ဆရာတော်အရှင်ဣန္ဒာစက္ကာဘိဝံသနှင့် တွေ့ဆုံခြင်း
မိုးအောင်လင်းနိုင် တွေ့ဆုံမေးမြန်းသည်။
မြန်မာတစ်နိုင်ငံလုံးမှာ သန်းနဲ့ချီတဲ့ မျိုးချစ်ပြည်သူတွေ မျှော်လင့်တောင့်တနေကြတဲ့ အမျိုးစောင့်ဥပဒေ အမြန်ဆုံးပေါ်ပေါက်လာရေးအတွက် လှုပ်ရှားတောင်းဆိုနေတဲ့နေရာမှာ မဘသ(ဗဟို)ရဲ့ ကြိုးစားဆောင်ရွက်မှု တွေဟာ အသက်ဝင်အရေးပါလှသလို အထက်မြန်မာပြည် မန္တလေး မဘသဆိုတာလည်း အမျိုးသားရေး ကိစ္စတွေနဲ့ပတ်သက်လာရင် ပြည်သူလူထုအပေါ်ကို အမြဲတမ်းတာဝန်ကျေချင်တဲ့ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အဘက်ဘက်က အင်အားချိနဲ့တဲ့ အနင်းခံ ဗုဒ္ဓဘာသာဝင် ပြည်သူတွေနဲ့ ဘာသာခြားတွေဖြစ်ပျက်တဲ့ ပြဿနာအရှုပ်အထွေးတွေကို ရင်ဆိုင်ဖြေရှင်းပေးတဲ့နေရာမှာ မန္တလေး မဘသ အဖွဲ့ရဲ့ စွမ်းဆောင်မှုတွေက အပြည့်အဝ အားကိုးယုံကြည်လောက်စရာတွေ တွေ့ခဲ့တယ်လို့ အများပြည်သူ တွေကြားမှာ ကောင်းသတင်းအသံတွေ ကြားရတတ်ပါတယ်။ ဒါကြောင့် မန္တလေး မဘသအဖွဲ့ရဲ့ အမျိုးသားရေး ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုနဲ့ ရပ်တည်ချက် ယုံကြည်ချက်တွေကို သိရှိနိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့ အစည်းရဲ့ ဦးဆောင်ပဲ့ကိုင်ရှင်တစ်ပါးလို့ ဆိုရမယ့် ဆရာတော် ဣန္ဒာစက္ကာဘိဝံသကို တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ပါတယ်။ ဆရာတော်ရဲ့အသံဟာ အထက်မြန်မာပြည် မန္တလေးမဘသရဲ့အသံလို့လည်း ဆိုနိုင်တာ ကြောင့် ဦးဣန္ဒာစက္ကာဘိဝံသရဲ့ သဘောထားမှတ်ချက်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
မေး-အမျိုးသားရေးကိစ္စကို ကိုယ့်ပါတီနိုင်ငံရေးနဲ့ လူ့အခွင့်အရေးလောက် အရေးမကြီးဘူးလို့ ထင်မြင်နေသူတွေ ကြားမှာ ခိုးဝင်ဘင်္ဂါလီအရေးကစလို့ ဝှိုက်ကတ်ပြဿနာအဆုံး အမျိုးသားရေးကို ထိပါးစော်ကားလာမှုတွေ အများကြီးရှိခဲ့ပါတယ်ဘုရား။ ဒီလို အမျိုးသားရေးဆိုင်ရာ အရေးကိစ္စတွေ အားလုံးနဲ့ပတ်သက်ပြီး အရှင်ဘုရား တို့ အထက်မြန်မာပြည် မန္တလေးမဘသရဲ့ ရပ်တည်ချက်သဘောထားကို သိပါရစေ။
