Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမိမြေမှသားကောင်းများ (၄) (နိဂုံး)”

$
0
0
ပြင်ဦးလွင်စစ်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ တပ်မတော်သားက(၂၈)ယောက် ရှိပါတယ်။
စစ်သားမိသားစုဝင် အရပ်သားက နှစ်ယောက်ပါ။
ခမရ ၅၂၂ က တပ်ရင်းမှူးအပါအဝင် ၂၃ ဦး။
အခြားတပ်များမှ ၅ ဦးဖြစ်ပါတယ်။
၁၆။ ဒုတပ်ကြပ်-ကိုဖြိုး
အသက် ၂၅ နှစ်
ခမရ ၅၂၂
ရန်ကုန်ဇာတိ။
ကုန်းကြမ်းအထွက်မှာ ခြုံခိုတိုက်ခိုက်ခံရ။ လက်ကိုလက်ပစ်ဗုံးထိမှန်။ ရင်ဘက်ကို စနိုက်ပါနှင့် ချိန်ပစ်ခံရ။
၁၇။ တပ်သား-တင်အောင်ဟိန်း
၂၄ နှစ်။
ခမရ ၅၂၂
နေပြည်တော် လယ်ဝေးဇာတိ။
သားမယားရှိ။
ညှပ်ရိုးကျိုး၊ လက်မှာ ဒဏ်ရာရ။
၁၈။ အမည်နှင့် အဆင့်မသိရ။
အသက် ၂၂ နှစ်။
မိတ္ထီလာဇာတိ။
ခမရ ၅၂၂။
စစ်ထဲဝင်တာ လေးလသာရှိသေး။
အခြေခံသင်တန်းသာ တက်ရသေး။
ပေါင်သုံးချက်။
ဘယ်ဘက်လက်မောင်းနှင့် ညာဘက်ရင်ဘတ် ဗုံးဆံမှန်။
၁၉။ တပ်ကြပ်ကြီး-အောင်မြင့်
၄၆ နှစ်။
စစ်သက် ၂၆ နှစ်။
မင်္ဂလာဒုံ
ခမရ ၃၁၃။
လားရှိုးအလွန်မှာ ကြက်ခြေနီယာဉ်တန်းကို လုံခြုံရေးယူလိုက်လာရင်း ကားပေါ်မှာ ကျည်သင့်
ဦးခေါင်းထိမှန် ဦးနောက်ဖောက်သွား။
သားသမီးနှစ်ယောက်ရှိ။
ဇနီးနှင့်အမေလာရောက်ပြုစု။
အရေးပေါ် ကုသဆောင်မှာထား။
လုံးဝ သတိမရ။
အထူးစိုးရိမ်ရ။
တပ်ကြပ်ကြီးအောင်မြင့်ဇနီးကို တရားနှင့်ဖြေနိုင်အောင် ကြိုးစားဖို့ တိုက်တွန်းပြီး နောက်တစ်ခန်းကို ပြောင်းခဲ့ပါတယ်။
ဒီအခန်းမှ လူနာများကတော့ ဒဏ်ရာမပြင်းထန်ကြပါဘူး။ နားကြပ်လေးတွေနှင့် သီချင်းနားထောင်သူကထောင် နေရာမှာမရှိတဲ့သူက မရှိ။ အားပေးစကားလောက်ပဲပြောပြီး ပြန်လာခဲ့ပါတယ်။
(သူတို့တတွေဟာ အားလို့ ယားခဲ့ကြသူတွေလည်းမဟုတ်၊
မူးလို့ ရူးခဲ့ကြသူတွေလည်းမဟုတ်၊
မိုက်လို့ တိုက်ခဲ့ကြသူတွေလည်းမဟုတ်၊
အမိမြေကို ခုခံကာကွယ်ရင်း
သွေးစက်တွေနဲ့ ပေးဆပ်ခဲ့ကြတဲ့
အမိမြေမှ သားကောင်းများပဲ ဖြစ်ပါတယ်။)
ဒဏ်ရာရတပ်မတော်သားအားလုံးကို အားပေးစကားပြောကြားခဲ့ပါတယ်။ ဘုရားတရားမြဲဖို့လည်း တိုက်တွန်း ခဲ့ပါတယ်။ သူတို့တတွေအားလုံး သေမင်းနှင့်နီးနီးကပ်ကပ်နေကြရသူတွေဖြစ်တာကြောင့် ဘုရား တရား မြဲကြ တာကို တွေ့ရပါတယ်။
ကြမ်းတမ်းစွာ ဖြတ်သန်းနေရလို့ စိတ်ကြမ်း ကိုယ်ကြမ်းကြီးတွေပဲ ဖြစ်လိမ့်မယ်လို့ ထင်မြင်ခဲ့ရတဲ့ စစ်သားကြီး တွေက ဘုရား တရားမြဲပြီး ဘုရား တရားမြဲမယ်ထင်ရတဲ့ နိုင်ငံရေးသမားတွေက ဘုန်းကြီးတွေကို ဆဲနေကြ တာတွေ့ရတော့ ဘယ်လိုကြီးလဲဟလို့ကို အောက်မေ့မိတော့တာပါ။
အားမငယ်နဲ့။
ပြည်သူတွေအားလုံး ရဲဘော်တို့ဘက်မှာရှိတယ်။
ဂုဏ်ယူလိုက်စမ်းပါ။
ပြည်သူ့အတွက် ပေးဆပ်တာ မွတ်မြတ်ပါတယ်။
ဒီစကားလေးခွန်းပြောပြီး ဒဏ်ရာရသူတိုင်းကို အားပေးခင်ခဲ့တာပါ။ ဒါပေမဲ့ ပြောမထွက်ခဲ့ပါဘူး။ အသံက တိမ်တိမ်သွားတယ်။ အံကြိတ်ထားပေမယ့် မျက်ရည်တွေက ဝဲဝဲလာတယ်။
ဒါကြောင့် အချို့ တစ်ခွန်းလောက်ပဲပြောနိုင်တယ်။
အချို့ကိုတော့ နှစ်ခွန်းလောက်ပြောနိုင်လိုက်တယ်။
လေးခွန်းမပြောနဲ့ သုံးခွန်းတောင် ပြည့်အောင် မပြောနိုင်ခဲ့။
သြော်…..ဝီရသူက ခေါင်းသာမာတာ အသဲက မမာဘူးဆိုတာ အခုမှပဲ သတိထားမိသွားတော့တယ်။
ခေါင်းမာသလောက် အသဲပျော့တဲ့ ဝီရသူပါဗျာ။
(18.2.2015 ပြင်ဦးလွင် စစ်ဆေးရုံ အတွေ့အကြုံသာဖြစ်ပါသည်။ တပ်ကြပ်ကြီးအောင်မြင့် တိုင်းပြည်အတွက် အသက်စွန့်သွားကြောင်း သိရပါသည်။)
ဝီရသူ(မစိုးရိမ်)
22.2.2015
PM 11:40










Viewing all articles
Browse latest Browse all 2129

Trending Articles