Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ရွှေဆံတော်ဘုရားရင်ပြင်၌ ကျင်းပအပ်သော အမျိုး ဘာသာ သာသနာစောင့် ရှောက်ရေး(မဘသ)အဖွဲ့၏ သဘောထားထုတ်ပြန်ချက်”

$
0
0
၁။ ရခိုင်ပြည်နယ်မှ စတင်၍ဖြစ်ပေါ်ခဲ့သော လူမျိုးရေး၊ ဘာသာရေးအခြေခံ အဓိကရုဏ်းများကို တရားသဖြင့် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ခြင်းငှာ သံတွဲမြို့နယ်၏ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ကို ဗဟို၏ လမ်းညွှန်မှု မူဝါဒနှင့်အညီ ဂိုဏ်းပေါင်းစုံ သံဃာတော်များ၏ သဘောတူဆန္ဒအတိုင်း ဖွဲ့စည်း ခဲ့ကြပါသည်။
၂။ ယခုနှစ် သံတွဲမြို့နယ်၏ မဘသ ဂိုဏ်းပေါင်းစုံ နှစ်ပတ်လည် သံဃာ့ညီလာခံကြီးတွင် ဗဟိုဆရာတော်၊ ပြည်နယ်ဆရာတော်၊ မြို့နယ်ဆရာတော် စုံညီဆရာတော်(၁၇၀)ပါးနှင့် လူပုဂ္ဂိုလ်(၂၇၆) ဦး တက်ရောက်ကြ သည့်အပြင် နောက်ခံ စေတနာရှင် ဒကာ/ဒကာမများမှ စည်းလုံးညီညွတ်စွာပါဝင်၍ ဆွမ်းခြောက်လောင်းလှူမှု ဖြင့် ကုသိုလ်တော်များ ရယူကြသည်ကို တွေ့ရသဖြင့် ဝမ်းမြောက်ဂုဏ်ယူမှုဖြစ်ကြရပါသည်။
၃။ သံတွဲမြို့နယ်သည် ရခိုင်ပြည်နယ်၏ တောင်ဘက်ခြမ်း မြို့နယ်များတွင် အမျိုး ဘာသာ သာသနာအတွက် စိုးရိမ်ရသည့် လူမျိုးရေး ဒီရေလှိုင်းများ နေ့စဉ်တိုက်ခတ်နေသဖြင့် သံတွဲမြို့နယ်အတွင်း နေထိုင်ကြရသည့် ရဟန်းရှင်လူအားလုံးမှာ အချိန်နှင့်အမျှ သတိမလစ်၊ ဂုဏ်မရစ်ဘဲ အမျိုးဘာသာ သာသနာအတွက်ကို ဘဝပေးတာဝန် တစ်ရပ်အဖြစ် ထမ်းဆောင်ကြရမည်ဖြစ်ပေသည်။
၎။ ညီညွတ်မှုသည် အင်အားဆိုဘိသကဲ့သို့ အချင်းချင်းစည်းလုံးမှု၊ ခွင့်လွှတ်မှုတို့ဖြင့် ညီညွတ်မှုကို တည်ဆောက်ကာ ရယူမှုမပါ၊ ပေးဆပ်မှုသက်သက်ဖြင့်သာ အမျိုးဘာသာ သာသနာတော်၏ စောင့်ရှောက်မှုကို လိုအပ်သည့် ကဏ္ဍအသီးသီးတို့တွင် လိုအပ်သလိုပါဝင်၍ ကိုယ်ပိုင်အသိဖြင့် ဆောင်ရွက်ကြရမည်မှာ သံတွဲမြို့ နယ်အတွက် အလိုအပ်ဆုံးသော အရာပင်ဖြစ်သည်။
၅။ သံတွဲမြို့နယ် မဘသအဖွဲ့သည် ဗဟိုနှင့်တစ်ပြေးညီ ဆောင်ရွက်နေသော အဖွဲ့ဖြစ်သဖြင့် ဗဟိုအဖွဲ့မှ ထုတ်ပြန်ထားသော မူဝါဒနှင့်အညီ ယာယီသက်သေခံလက်မှတ်(ဝှိုက်ကဒ်)ကိုင်ဆောင်ထားသူများအား ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲအတွက် မဲပေးခွင့် ကန့်ကွက်သည့်အဆိုကို သံတွဲမြို့နယ် မဘသအဖွဲ့မှ အကြွင်းမရှိထောက်ခံသည်။ ရခိုင်ပြည်နယ် အတွင်း ရဲဝံ့ပြတ်သားစွာ လူထုဆန္ဒထုတ်ဖော်နေမှုကိုလည်း လှိုက်လှဲစွာကြိုဆိုသည်။
၆။ ယာယီသက်သေခံလက်မှတ်(ဝှိုက်ကဒ်)ကိုင်ဆောင်ထားသူများအနေဖြင့် မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးကြောင်းနှင့် မေလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ အပ်နှံပေးကြရန်ကြေငြာသည့် ၁၁-၂-၂၀၁၅ ရက်စွဲပါ သမ္မတကြီး၏ ကြော်ငြာချက်ကို ကြိုဆိုသည်။ (ဝှိုက်ကဒ်)ကိုင်ဆောင်သူများနှင့် ပါတ်သက်၍ မည်သည့်ပုံစံမျိုးနှင့်မျှ နောက်နောင် မဲပေးခွင့် မပြုနိုင်ရေးကို ဆက်လက်တောင်းဆိုသည်။
၇။ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသတွင် ဘိန်းစိုက်ပျိုးမှုကို အကြောင်းပြုကာ ကိုယ်ကျိုးအတွက် မြန်မာ့တပ်မတော်အား ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခိုက်နေသော တိုင်းရင်းသားအမည်ခံ ဖုန်းကျားရှင်နှင့် တောတွင်းလက်နက်ကိုင်အဖွဲ့အား သံတွဲမြို့နယ် မဘသ အဖွဲ့မှ ပြင်းထန်စွာ ရှုံ့ချသည်။ တိုက်ပွဲဖြစ်ပွားသည့် အချိန်မှစ၍ ယနေ့အထိတိုင် အိုးအိမ်စွန့်ခွါထွက်ပြေးနေကြသူများနှင့်အတူ ဒဏ်ရာဒဏ်ချက်များ ရရှိပြီး အသက်နဲ့ ခန္ဓာကို စတေးခဲ့ကြရသူ မြန်မာ့တပ်မတော်သားများနှင့် တိုင်းရင်းသား ဒုက္ခသည်အပေါင်းတို့အား မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း သံတွဲမြို့နယ် မဘသအဖွဲ့မှ မှတ်တမ်းတင်အပ်ပါသည်။
ဘဒ္ဒန္တန္ဒာစာရ
ဗဟိုဦးဆောင်ဆရာတော်
ပုလဲရတနာစာသင်တိုက်
သံတွဲမြို့။
ဘဒ္ဒန္တကလျာဏ
ပြည်နယ်ဒု-ဥက္ကဋ္ဌဆရာတော်
မဟာဗောဓိစာသင်တိုက်
သံတွဲမြို့။
ဘဒ္ဒန္တတေဇိန္တ
မြို့နယ် မဘသ ဥက္ကဋ္ဌဆရာတော်
သိမ်ကုန်းစာသင်တိုက်

သံတွဲမြို့။














Viewing all articles
Browse latest Browse all 2129

Trending Articles