ဖြေ-အမျိုးသားရေးနဲ့ပတ်သက်လာရင် အထက်မြန်မာပြည် မဘသရဲ့ ရပ်တည်ချက်ကတော့ ကိုယ့်အမျိုး ဘာသာ သာသနာကို အန္တရာယ်ပြုလာနိုင်တဲ့ အရာမှန်သမျှကို ဖြစ်နိုင်တဲ့နည်းနဲ့ ကာကွယ်သွားရမှာပဲ။ ထိန်းသိမ်းစောင့်ရှောက်သွားရမှာပါပဲ။ အမျိုးသားရေးနဲ့ ပတ်သက်လာရင် လုံးဝ အလျှော့မပေးနိုင်ပါဘူး။ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာနဲ့ ပတ်သက်လာရင် အမြဲတမ်း ကိုယ့်ဘက်ကနေပဲ ရပ်တည်ပေးသွား မှာပါ။
တကယ်တမ်းကျတော့ ဘင်္ဂါလီပဲဖြစ်ဖြစ် ရိုဟင်ဂျာလို့ပဲပြောပြော ဒါတွေဟာ တို့နိုင်ငံနဲ့ ဘာမှ မပတ်သက်ပါဘူး။ မှန်တာပြောရရင် သူတို့တွေဟာ ခိုးဝင်လာတဲ့ သူခိုးတွေပေါ့။ ကိုယ့်နိုင်ငံသားတွေရဲ့ အခွင့်အရေးအတွက်ကို တော့ စဉ်းစားမပေးဘဲ ခိုးဝင်လာတဲ့လူတွေအတွက် အရေရးအခင်းကို ဦးဆောင်တောင်းဆိုပေးနေတဲ့ ပုဂ္ဂိုလ် တွေလည်းရှိတယ်ဆိုတော့ ဒီပုဂ္ဂိုလ်တွေဟာ မြန်မာလူမျိုးမှ ဟုတ်ပါလေစလို့လည်း တွေးမိတယ်။
မေး-တပည့်တော်တို့ ဗုဒ္ဓဘာသာ မြန်မာတွေရဲ့ အားနည်းချက်က အဖွဲ့အစည်းနဲ့ အလုပ်သိပ်မလုပ်တတ်ကြဘူး လို့ ကြားနေရပါတယ်ဘုရား။ ဒီလိုဆိုတော့ အရှင်ဘုရားတို့ မန္တလေး မဘသမှာရော အဖွဲ့အစည်းနဲ့ အလုပ်လုပ် တဲ့အခါ မကျေလည်မှုလေးတွေ ရှိတတ်ပါသလားဘုရား။
ဖြေ-တစ်ခုခု ဆုံးဖြတ်မယ်ဆိုတိုင်း အဖွဲ့အစည်းနဲ့ တိုင်ပင်လိုက်တယ်။ တစ်ခါတလေတော့ တစ်ဦးနဲ့တစ်ဦး သဘောထားအမြင်မတူတာလေးတွေ ရှိတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ အမြင်မတူတူ ငြင်းကြ ခုန်ကြပါစေ နောက်ဆုံးပိတ်ရည်ရွယ်ချက်ကတော့ တူတာပါပဲ။ ဦးဇင်းတို့ မန္တလေး မဘသအဖွဲ့က တစ်ဦးနဲ့တစ်ဦး ပွင့်ပွင့် လင်းလင်းဆွေးနွေးတယ်၊ ငြင်းခုန်တယ် ဒီလိုဆွေးနွေးတာကို အကြောင်းပြုပြီး ပြဿနာဖြစ်တာ လုံးဝ မရှိပါဘူး။ ကိစ္စတစ်ခုကို ကွယ်ရာမှာပြောရင် ဘောင်မဝင်ဘူးလို့ သဘောထားပြီး အဖွဲ့အစည်းနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဆုံးဖြတ်တာပါ။
