Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“လားရှိုးသွား တောလား”

$
0
0
လောက်ကိုင်တိုက်ပွဲတွင် တိုင်းပြည်အတွက် အသက်နှင့် ခန္ဓာပေးဆက်လှူဒါန်း သွားကြသော
တပ်မတော်သားများ ပြည်သူများ စစ်ဘေးရှောင် ဒုက္ခ
သည်များအား မဘသ ဗဟို၏ ဦးဆောင်မှုဖြင့်အမျိုးသား
ရေးအင်အားစုများ ပြည်သူများ၏ လှူဒါန်းမှုစာရင်းနှင့်
မှတ်တမ်းမှတ်ရာ အနှစ်ချုပ်။
သုံးလပိုင်း သုံးရက်နေ့ည ၁၂ နာရီတွင် ဆရာ
တော်ဦးပါမောက္ခ မဘသဗဟို အဖွဲ့ဝင်ဆရာတော် 
အရှင်တေဇဝန္တ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ
ကိုစံလှ မြန်မာနိုင်ငံလုံးဆိုင်ရာ ဝံသာနုရက္ခိတ အဖွဲ့ဝင်
အစရှိသည့် သံဃာတော် နှစ်ပါး လူပုဂ္ဂိုလ်သုံးယောက်
တို့သည် မ/ဒဂုံ ၅၀ ကွေ့ မကွေးကျောင်းတိုက်မှ စတင်
ထွက်ခွာ၍ သုံးလပိုင်း လေးရက်နေ့ ညနေ ငါးနာရီတွင်
လားရှိုးမြို့ ရှမ်းမြောက် မဘသရုံးတည်ရှိရာ စိတ္တသုခ
ကျောင်းသို့ ရောက်ရှိကြပါသည်။
ပြည်နယ်မဘသ ဆရာတော် ဦးအင်္ကုရ နှင့်
မဘသ အဖွဲ့ဝင် ဒကာ/မ များက ဝမ်းမြောက်ဝမ်းသာ
ကြိုဆိုကြပါတယ် ခဏအနားယူပြီးနောက် အလှူငွေများ
လှူဒါန်းရန်အတွက် ရှမ်းမြောက် မဘသ အတွင်းရေးမှူး
ဆရာတော် နှင့် လှူဒါန်းရေး ကိုယ်စားအဖွဲ့ ဗဟိုဦးဆော
င် ဆရာတော် ဦးပါမောက် တို့ တိုင်ပင်ညှိနှိုင်းပြီးနောက်
ခွဲခြမ်းစိတ်ဖြာပြီး လှူဒါန်းရမည့် ဌာန လေးခုအတွက်
ပြင်ဆင်ရင်း ည ၂ နာထိုးလောက်မှ အိပ်ကြရပါတယ်။
ငါးရက်နေ့ နံနက် မိုးလင်းတော့ အရုဏ်ဆွမ်းစား
ပြီး လာရှိုးမြို့မ ရဲစခန်းမှာရောက်ရှိနေကြတဲ စစ်ဘေးရှောင်ဲ့လောက်ကိုင်ဒေသရဲတပ်ဖွဲ့ဝင်မိသားစုတွေကို ငါးရက်နေ့ နံနက် ၁၀ နာရီမှာစတင်လှူဒါန်းပါသည်။
လှူဒါန်းမှု -၁-
ရဲတပ်ဖွဲ့ မိသားစု ၃၇ စုရှိပြီးတစ်စုလျင်နှစ်သောင်းကျပ်
စုစုပေါင်း ခုနှစ်သိန်းလေးသောင်းကျပ် လှူဒါန်းခဲ့ပါသည်။
ရဲတပ်ရင်းမိသားစုများ၏ ၈ ၉ ၁၀ တန်းကျောင်းသား/သူ
များ စာကျက်နေတာတွေ့ရလို့ ဦးပါမောက်မှ သဒ္ဓါတရား
ဖြစ်လားပြီး ကလေး ၂၇ ဦးကို တစ်ယောက် ၁၀၀၀ကျပ်
သူ့ကိုယ်ပိုင်ငွေဖြင့် မုန့်ဖိုးပေးခဲ့ပါသေးသည်။
လှူဒါန်းမှု - ၂ -
နေ့ဆွမ်းစားပြီးနောက် နေ့လည် ၁ နာရီခွဲ
မှာတော့ လာရှိုးမြို့ တပ်မတော် ကုတင် ၁၀၀ ဆေးရုံ
တွင် ဒဏ်ရာရ စစ်သည် ၆၇ ဦး တစ်ဦးလျင် ငါးသောင်း
ကျပ် စုစုပေါင်း သုံးဆယ့်သုံးသိန်း ငါးသောင်းကျပ်လှူခဲ့
ပါသည်။
လှူဒါန်းမှု-၃-
ဆက်လက်၍ ဆေးရုံမှ ထွက်ခွာလာပြီးနောက် အမှတ်
၅၂၂ ခြေမြန်တပ်ရင်း တိုက်ပွဲတွင် ကျဆုံးသွားသော
အရာရှိ စစ်သည် ၁၉ ဦး၏ မိသားစုဝင်များကို ညနေ ၃ နာရီ ခွဲတွင် တက်ဝန်းအတွင်းရှိ ဓမ္မာရုံ၌ မိသားစုတစ်
လျင် ငါးသောင်း စုစုပေါင်း ကိုးသိန်းငါးသောင်း လှူဒါန်း
ခဲ့ပါသည်။
လှူဒါန်းမှု-၄-
ညနေ ၄ နာရီခွဲတွင် မဘသရုံးရှိရာ စိတ္တသုခကျောင်းပြန်
ရောက်၍ အနားယူမည်ဟု လုပ်တုန်း လောက်ကိုင်ဘက်
မှထွက်ခွာလာသော နေရပ်ပြန် စစ်ရှောင်မိသားစု ခုနှစ်စု
ရောက်ရှိလာသည့်အတွက်ကြောင့် လမ်းစရိတ်အနေနဲ့
သုံးဦးအထက်မိသားစု လေးစု တစ်စုလျင် သုံးသောင်း
သုံးဦးအောက်မိသားစု နှစ်စုအတွက် နှစ်သောင်းးစီ
စုစုပေါင်း တစ်သိန်းခြောက်သောင်း လှူဒါန်းခဲ့ရပါသည်။
လှူဒါန်းမှု စုစုပေါင်း ငါးဆယ့်နှစ်သိန်းဖြစ်ပါသည်။
နတ်လှူ သာဓုခေါ်စေသောဝ်
ရွှေတိဂုံဘုရားတွင် အလှူခံရရှိသောငွေနှင့်အမျိုးသား
ရေးအင်အားစုများကို အလှူခံဖြတ်ပိုင်းများပေး၍ ရရှိ
သော စုစုပေါင်း အလှူငွေမှာ ငါးဆယ့်ခြောက်သိန်းဖြစ်ပါ
သည်။
ကျန်ရှိသည့်ငွေများကို ဆရာတော်ဦးပါမောက်မှ
နောက်တစ်ကြီမ်တိုက်ပွဲပြီးဆုံးသည့်အခါ လာရှိုးသို့
နောက်တစ်ခါ ထပ်မံ ၍ လှူဒါန်းသည့်အခါ ထည့်ဝင်လှူ
ဒါန်းသွားမည်ဖြစ်ကြောင်း မိန့်ကြားပါသည်။
ပြီးပါပြီ
လားရှိုးသွား
တောလား
















Viewing all articles
Browse latest Browse all 2129

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း