Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)သဘောထားကြေညာချက်”

$
0
0
“အမျိုးသားပညာရေးဦးဆောင်လှုပ်ရှားမှုကော်မတီသပိတ်စစ်ကြောင်းများသို့ မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ၏ သဘောထားကြေညာချက်”
နေ့စွဲ။   ။ တပေါင်းလဆန်း(၁၃)ရက်(၂.၃.၂၀၁၅) တနင်္လာနေ့
စာအမှတ်။       ။ ၃၁/မ.မ.ရ.သ/၂၀၁၅
၁။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ဦးဆောင်၍ အမျိုးသားပညာရေးဦးဆောင်လှုပ်ရှား လျှက်ရှိသော ကျောင်းသား/ကျောင်းသူများ၏ ဇွဲ လုံ့လနှင့် အနစ်နာခံမှုများကို မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂမှ ချီးကျူးထောက်ခံအားပေးလိုက်သည်။
၂။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့မှ ခေါင်းဆောင်များနှင့် NNER ကိုယ်စားလှယ်များသည် (၂၈.၂.၂၀၁၅) ရက်နေ့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မကွေးကျောင်းတိုက်၌ အမျိုးသားပညာရေးဥပဒေ၌ ပါဝင်သည့် ဥပဒေကြမ်းများကို ရဟန်းရှင်လူ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်မေးမြန်းဖြေရှင်းခဲ့ ပါသည်။
၃။ ထိုသို့ဆွေးနွေးမေးမြန်းကြရာတွင် ရဟန်းရှင်လူ ပြည်သူများအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကြီး၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ ပြည်တွင်းငြိမ်းချမ်း ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသားအကျိုးစီးပွားအလို့ငှာ ရှေ့ရှု၍ အမျိုးသားပညာရေးဥပဒေတွင် ပါရှိသည့် အခန်းကဏ္ဍအသီးသီး၏ ပုဒ်မအချို့ကို ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။ ကျောင်းသားကိုယ်စားလှယ် များနှင့် NNER အဖွဲ့များမှလည်း သူတို့သိသလောက် လေ့လာမိသလောက်သာ ပြန်လည်ဖြေရှင်းပေးခဲ့ပါသည်။ နှစ်ဦးနှစ်ဖက် သဘောထားပြေလည်မှုမရရှိခဲ့ပါ။
၎။ အမျိုးသားပညာရေးဦးဆောင်လှုပ်ရှားမှုကော်မတီ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများနှင့် NNER အမျိုးသားပညာရေးဦးဆောင်ကော်မတီဝင်များဘက်မှလည်း ရဟန်းရှင်လူပြည်သူများ၏ ပြောကြားချက် အကြံပြုချက်များကို လေးစားလိုက်နာ၍ ပြင်သင့်သည့်ပုဒ်မများကိုပြင်၍ ဖျက်သင့်သည့်ပုဒ်မများကို ဖျက်ပေးဖို့ နှင့် အစားထိုးပြောင်းလဲရမည့် ပုဒ်မများကို အစားထိုးပြောင်းလည်းပေးစေချင်ပါသည်။ ရဟန်းရှင်လူ ကျောင်းသားပြည်သူဆိုတာ တိုင်းပြည်၏ အမျိုးသား အကျိုးစီးပွားကို လိုလားကြသူများဖြစ်သည့်အတွက် အားလုံးစည်းစည်းလုံးလုံးနှင့် တိုင်တိုင်ပင်ပင် ပြုလုပ်ဆောင်ရွက်၍ အမျိုးသားပညာရေးဥပဒေကြီးကို အကောင်အထည်ဖော်ဆောင်ရွက်ကြပါလို့ မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါသည်။
၅။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအနေဖြင့်လည်း ၂၈.၂.၂၀၁၅ ရက်နေ့ကပြောကြားသွားသလို ကျောင်းသား/ကျောင်းသူများအားလုံး၏ စာမေးပွဲများပြီးဆုံးသွားမှ သပိတ်စစ်ကြောင်းများကို ပြန်လည်လှုပ် ရှားမည်ဟုပြောသွားသည့်အတွက်လည်း ကျေးဇူးတင်ပါသည်။ နိုင်ငံတော်သမ္မတကြီးနှင့် လွှတ်တော်အသီးသီးမှ ဥက္ကဋ္ဌကြီးများ နာယကကြီးများနှင့် လွှတ်တော်အမတ်များအားလုံး ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဌာန၊ ဝန်ကြီးများအနေဖြင့် သပိတ်စစ်ကြောင်းများကို အကြမ်းဖက်ဖြိုခွင်းမည်ဆိုသည့် လုပ်ရပ်မျိုးမလုပ်ကြရန် လည်း မေတ္တာရပ်ခံတောင်းဆိုလိုက်ပါသည်။ အမျိုးသားပညာရေး ဥပဒေဖော်ဆောင်ရေးအဖွဲ့နှင့် အစိုးရအဖွဲ့တို့ တိုင်ပင်ညှိနှိုင်း၍ ရလဒ်ကောင်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း ပြည်တွင်းရှိ အသိပညာရှင်အတတ်ပညာရှင်များကိုပါ ဖိတ်ခေးဆောင်ရွက်စေလိုပါကြောင်း မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂမှ သဘောထားကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်သည်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)
ဥက္ကဋ္ဌ-ဦးဉာဏဓမ္မ

အတွင်းရေးမှူး-ဦးသုစိတ္တ

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...