Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“သံတွဲ မ.ဘ.သ ဦးစီး၍ လောက်ကိုင်တပ်မတော်သားများအတွက် ငွေလှူဒါန်းပွဲကျင်းပ”

$
0
0
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်တာဝန်ဝမ်းဆောင်ရင်း ကျဆုံးခဲ့သော တပ်မတော်သားများနှင့် ဒဏ်ရာရရှိခဲ့သော တပ်မတော်သားများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ရခိုင်ပြည်နယ် သံတွဲမြို့၌ မတ်လ (၉)ရက်နေ့ မနက် 9:45 နာရီတွင် မြို့တော်ခန်းမမှာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အလှူငွေပေးအပ်ပွဲကို သံတွဲမြို့နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ) အဖွဲ့က ဦးစီးကျင်းပခြင်းဖြစ်ပြီး မဘသ ဆရာတော်သံဃာတော်များ၊ သံတွဲမြို့နယ်၊ သံတွဲခရိုင်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
အလှူရှင်အသီးသီး၏ ပေးအပ်လှူဒါန်းငွေကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းအေးက လက်ခံရယူခဲ့သော စုစုပေါင်း အလှူငွေမှာ(၁၁၂)သိန်းကျပ်ဖြစ်ကြောင်း သိရသည်။
လှူဒါန်းမှုအစုစုတွင် သံတွဲ မဘသ အဖွဲ့မှ(၃၇)သိန်း
သံတွဲမြို့ဒေသခံကုမ္ပဏီများမှ (၁၀)သိန်း
အမေ့ဇင်းဟော်တယ်မှ (၄၅)သိန်း
ငပလီဟော်တယ်လုပ်ငန်းရှင်များမှ (၁၀)သိန်းတို့ ပါဝင်ပြီး ကျန်ငွေများမှာ ရပ်ကွက်-ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ စုပေါင်းလှူဒါန်းကြခြင်း ဖြစ်ကြောင်း သိရသည်။

ရဲရဲနီ(သဟာယ)






















Viewing all articles
Browse latest Browse all 2129

Trending Articles