မေး- တစ်ခါတစ်ရံ အခြေအနေကိစ္စတစ်ခုအပေါ်မှာ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု သဘောထားမတိုက်ဆိုင်တာ မျိုးတွေ ရှိခဲ့မယ်ဆိုရင်ရောဘုရား။
ဖြေ-ဦးဇင်းတို့ အထက်မြန်မာပြည် မဘသအနေနဲ့ကတော့ ကိုယ်နဲ့စိတ်သဘောထားချင်း တိုက်ဆိုင်တဲ့သူတွေ နဲ့ ပူးပေါင်းပြီး အမျိုးသားရေးကိစ္စတွေအတွက် တိုက်ပွဲဝင်သွားမယ်လို့ ပြောရမှာပေါ့။ ဥပမာအနေနဲ့ ပြောရမယ် ဆိုရင် ရှမ်းမြောက် လားရှိုးက ဦးအကုင်္ရတို့နဲ့ဆိုရင် ဦးဇင်းတို့နဲ့ ကိစ္စအားလုံးလိုလို သဘောထားတိုက်ဆိုင်ပါ တယ်။ သူတို့က ဦးဇင်းတို့နဲ့ ဆန္ဒသဘောထားတူလို့သာ အဝေးကြီးကနေ ဦးဇင်းတို့ မန္တလေးမှာလုပ်တဲ့ ကိစ္စတွေကို လာပြီးပူးပေါင်းကြတာလေ။
မေး-တစ်ခါတလေကျတော့လည်း အဖွဲ့အစည်းနဲ့ လုပ်ရပ်တာဆိုတော့ တချို့တလေကိစ္စတွေမှာ ထိန်းထိန်း သိမ်းသိမ်း လုပ်ရတာရှိတယ်လို့လည်း ပြောကြတယ်ဘုရား။ အဲဒီစကားနဲ့ပတ်သက်ပြီးရော အရှင်ဘုရားရဲ့ အမြင်လေး။
ဖြေ-နေရာတကာမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်သွားရမယ်ဆိုတဲ့စကားနဲ့တော့ ဒီအတိုင်းခံနေလို့ မရပါဘူး။ ဦးဇင်းတို့အဖွဲ့ရဲ့ နာမည်ကိုက အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ပါ။ ကိုယ့်ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဘက်က ခံနေရတဲ့ကိစ္စတွေကလည်း အများကြီးပါ။ ဒီအတွက် တို့ကတော့ အမျိုးသားရေးနဲ့ ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေအားလုံး လုပ်ကိုင်သွားမှာပဲ။
မေး-လောလောဆယ်အနေအထားအရ မဘသရဲ့ အဓိကရည်ရွယ်ချက်က အမျိုးစောင့်ဥပဒေ အမြန်ဆုံး ပေါ်ပေါက်လာဖို့ပဲလို့ ဆိုကြပါတယ်။ ဒီအတွက် တခြားကိစ္စတွေမှာ အင်တိုက်အားတိုက်ကြီး လိုက်ပါမဆောင် ရွက်နိုင်သေးဘူးဆိုတဲ့ အမြင်တချို့လည်း ရှိပါတယ်ဘုရား။ ဥပမာပြောရရင် ဗုဒ္ဓဘာသာဝင်တွေ ဘာသာခြားနဲ့ တက်တဲ့ ပြဿနာမျိုးတွေမှာ ကိစ္စတိုင်း လိုက်မဖြေရှင်းပေးနိုင်သေးဘူးဆိုတာမျိုးပေါ့ဘုရား။ ဒီတော့ အဲဒီလိုကိစ္စ တွေကရော အရေးမကြီးဘူးလို့ အရှင်ဘုရား ထင်ပါသလားဘုရား။
