်ပြီး မကြာခင်မှာ အမျိုး ဘာသာတူ လင်ကောင်းသားကောင်း ရသွားခဲ့ပါတယ်။ ပြီး ဒါတင်မက မကြာသေးတဲ့နှစ်ကပဲ မန္တလေး တံတားဦး ၂ မြို့လုံးမှာ အလှူကြီးပေးလို့ ဘာသာသွေးတို့ မွေးထုတ်နိုင်ခဲ့လို့ပါ။
ဒီဖြစ်ရပ်လေးကို ပြောပြရင်း သူ့ဆီက ကျေနပ်အပြုံးတွေ တွေ့ရတတ်ပါတယ်။ “ငါတာဝန်ကျေပြီ”ဆိုတဲ့ သာမန်အပြုံးလေးသာဖြစ်ပါတယ်။ ဒီတာယန်မျိုးဆိုတာ အမျိုးချစ်သူ ဘာသာချစ်သူတိုင်းရဲ့ လုပ်ရိုးလုပ်စဉ် တာဝန်ဝတ္တရားတစ်ခုဖြစ်လို့ ထွေထွေထူးထူးတော့ ကျူးရင့်နေလိုဟန်မရှိပါဘူး။
စာရေးသူကတော့ သူ့ကိုယ်စား အထူးဂုဏ်ယူနေမိပါတယ်။ “စစ်မြေပြင်မှာ စစ်သည်ငါးရာ ကျဆုံးသွားရတာ ထက် အမျိုးသမီးငါးရာ သုံ့ပန်းအဖြစ် ဆုံးရှုံးရသည်က ပို၍ ဆုံးရှုံး၏” ဆိုတဲ့အမိန့်လေး မှတ်သားထားဖူးလို့ပါ။ မှန်ပါတယ်။ တိုက်ပွဲမှာ စစ်သည်ငါးရာ ကျဆုံးသွားတာက အရေအတွက်ငါးရာပဲ ဆုံးရှုံးရတာပါ။ အမျိုးသမီး ငါးရာ သုံ့ပန်းအဖြစ် ဆုံးရှုံးရတာကတော့ သူတို့မွေးဖွားလာမယ့် မျိုးဆက်သစ်တွေကိုပါ ဆုံးရှုံးရတာမို့ မိမိတို့ စစ်သည်အင်အားလျော့သွားရတဲ့အပြင် အဲဒီကလေးတွေကပဲ မိမိတို့ကို ပြန်လည်တိုက်ခိုက်ကြမယ့် ရန်သူ အင်အားတွေဖြစ်လာကြဦးမှာပါ။ ဒါက ပြည်ချစ်သားတို့ ဝင်ခွင့်ရတဲ့ နိုင်ငံရေးစာမျက်နှာပါ။
ဒီအဆိုအမိန့်လေးက စာရေးသူတို့ ယနေ့ရင်ဆိုင်နေရတဲ့ ဘာသာရေးစစ်မျက်နှာအတွက်ဆို ပိုမိုထိရောက် မှန်ကန်ပါလိမ့်မယ်။ ဘယ်လောက်ထိ မှန်ကန်သလဲဆိုတာကတော့ ရှရီယာဥပဒေပြဋ္ဌာန်းထားတဲ့ အစ္စလမ္မစ် ဆော်ဒီအာရေဗျနိုင်ငံ တော်ဝင်မင်းသီးရဲ့ ရင်ဖွင့်သံကို အခြေခံပြီး ယနေ့ကမ္ဘာ့အခြေအနေ၊ မြန်မာ့အခြေအနေ တွေနဲ့ ဆက်စပ်ကြည့်ရင် ပိုပြီးထင်ရှားပါလိမ့်မယ်။
ရွှေမင်းသီးလေးရဲ့ ရင်ဖွင့်စာကို ကောက်နုတ်ပြရရင်တော့ မိန်းကလေးတွေဟာ အမေ့ဗိုက်ကထွက်လို့ ကျား/မ ကွဲတာနဲ့ ဖခင်တို့ရဲ့ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်ချုပ်ခြယ်မှုတွေကို စတင်ခံစားကြရပါတယ်။ သားသမီးချင်းအတူတူ ယောက်ျားလေးကို စိတ်ကြိုက်စီမံခွင့်ပေးထားပြီး မိန်းကလေးကတော့ ထားရာနေ၊ စေရာသွား၊ ကျွေးတာစား၊ ခိုင်းတာလုပ် စက်ရုပ်လေးသာသာ နေထိုင်ကြရပါတယ်။
