14.2.2015 ည 8:00 နာရီ၊ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ မြင့်မြတ်ပါရမီ ကျန်းမာရေး နှင့် လူမှုကူညီရေးအသင်းကြီး(၂)နှစ်ပြည့် အထိမ်းအမှတ် အထူးဓမ္မသဘင်။
ဇာတိမြေဓမ္မသဘင်မှာ ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ်ရာပြည့်ပွဲ၊ အောင်ပွဲတစ်ရပ်အနေနဲ့ ငြိမ်းချမ်းရေးနှင့် ပါရမီ အကြောင်း ဟောကြားခဲ့ပါတယ်။
“သွေးစက်ချ၍ လမ်းပြမည်တရားတော်”
ဘုရားအလောင်းမျောက်မင်း
ဗိုလ်ချုပ်အောင်ဆန်း
မဟတ္တမဂန္ဒီ
မာတင်လူသာကင်း
သမ္မတကြီးလင်ကွန်း
ဘနာဇီယာဘူတို
မိုဟာမက်ဟာရီရီ
ပါရမီရှင်တွေ သွေးစက်ချပြီး လမ်းပြခဲ့ပုံတွေ ဟောကြားခဲ့တာပါ။
ခွင့်လွှတ်သည်းခံနိုင်ခြင်းသည် ဘုရားလောင်းတို့၏ပါရမီ
ပါရမီနိုင်ငံတော်တည်ဆောက်ဖို့ ခွင့်လွှတ်သည်းခံနိုင်ကြစို့
စွန့်လွှတ်အနစ်နာခံခြင်းသည် ဘုရားလောင်းတို့၏ပါရမီ
ပါရမီနိုင်ငံတည်ဆောက်ဖို့ စွန့်လွှတ်အနစ်နာခံကြစို့။