18.2.2015 ည 8:00 ပြင်ဦးလွင်၊ စစ်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ တပ်မတော်သားများအား မန္တလေး မဘသအဖွဲ့မှ သွားရောက်လှူဒါန်း အားပေးခဲ့ပါတယ်။
အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဦးကုသလ၊ ဒုတိယအတွင်းရေးမှူးချုပ်ဆရာတော် ဦးပညာသာမိ အမှူး ပြုသော ဆရာတော်သံဃာတော်များ၊ မဘသဦးဆောင် အမျိုးသားများ၊ ဗဟိုဦးဆောင်ဆရာတော် မောင်းတီး ဦးသဒ္ဓမ္မနှင့် အလှူရှင်များ သွားရောက်ခဲ့ကြတာပါ။
တပ်မတော်သား ၂၈ ဦး၊ အရပ်သား ၂ဦး၊ စုစုပေါင်း ၃၀ ဦးအတွက် မန်း မဘသအဖွဲ့က သိန်း(၂၀)ကျပ်၊ ဦးဝီရသူက(၁၀)သိန်းကျပ်၊ စုစုပေါင်း သိန်း(၃၀)ကျပ်ကို လူနာတစ်ဦးလျှင် (၁)သိန်းကျပ်စီ လှူဒါန်းနိုင်ခဲ့ပါတယ်။
သူတို့တတွေဟာ
အားလို့ ယားခဲ့ကြသူတွေလည်းမဟုတ်
မူးလို့ ရူးခဲ့ကြသူတွေလည်းမဟုတ်
မိုက်လို့ တိုက်ခဲ့ကြသူတွေလည်းမဟုတ်
နိုင်ငံတော်အချုပ်အခြာ အာဏာအတွက်
ခုခံကာကွယ်ရင်း ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပေးဆပ်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။