ဘာသာတရားအရ ဘုရားဝတ်ပြုတာကိုတောင် ယောက်ျားလေးများကိုသာ ဘုရားကျောင်းတက်ခွင့်ပြုပြီး မိန်းကလေးများကိုတော့ အိမ်တွင်းမှာပဲ ဝတ်ပြုစေပါတယ်။ ဘာသာရေးဆရာတွေက ယောက်ျားလေးတိုင်းရဲ့ စိတ်ထဲမှာ ကိုယ့်ကိုယ်ကို မိန်းကလေးတွေရဲ့ အရှင်သခင်အဖြစ် စွဲထင်နေအောင် ရိုက်သွင်းပေးလေ့ရှိပါတယ်။ ဒါကြောင့်လည်း အစ္စလာမ်ဘာသာဝင်ယောက်ျားတွေက အနွတူမိန်းမများကိုပင် တန်ဖိုးမထား၊ ချစ်လွယ် မုန်းလွယ် ပစ်ပယ်တတ်ကြတာပါပဲ။
မိန်းကလေးတွေဟာ အပျိုဖော်ဝင်ပြီဆိုတာနဲ့ ဝတ်ရုံနက်ကြီးများကို ခြုံရပြီး မသွားရ၊ မစားရ၊ မပေါင်းရစတဲ့ ပညတ်ချက်တွေကြားမှာ အိမ်တွင်းပုန်းများ ဘဝရောက်နေကြပါတယ်။ ဒီအခြေအနေတွေကပဲ မကြာခင်မှာ ဘယ်သူဘယ်ဝါ ဘယ်အရပ် ဘယ်အသက်ရှိမှန်းမသိရတဲ့ အဘိုးအရွယ်၊ အဖေအရွယ် ယောက်ျားကြီးများရဲ့ တတိယမြောက်၊ စတုတ္ထမြောက် မယားငယ်များအဖြစ် သွတ်သွင်းခံရတော့မယ်ဆိုတာ သိသာစေပါတယ်။ အပျိုဖော်မဝင်ခင် ရှစ်နှစ်၊ ကိုးနှစ်သမီးဘဝမှာပင် ဘဝနေဝင်ကြရတဲ့ မိန်းကလေးများလည်း ဒုနဲ့ဒေးပါပဲ။
ဒီနေရာမှာ အစ္စလာမ်ဘာသာဝင် မွတ်ဆလင်လူမျိုး အဖေဆိုသူများရဲ့ မိဘမေတ္တာတရားက မေးခွန်းထုတ်ချင် စရာပါ။ သူ့လိုအရွယ်ယောက်ျားကြီးတွေနဲ့ အတူနေဖို့ သမီးကို ရက်ရက်ရောရောပေးတတ်ကြသလို သူကိုယ်တိုင်ကလည်း သူ့သမီးအရွယ် မိန်းကလေးငယ်တွေကို ခြေတော်တင်ကြပါသေးတယ်။ သမီးရဲ့ဆန္ဒ၊ ဇနီးမယားရဲ့ဆန္ဒဆိုတာ အရေးမပါ။ မိသားစုတွင်းမှာလည်း မေတ္တာမရှိ၊ လင်နဲ့မယားကြားမှာလည်း မေတ္တာမရှိ၊ အနွယ်ဝင်အချင်းချင်းကြားမှာလည်း မေတ္တာမရှိ၊ သူတို့လိုဘ ပြည့်ဖို့လောက်သာ ကြည့်တတ်ကြပါတယ်။