ဖြေ-အရေးမကြီးပဲလားဗျာ၊ ကြီးတာပေါ့။ အရေးကြီးလို့မို့လည်း ဦးဇင်းတို့ အထက်မြန်မာပြည် မဘသက ဗုဒ္ဓဘာသာဝင်တွေကို ဘာသာခြားတွေက စော်ကားမော်ကားလုပ်၊ အနိုင်ကျင့်တဲ့ ပြဿနာတွေ အရေးတယူ လိုက်လံဖြေရှင်းပေးနေတာပေါ့၊ ဒီပြဿနာတွေကို လိုက်ဖြေရှင်းပေးဖို့လည်း ရံပုံငွေထားရှိတယ်။
မှန်တာပြောရရင် ဦးဇင်းတို့၊ ဦးဝီရသူတို့က ကိစ္စတိုင်းကို ရုံးတွေဂတ်တွေလိုက်ပြီး ဖြေရှင်းမပေးနိုင်တာမျိုး ရှိပါတယ်၊ အဲဒီအတွက် ငယ်တဲ့ကိုယ်တော်လေးတွေကို တာဝန်ပေးပြီး ဆောင်ရွက်ခိုင်းရတာပေါ့။ ဦးဇင်းတို့ ဆီမှာ အမှုတွေ လက်ခံတဲ့ဘုန်းကြီးရှိတယ်။ ရုံးအဖွဲ့မှူးခန့်ပြီးတော့ လိုက်ပေးသင့်တဲ့အမှုလို့ပြောရင် ဦးဇင်းတို့က ငွေအား လူအားနဲ့ လိုက်ပါဆောင်ရွက်ပေးဖို့ ဆုံးဖြတ်တယ်။ ဒါမှလည်း ကိုယ့်အမျိုး ကိုယ့်ဘာသာကို တကယ်ကာကွယ်စောင့်ရှောက်တယ်လို့ ပြောရမှာလေဗျာ။
မေး-ဘာသာခြားနဲ့ ပြဿနာတက်လို့ အမှုလိုက်ပေးတဲ့အခါ တစ်ဖက်က ငွေကိုပုံအောသုံးပြီး ကိုယ့်ဘက်က ရံပုံငွေ မတောင့်တင်းလို့ နောက်ဆုံးကျရင် အမှုရှုံးတာပဲဆိုတဲ့ အတွေးမျိုးလည်း ရှိနေတယ် အရှင်ဘုရား။ အဲဒီအတွက်ရော အရှင်ဘုရား ဘာထပ်ပြောချင်ပါသလဲ။
ဖြေ-ဦးဇင်းတို့အနေနဲ့ကတော့ ဒီလိုအမှိုကိစ္စတွေအတွက် ငွေကြေးအနေနဲ့လည်း သုံးစွဲနိုင်တဲ့ပမာဏအရ သုံးစွဲ ပေးတယ်။ အင်အားကောင်းအောင်လည်း သံဃာတော်တွေက နောက်ကနေလိုက်ပါပံ့ပိုးပေးတယ်။ အမျိုးစောင့် ဥပဒေ ပေါ်မလာခင် ဒီကြားထဲမှာ တို့ဗုဒ္ဓဘာသာဝင်တွေ ခါးစည်းခံနေရတဲ့ပြဿနာတွေက အများကြီးပဲ။ သူတို့ ပြောသလိုဆိုရင် ဒီကြားထဲ ဖြစ်ပျက်သမျှကိစ္စတွေအားလုံး တို့ဗုဒ္ဓဘာသာဝင်တွေ ခံထားဦး။ အမျိုးစောင့်ဥပဒေ ပေါ်ပြီးမှ အဲဒါတွေ ဆက်လုပ်မယ်ဆိုရင် ဘယ်ဖြစ်မလဲ၊ မဘသအဖွဲ့ ဖွဲ့ထားပြီး ကိုယ့်ဗုဒ္ဓဘာသာဝင်တွေရဲ့ အရေးမှာ ဝင်ရပ်မပေးရင် မဘသဆိုတာ အသံသာပါပြီး အဆံမပါတဲ့ သင်္ကြန်အမြောက်အဖွဲ့အစည်းကြီး ဖြစ်နေမှာပေါ့။