ဒီမိုကရေစီ ဟစ်ကြွေးသံတွေ၊ လူ့အခွင့်အရေး ရင့်ကျူးသံတွေ၊ အမျိုးသမီးအခွင့်အရေး လက်ခမောင်းခတ်သံ တွေ ညံစီနေတဲ့ခေတ်ကြီးမှာတောင် မွတ်ဆလင်မလေးတို့ရဲ့ ဘဝတွေဟာ အဖေ၊ အစ်ကို၊ လင်သားတို့ရဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ ခံနေကြရဆဲပါ။ မိန်းမဆိုတာ လင်ယူသားမွေး ဖျော်ဖြေရေးသတ္တဝါလို့ ယူဆပြီး လူစာရင်းမသွင်းဘဲ သန်းခေါင်စာရင်းမှာ(မွေး/သေ)ချန်လှပ်ခြင်းခံနေရပါတယ်။
မိန်းမဆိုရင် စက်ရုပ်သာသာ အမြင်ရှိထားကြတဲ့ အစ္စလာမ်ဘာသာဝင်တွေကတော့ လက်ထပ်ပေါင်းသင်းခွင့်ကို ရှရီယာဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့်လည်း မေတ္တာမရှိတဲ့ဖခင်၊ သစ္စာမရှိတဲ့ လင်ယောက်ျားတွေရဲ့ ရမ္မက်တောအလယ်မှာ မွတ်ဆလင်မလေးတွေ မျက်နှာငယ်နေကြရပါတယ်။ မင်္ဂလာဦး ညမှာတင် အသက်ဆုံးရှုံးရတာမျိုး၊ အဓမ္မကာမ ရယူမှုကို မခံနိုင်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာ မျိုးတွေကလည်း ထုံးစံတစ်ခုလိုတောင် ဖြစ်နေပါပြီ။
သူတို့အတွက်တော့ ခြိမ်းလွန်းသောမိုး၊ တွန်လွန်းသော နွားလိုပဲ ဒီမိုကရေစီ လူ့အခွင့်အရေးသံတွေ စီညံနေတဲ့ ကမ္ဘာကြီးက နှားစီးပြနေနိုင်ရက်လွန်းပါတယ်။
စာရေးသူပြောချင်တာက မွတ်စလင်လူမျိုး အစ္စလာမ်ဘာသာဝင်တို့ရဲ့ မိန်းကလေးတွေပေါ်ထားတဲ့ သဘောထားကိုပါ။ မိဘနဲ့သားသမီး၊ လင်နဲ့မယား၊ အနွယ်တူ အချင်းချင်းကြားမှာတောင် မေတ္တာ မထားနိုင်ကြ။ မိန်းမဆိုရင် လင်ယူ၊ သားမွေး ဖျော်ဖြေရေးသတ္တဝါလို့ အထင်ရှိပြီး စက်ရုပ်သာသာ ဆက်ဆံနေကြသေးရင် အမျိုးမတူ ဘာသာကွဲတဲ့ မိမိတို့အပေါ်မှာဆိုရင်တော့ ဆိုဖွယ်မရှိပါပြီ။ ဒါအခြေပြ၊ အနေပြ၊ အန္တရာယ်ကြုံနေရ တဲ့ မြန်မာသမီးပျိုတိုင်း အထူးသတိပြုရမယ့် အချက်တစ်ခုပါ။
သူတို့မိန်းမကို ကလေးမွေးဖို့ယူတယ်။ ယူနိုင်သမျှ ယူတယ်၊ ရသမျှ ယူတယ်။ အစ္စလာမ်ချင်းလည်းယူတယ်။ ဘာသာခြားဖြစ်ခြင်း၊ မဖြစ်ခြင်းက သူတို့အတွက် ပဓာနမဟုတ်။ ကလေးများများမွေးထုတ်နိုင်ဖို့ကသာ ပဓာန ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ လူဦးရေတိုးပွားစေပြီး လူကို လူချင်းမျိုတာက ခေတ်ဟောင်းက လက်နက်နဲ့ နယ်ချဲ့ခဲ့တဲ့ စနစ်ထက် ပိုပြီးထိရောက်လို့ပါပဲ။ ဒါကြောင့်လည်း အစ္စလာမ်ဘာသာဝင်တွေဟာ သူတို့ဘာသာဝင် မိန်းကလေးတွေကို ဘာသာခြားလက်မရောက်အောင် တင်းကျပ်စွာ စည်းခြားထားသလို အခြားတစ်ဖက်မှာလည်း ဘာသာခြား အမျိုးသမီးတွေကို ရယူဖို့ နည်းမျိုးစုံနဲ့ အားထုတ်နေကြတာပါ။ မိန်းက လေးတွေကို မေတ္တာရှိလွန်းလို့ မဟုတ်ဘူးဆိုတာ သဘောပေါက်ဖို့ လိုပါတယ်။
ဘာသာခြားတွေဟာ ပထမအဆင့်အနေနဲ့ လူဦးရေတိုးပွားစေပြီး ၄င်းတို့နေထိုင်ရာဒေသကို သိမ်းပိုက်ကြပါ တယ်။ ဒါက လူမသိ သူမသိ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နယ်မြေသိမ်းတာပါ။ ပထမအဆင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သိမ်းယူလို့ မရရင်တော့ ဒုတိယအဆင့်အနေနဲ့ ဘူးသီးတောင် မောင်းတောလို့ ဌာနေတိုင်းရင်းသားတွေ မနေနိုင်အောင် လှုံ့ဆော်ကြ၊ အကြမ်းဖက်ကြပါတယ်။ ထိုင်းတောင်ပိုင်းကို ခွဲထွက်ခွင့်တောင်းကြပါတယ်။ IS လို ပြောင်ပြောင်တင်းတင်း နယ်မြေလုကြပါတယ်။ ပထမ၊ ဒုတိယအဆင့်တွေ အောင်မြင်လို့ နယ်မြေရလိုက်တာနဲ့ တတိယအဆင့်အဖြစ် မူလအိမ်ရှင် ဘာသတာရားတွေကို ဖိနှိပ်ပြီး အစ္စလာမ်ဘာသာရေးအခြေခံ ရှရီယာဥပဒေ ကို ပြဋ္ဌာန်းကြပါတော့တယ်။ တိုင်းရင်းသားတွေကိုလည်း သူတို့ဘာသာအတွင်း အတင်းအဓမ္မ သွတ်သွင်းကြ ပါတယ်။ ဒါက အစ္စလာမ်ဘာသာဝင်တွေဟာ မိန်းမတွေယူနိုင်သမျှယူပြီး လူများများထွက်ဖို့ ကြိုးစားနေကြတာ ပါ။ ရှရီယာဥပဒေရဲ့ မြစ်ဖျားခံရာဟာ လူဦးရေတိုးပွားစေနိုင်တဲ့ မိန်းမတွေပဲလေ။ ဒါကြောင့်လည်း မိန်းကလေး တွေကို အသုံးချပြီး လူသူလက်နက် စုဆောင်းနေကြတာပေါ့။
ဒီလောက်ဆိုက်ရင်တော့ မြန်မာမလေးတစ်ယောက်ရဲ့ ဘဝတစ်ခုက မြန်မာနိုင်ငံရဲ့ ကံကြမ္မာ၊  ဗုဒ္ဓသာသနာ တော်ရဲ့ ကံကြမ္မာနဲ့ ဘယ်လောက်ထိ ဆက်စပ်နေသလဲဆိုတာ စာရှုသူ မြင်လောက်ပါပြီ။ ဘာသာခြားရဲ့ ခံတွင်းက မြန်မာမလေးရဲ့ဘဝကို ကယ်တင်လိုက်ခြင်းက သူမရဲ့ ကိုယ်ပိုင်ဘဝ၊ သူမရဲ့ ရပ်ရွာ နိုင်ငံ၊ သူမရဲ့ ဘာသာတရားကိုပါ ကယ်တင်ခြင်းပဲဆိုလျှင် ငြင်းပယ်ကြမည်မထင်ပါ။ ဒီအတွေးအမြင်ကြောင့်ပဲ ကယ်တင်ရှင် သူအတွက် ဂုဏ်ယူမိခြင်းပါ။