မေး-မှန်ပါ့အရှင်ဘုရား။ ဆက်ပြီး မိန့်ပါဦးဘုရား။
ဖြေ-ဦးဇင်းတို့ မန္တလေး မဘသကတော့ ဘာသာခြားနဲ့ပြဿနာတက်ပြီး ကိုယ့်ဗုဒ္ဓဘာသာဝင်ဘက်က ရပ်တည်သင့်တယ်ဆိုတဲ့ကိစ္စတိုင်းကို သေချာသုံးသပ်ဆုံးဖြတ်ပြီး အမှုပေါင်းများစွာကို ကူညီဖြေရှင်းပေးတယ်။ ဦးဇင်းမြင်မိသလောက် ရန်ကုန်မှာဆိုရင်တော့ တကယ့်ရပ်ကွက်ထဲက လက်တွေ့ဘဝတွေထဲကို ကွင်းဆင်းပြီး မတရားလုပ်ခံရတဲ့ ဗုဒ္ဓဘာသာဝင်တွေဘက် နဖူးတွေ့ ဒူးတွေ့ဝင်ရပ်ဖြေရှင်းပေးတာ ဆရာတော်ဦးပါမောက္ခပဲ ရှိတယ်။ ဦးပါမောက္ခရဲ့ လုပ်ရပ်တွေကို အမြဲတမ်းလည်းအားပေးပြီး သာဓုခေါ်နေပါတယ်။ ရံပုံငွေဆိုတာက လည်း တစ်ဦးတစ်ယောက်တည်း မတတ်နိုင်ဘူးဆိုရင် အများပေါင်းပြီး နိုင်သလောက် ထည့်ဝင်ကြမယ်ဆိုရင် ရနိုင်တာပဲ။ တစ်ယောက်အားနဲ့ ယူသော်မရ တစ်သောင်းအားနဲ့ယူသော်ရ၏ဆိုတဲ့ စကားလည်းရှိတယ်လေ။
မေး-အရှင်ဘုရားအနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ မဘသအဖွဲ့အစည်းတွေက ဆရာတော်တွေကို အကြံပေး လျှောက်ထားလိုတာလေးများရှိမယ်ဆိုရင်…..။
ဖြေ-အမျိုးသားရေးနဲ့ပတ်သက်လာရင် ကိုယ့်ရဲ့ဆွမ်းဒကာ ဒကာမတွေကို ကူညီရမယ့်တာဝန် ဦးဇင်းတို့ သံဃာ အားလုံးမှာ ရှိပါတယ်။ အမျိုးစောင့်ဥပဒေ အမြန်ပေါ်ပေါက်လာရေး အရေးကြီးသလို ဒီကနေ့အချိန်အခါ လက်တွေ့ဘဝမှာ ဘာသာခြားတွေရဲ့ မတရားအနိုင်ကျင့်မှုတွေကို ခံနေရတဲ့ ဗုဒ္ဓဘာသာဝင်တွေဘက်က ရပ်တည်ကူညီပေးဖို့ကိစ္စဟာလည်း အရေးကြီးပါတယ်။ ဦးဇင်းပြောချင်တာက ရုံးတွေ ဂတ်တွေသွားပြီး တရားသူကြီးတွေကို ခြိမ်းခြောက်ရမယ်၊ ဟောက်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တရားဥပဒေနည်းလမ်း အတိုင်း ဝန်းရံပြီး ကူညီပေးနိုင်ဖို့ ပြောချင်တာပါ။ ဒါဟာ ဦးဇင်းတို့အထက်မြန်မာပြည် မဘသအဖွဲ့ရဲ့ ရပ်တည်ချက်ပါပဲ။
(တိုင်းပြု ပြည်ပြု သာသနာပြု အောင်ဇေယျတုဂျာနယ်မှ ကူးယူဖော်ပြသည်။)