ယနေ့ စာရေးသူတို့ မြန်မာနိုင်ငံက ဘာသာခြားတွေဟာ ပထမအဆင့် ပုန်းလျှိုးကွယ်လျှိုး ကြံစည်ခဲ့ရာက ခုတော့ ပြောင်ပြောင်တင်းတင်း ဒုတိယအဆင့်နဲ့ ဇွတ်အတင်း လုယူနေကြပါပြီ။ မြန်မာမိန်းကလေးတစ်ဦး ပါသွားတာတောင်မှ သူတို့အတွက် များစွာ အကျိုးသက်ရောက်နိုင်တယ်ဆိုတာကို သဘောပေါက်ပြီး ဝိုင်းဝန်း ကာကွယ်ကြဖို့ လိုပါတယ်။ ဒီအခြေအနေတွေကို မထိန်းနိုင်လို့ ရှရီယာဥပဒေသာ မြန်မာနိုင်ငံကို ရောက်လာခဲ့ ရင် စာရေးသူတို့အားလုံး လူစင်စစ်က စက်ရုပ်ဘဝနဲ့ နွံနစ်ကြရတော့မှာပါ။ ဒါကြောင့် မြန်မာအမျိုးသမီးပျိုများက မိမိတို့ရဲ့ ဆန္ဒကို သိက္ခာနဲ့ထိန်းညှိပြီး မိမိဘဝ၊ မိမိရပ်ရွာ၊ မိမိရဲ့ ဘာသာ သာသနာကို ကာကွယ်ပေးသင့် ပါတယ်။
အမျိုး ဘာသာ သာသနာကို ချစ်သူတိုင်းကလည်း မြန်မာအမျိုးသမီးလေးများကို ဘာသာခြားများနဲ့ ရင်းနှီး ပေါင်းဖော်ခြင်းမရှိအောင် ဝိုင်းဝန်းတားဆီး ကာကွယ်ကြရပါမယ်။ အနေနီးရင် နိုဘယ်လ်ဆုရှင်ကြီးတောင် မှားတတ်တာမို့ ဒါက အရေးကြီးလှပါတယ်။ မလွှဲသာ မရှောင်သာ ဘာသာခြားလက်ပါသွားရင်လည်း စွန့်ပစ် မထားဘဲ ရသမျှ ပြန်လည်စည်းရုံးပြီး မျိုးဆက်သစ်တွေကိုလည်း ကယ်ထုတ်ကြရပါ့မယ်။ အသက်၊ အရှက်၊ အငတ် အန္တရာယ်တွေကို ဝိုင်းဝန်းကာကွယ်ပေးမယ့် မဘသ အဖွဲ့ကြီးလည်း ပေါ်ပေါက်နေပြီမို့ ဖေးကူမယ့် ဘေးလူ အပေါ်ကလည်း မိမိပတ်ဝန်းကျင်မှ စက်ရုပ်မလေးများရဲ့ ဘဝကို ရဲရဲဝံ့ဝံ့ ကယ်တင်ကြရင်း မိမိနိုင်ငံနဲ့ လူမျိုး ဘာသာတရားအပေါ် တာဝန်ကျေကြဖို့လိုကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
မိုးတိမ်(ရွှေကာ)
(အတွဲ(၂) အမှတ်(၁၈) သာသနာတော်နှစ် ၂၅၅၈၊ မြန်မာသက္ကရာဇ်-၁၃၇၆ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၅ ရက်၊ ခရစ်နှစ် ၂၀၁၅ခုနှစ်၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့ထုတ် သာကီသွေးဂျာနယ်မှ ကူးယူဖော်ပြသည်။)

Viewing all articles
Browse latest Browse all 2129

Trending Articles